သတင်း

နေ့စဉ်သတင်း အကျဉ်း

#Federal_Journal

#Photo_Credit

နိုဝင်ဘာလ – ၂၄ – ၂၀၂၁

 

စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး လူထုလှုပ်ရှား မှုကို မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုကြောင့် ယနေ့ ​ နိုဝင်ဘာလ ၂၄ ရက်နေ့ အထိ နွေဦးတော်လှန် ရေးတွင် အသက် သေဆုံးသူ (၁၂၉၁) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူ (၁၀၄၅၂)ဦး ရှိပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် သိမ်းရှောင်နေရသူ ( ၁၉၅၄) ဦးအထိ ရှိခဲ့ပြီဖြစ် ကြောင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

  • ကချင်ပြည်နယ်၊ ဖားကန့်တွင် KIA ၊ PDF ၊ NUG ထောက်ခံပွဲ နှင့် အကြမ်း ဖက် စစ်အာဏာ ရှင် စနစ် အမြစ်ဖြတ်ချေမှုန်းရေး လူထု သပိတ်ကို နိုဝင်ဘာ လ ၂၄ ရက်နေ့ ယ​နေ့ ပြု လုပ်ကြသည်။ ဆန္ဒပြ ပြည်သူများက KIA နှင့် PDF တိုက်ပွဲတိုင်း မှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ ၊အကြမ်း ဖက်စစ်တပ် လုံးဝအုပ်ချုပ် ခွင့် မရစေရ ၊ ဖက်ဒရယ် တပ်မတော်ပေါ် ပေါက် ရေး ဒို့အရေး ၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ် ပေါက်ရေး ဒို့အရေးဟု ကြွေး ကြော်ဆန္ဒပြကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာအနှံ့ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ နိုဝင်ဘာလ ၂၄ ရက် ယနေ့တွင် တော်လှန်ကျောင်း သား ပြည်သူများသည် စစ်အာဏာရှင် ဖြုတ်ချရေး ၂၉၀ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် နိုဝင်ဘာ လ ၂၄ ရက်၊ ညနေ ၆ နာရီဝန်းကျင်က ဒေါပုံကျောင်း သား သမဂ္ဂအဖွဲ့ဝင်များ ဦးဆောင်ကာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုကို “နှစ် ၆၀ ကြာ ဖက်ဆစ်တပ် ၂၁ မှာအမြစ်ဖြတ်”ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည်။

 

  • ပုန်ကန်နေဆဲ ရန်ကုန်သူပုန် သပိတ်ကို စစ်အာဏာရှင်ကိုတော်လှန်နေသည့် လူငယ်များက နို၀င်ဘာ ၂၄ ရက်နေ့က ရန်ကုန်မြို့တစ်နေရာတွင်ပြုလုပ်ခဲ့သည်။
  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာ တော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်း ဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ်တော် လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော် လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းဟာ “ပညာရေးသပိတ်ဆက်မှောက်ကြ”စာသားကိုကိုင်ဆောင်ပြီး ဒီကနေ့ နို၀င်ဘာ(၂၄)ရက် ညနေပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဆက်လက်ချီတက်ခဲ့ကြပါတယ်။

 

  • မုံရွာတွင် လက်ပံတောင်းတောင်ဒေသ ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

 

  • ဆားလင်းကြီးမြို့နယ်တွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဒါ့အပြင် ဆားလင်းကြီးမြို့နယ် ကျေးရွာတစ်ရွာတွင်လည်း ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်အရှေ့ခြမ်းနှင့်ဆားလင်းကြီးမြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ၂၅၉ ရက်မြောက်နေ့အဖြစ် ‘ပြည်သူ့အာဏာ ပြည်သူပြန်သိမ်း’စာသား ကိုင်ဆွဲကာ ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်အရှေ့ခြမ်း ဘိန်းနွယ်ချောင်းရွာ၏ “ သွေးမအေးတဲ့ ရွှေနွယ်အေး” ညနေဆည်းဆာ သပိတ်စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာ ၂၄ ရက်တွင် စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။ ဘိန်းနွယ်ချောင်းရွာ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး ၂၂၉ ရက်မြောက်နေ့ သပိတ်လည်းဖြစ်သည်။

 

  • ယင်းမာပင်မြို့နယ် ကျေးစာကျရွာ သပိတ်စစ် ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင်တော် လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ် ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် ရေကြည်ပင်ရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ရွှေဘိုမြို့ ကျေးရွာတစ်ရွာတွင် ကျေးရွာလူထု စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြခြင်းကို နိုဝင် ဘာလ ၂၄ ရက် နံနက်ခင်းပိုင်းတွင် ပြုလုပ်ခဲ့သည်။

 

  • အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော မလဲသာကျောင်းသား/လူထု သပိတ်စစ်ကြောင်းသည် “ဒီမိုကရေစီကိုဈေးမဆစ်နဲ့ အကုန်ရရင်ရ မရရင်ဘာတခုမှမလိုချင်ဘူး” စာသားပါဘန်နာအား ကိုင်စွဲ၍ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

 

  • ယနေ့ နို၀င်ဘာ ၂၄ ရက် ညနေပိုင်း ၄ နာရီခန့်မှစ၍ ထန်တလန်မြို့ ဇုန်မွှန်ရပ်ကွက်နဲ့ ကျောင်းလမ်းရပ်ကွက်အကြားတွင် နေအိမ်များ မီး လောင်နေပါတယ်။ မီး‌လောင်သွားသည့် နေအိမ်အရေအတွက် အတည်ပြုလို့မရသေးပေ။

 

  • ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင် မိုင်းကိုင်မြို့ အထကကျောင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ အနည်းဆုံး ၉ ယောက်အထိရှိလာပြီဖြစ်ပေမဲ့ ကျောင်းဆက်ဖွင့်နေလို့ ကလေးတွေ ရောဂါ ကူးစက်မှာကို ကျောင်းသားမိဘတွေ စိုးရိမ်နေပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က အထက်တန်း ကျောင်း သူ ၁ ဦး နေမကောင်းလို့ ဆေးရုံသွားပြရာမှာ ကိုဗစ်-၁၉ ပိုးကူးစက်ထားတာ တွေ့ရှိခဲ့ပြီး သူနဲ့ထိတွေ့ခဲ့တဲ့ နီးစပ်သူတွေကို ဆက်လက်စစ်ဆေး ရာမှာ နောက်ထပ်ကူးစက်ခံရသူ ၈ ယောက်တွေ့ရှိခဲ့ပါတယ်။

 


 

  • မကွေးတိုင်း၊ ကျောမြို့မှတဆင့် ဂန့်ဂေါမြို့ဘက်သို့ ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာ လ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပုံညာတောင်ခြေရင်း၌ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF က မိုင်းခွဲကာ တူမီးသေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့်သေဆုံးကာ ဒဏ်ရာပြင်းထန်သူများရှိကြောင်း YDF က သတင်းထုတ်ပြန် သည်။

 

YDF တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ကြောင်းနှင့် နိုဝင်ဘာလ ၁၅ ရက်မှ စ၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် နေ့စဉ် တိုက်ပွဲများပြင်းထန်နေသောကြောင့် ပြည်သူများအနေဖြင့် တိုက်ပွဲအနီးဝန်းကျင်တွင် သွားလာခြင်းမပြုကြရန် YDF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

  • ထားဝယ်ခရိုင် ကံပေါက်ဒေသမှ အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင် သွားကြောင်းသိရသည်။ထိုအမျိုးသားနှစ်ဥဦးအား မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း ဒေသခံများက ပြောသည်။ အဖမ်းခံထားရသည့်အမျိုးသားနှစ်ဦးသည် ကံပေါက်ဒေသ လှည်းကုန်းရပ်ကွက်မှ ဦးအောင်စိုး နှင့် ဇာဒီကျေးရွာ အုပ်စု ခွေးမဖောရွာမှ ကိုသက်ဦးတို့ဖြစ်ကြောင်း သိရသည်။

 

  • ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာ တာဝန်ထမ်းနေကြတဲ့ဝန် ထမ်းတွေအနေနဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး CDM ပြုလုပ်ကြဖို့ ကန်ပက်လက်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ကန်ပက်လက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ Non-CDM ဝန်ထမ်းတွေကို နောက်ဆုံးအကြိမ်အဖြစ် CDM စာရင်းသွင်းခွင့်ပြုမယ်လို့ ဆိုပါတယ်။
  • ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ KNDF – B 01 တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဒေသခံတောင်သူများ၏ သီးနှံများကို တောင်သူများနှင့်အတူ ရိတ်သိမ်းကူခဲ့ကြသည့် မှတ်တမ်းပုံများအား နိုဝင်ဘာလ(၂၄)ရက်နေ့တွင် KNDF – B 01 က ဖော်ပြခဲ့သည်ကို တွေ့ရပါတယ်။

 

  • သံဖြူဇရပ် နှင့် ရေးမြို့ ကြားတွင် PDF နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားနေ ပြီး ရန်ကုန် – ထားဝယ် လမ်းရှိ ခရီးသွားကားများ ပိတ်ဆို့ရပ်တန့်နေရကြောင်းသိရသည်။

 

  • ရှမ်းပြည်နယ်၊ မန်ပြိန်းအရှေ့ဘက်ခြမ်းကနေ ကွတ်ခိုင်ဘက်ကို ခြေလျှင် စစ်ကြောင်းထိုးမယ့် အင်အား (၈၀) လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့မနက်ပိုင်းက TNPDF ပြောက် ကျား အဖွဲ့ က ကြားဖြတ်တိုက် ခိုက်ခဲ့လို့ စစ်ကောင်စီတပ် သား (၁၂) ဦးသေဆုံးခဲ့တယ်လို့ TNPDF က သတင်း ထုတ်ပြန်ပါတယ်။

Related Articles

Back to top button