ဆောင်းပါး

ဖြိုချရုံမှတပါးအခြားမရှိ

ဖြိုချရုံမှတပါးအခြားမရှိ

ရဲဘော်တေဇော (ဆောင်းပါး)

ဩဂုတ် ၃ ရက်

မနေ့က မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ အိမ်စောင့်အစိုးရ ဖွဲ့စည်းလိုက်တယ်။ အမည်ခံ အိမ်စောင့်အစိုးရ ဖွဲ့ပြီး အာဏာလု စစ်ကောင်စီက လူတွေနဲ့ အစားထိုးထားတာဘဲ။ မင်းအောင်လှိုင်က ဝန်ကြီးချုပ် ရာထူးယူထားတယ်။ သူတို့အကာအကွယ်ယူထားတဲ့ စာအုပ်စိမ်း (သို့မဟုတ်)၂၀၀၈အခြေခံ ဥပ‌ဒေ စာအုပ်ကို ကန်ထုတ်ပြီး ဖွဲ့စည်းလိုက်တာဖြစ်တယ်။

တကယ်တော့ အိမ်စောင့်အစိုးရ ဆိုတာ မြန်မာ့သမိုင်းမှာ မစိမ်းဘူး။ ဖဆပလခေတ်မှာ ဗိုလ်နေဝင်း ခေါင်းဆောင် တဲ့ အိမ်စောင့်အစိုးရ ခေတ်(၁၉၅၈ – ၁၉၆၀)၊ ဗိုလ်‌နေဝင်းနဲ့ စစ်ဗိုလ်‌တွေ ခေါင်းဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေး ကောင်စီ အိမ်စောင့် အစိုးရခေတ် (၁၉၆၂ – ၁၉၇၄)ခေတ်ဆိုပြီး ရှိခဲ့တယ်။ အိမ်စောင့်အစိုးရဆို ပြီး သမာသမတ်ကျ မည်ဟုမထင်ပါနှင့်။ ထိုအစိုးရများ လက်ထက်တွင် ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး သမား များအား ဖမ်းဆီးမှူအမြောက်အမြား ရှိခဲ့သည်ကို သမိုင်းက သက်သေပြနေ၏။

အိမ်စောင့်အစိုးရကို စစ်အုပ်စုကဖွဲ့လိုက်တာ နိုင်ငံရေးအရ ပြင်ဆင်မှူဘဲ။ နိုင်ငံတကာရဲ့ဖိအားပေးမှူကို အာဏာ သိမ်း စစ်ကောင်စီဟာ မခံနိုင်တော့လို့ အရေခွံလဲလိုက်တာသာဖြစ်တယ်။ အရေခွံလဲလိုက်ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှူကို လိုချင်တာဘဲ။ ဘီလူးရုပ်ကနေ လူရုပ်အသွင်ပြောင်းထားတာ ထက်မပိုဘူး။ လာမယ့် စက်တင်ဘာမှာ လုပ်မယ့် UN အထွေထွေညီလာခံမှာ တရားဝင်မှူရအောင် လဲလိုက်တဲ့အရေခွံဖြစ်တယ်ဆိုတာ‌ မေ့လို့မရဘူး။

စစ်အုပ်စုရဲ့ အိမ်စောင့်အစိုးရကို ထောက်ခံပေးနိုင်တဲ့ သူတွေက ကွန်မြူနစ်အရေခြုံ တရုတ်နဲ့ ရုရှား၊ အိန္ဒိယနဲ့ အာဆီယံ နိုင်ငံတွေ ဖြစ်တယ်။ တရုတ်၊ ရုရှားနဲ့ အိန္ဒိယက စစ်အုပ်စုဆီကနေ အကျိုးအမြတ် များများရလို့ ထောက်ခံတာဘဲ။ အာဆီယံနိုင်ငံတွေကတော့ တဦးနဲ့တဦး ဘောလီဘော် ပုတ်နေကြတယ်။ အ‌ထက်မှာ‌ ဖော်ပြထားတဲ့ နိုင်ငံ‌တွေဟာမြန်မာပြည်သူတွေအပေါ်‌ ဂုတ်သွေးစုပ် အမြတ်ထုတ်တဲ့ နိုင်ငံတွေ ဖြစ်တယ်။

မင်းအောင်လှိုင် နဲ့ စစ်အုပ်စုဟာအာဏာကို အဆုံးရှူံးခံမှာ မဟုတ်ဘူး။ အဆုံးထိမိုက်ဖို့ ပြင်ဆင်ပြီးသား ဖြစ်တယ်။ လူထုဟာ စီးပွား‌ရေး ကျပ်တည်းမှူနဲ့ ကိုဗစ်ကြောင့် တော်လှန်ရေးကို အာရုံမစိုက်နိုင်တာ တွေ့ရတယ်။ စစ်အုပ်စုရဲ့ အာရုံလွှဲမှူ  အောက်မှာ မြောနေတယ်။ ဒီအတိုင်းဆက်ဖြစ်မယ်ဆိုရင် နောက်မျိုးဆက်တွေပါ အကြီးအကျယ် ဒုက္ခရောက်မှာ ဖြစ်တယ်။ အကောင်ကြီးကြီး တွေနဲ့ အဆက်အသွယ်ရှိမှ ဘဲစီးပွားရေး လုပ်လို့ရတဲ့ ဘဝ ထပ်မကြုံချင် တော့ဘူး။

လူထုအနေနဲ့ လုပ်ရမှာ က PDF တွေကို များများ လှူကြဖို့သာ ဖြစ်တယ်။ အင်တာနက်မှ အသေးစား လက်နက် လုပ်နည်းများအား လေ့လာပြီးလက်‌ တွေ့စမ်းသပ် လုပ်ဆောင်ခြင်းများလဲ ပြုလုပ်ရမည်။ အာဏာသိမ်း စစ်ကောင်စီ၏ လက်ပါးစေများ အားခုခံ တိုက်ခိုက်ရန် အတွက် လက်နက်အသေးစားများအား‌ ကိုယ်နှင့် မကွာ ဆောင်ထားဖို့ လိုအပ်သည်။

ခုရက်ထဲ နံမယ်ကြီး မော်ဒယ်တယောက်ရဲ့ live လွှင့်မှုမှာ ကြည့်ရှူ သူသိန်းနဲ့ ချီတာတွေ့ရတယ်။ ကြည့်ရှူတဲ့ လူတယောက်ချင်း စီက ၅၀၀ -၁၀၀၀ ကျပ်သာရရင် သိန်းပေါင်းများစွာ ရရှိမှာဘဲ။ ဒီငွေတွေနဲ့ သာဆို PDF တွေကို လက်နက်ကောင်းကောင်း တပ်ဆင်ပေးနိုင်မှာ ဖြစ်တယ်။ တူမီးနဲ့ တိုက်ပွဲဝင်နေတဲ့ PDF တပ်ဖွဲ့တွေကို စစ်ခွေးတွေဟာ လက်နက်အင်အားသာပေမယ့် မယှဉ်နိုင်ဘူး ဆိုတာ စစ်ခွေးတွေရဲ့ အကျအဆုံး ကိုကြည့်ရင် တွေ့ရတယ်။ တူမီးတွေကို မောင်းပြန်ရိုင်ဖယ်တွေ၊ RPG တွေ အဆင့်မြှင့်နိုင်ရင် စစ်ခွေး တပ်တွေ ပြုတ်ဖို့ အတော်လေး သေချာတာတော့ အမှန်ဘဲ။ PDF တွေလိုအပ်တဲ့ ဆံသုံးဆံ (ပိုက်ဆံ၊ စားဖို့ဆန်၊ ကျည်ဆန်) များများ ထောက်ပံ့နိုင်မှ စစ်ခွေးတွေကို ဖြိုဖျက်နိုင်မှာ ဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားဟာ “ပလ္လင်ပေါ်ဂုတ်ကြားတက်” နေတဲ့ အခြေအနေ ဖြစ်တယ်။ ပလ္လင်ပေါ် တက်နေတဲ့ဂုတ်ကြား (မင်းအောင်လှိုင်နဲ့စစ်အုပ်စု) ကိုဖြိုချရမှာ ဖြစ်တယ်။ ပလ္လင်ပေါ်က ဆင်းမှာ မဟုတ်တဲ့ ဂုတ်ကြားအုပ်စုကို နိုင်ငံရေး သ‌ဘောတရား အ‌ခြေခံရှိတဲ့ လက်နက်ကိုင် တော်လှန်ရေးနဲ့သာ ဖြိုချရုံမှတပါး အခြားမရှိဘူးလို့ ယူဆမိပါတယ်။

အရေးတော်ပုံအောင်ရမည်။

Es Lebe De Revolution

การปฏิวัติจงเจริญ

ရဲဘော်တေဇော (ဆောင်းပါး)

Related Articles

Back to top button