ကဗျာ

ဒီကဗ်ာ တီဗီြႀကည့္မိရကစတာပဲ

တီဗွီဖန်သားပြင်ပေါ်က
ဖျော်ဖြေရေးတွေကို စိတ်လိုလက်ရခုံမင်တတ်ကြတဲ့
လူမှုအသိုင်းအဝိုင်းထဲမှာ
အတွေး/ ခံစားမှု/အမြင်ရှူထောင့်တွေအကုန်လုံးဟာ
ဒွိဟဒသမ သုညတွေလား။

ဒါဟာ
မေးခွန်းမဟုတ်ဘူး
ဒါဆို
မေးခွန်းထုတ်စရာလား

ကြပ်တည်းလိုက်တာ

လူဆိုတဲ့မွေးဖွားခြင်းက
ကြပ်တည်းခြင်းထဲမှာ
ကြပ်တည်းခြင်းအခြေအနေတွေကနေပေါက်ပွား
ကြပ်တည်းခြင်းနဲ့စနေရတာမို့
စကတည်းက ကိုယ်ကိုတိုင်စကြပ်တည်းတော့တာပဲ

၁၈၂၄ ကစပြီးစဉ်းစားရင်
သမိုင်းဟာဒီနေ့ထိကြပ်တည်းနေတယ်
၁၈၂၄ ကစပြီးစဉ်းစားရင်
ခေတ်တွေဟာဒီနေ့ထိကြပ်တည်းနေတယ်
၁၈၂၄ ကစပြီးစဉ်းစားရင်
တိုင်းရင်းသားအရေးဟာဒီနေ့ထိကြပ်တည်းနေတယ်
၁၈၂၄ ကစပြီးစဉ်းစားရင်
နိင်ငံသားဖြစ်မှုဟာဒီနေ့ထိကြပ်တည်းနေတယ်
ဒါဆို တဆင့်လျှော့ကြည့်မယ်

၁၈၈၆
ပါတော်မှုခန်းနဲ့ကြပ်တည်းခြင်း
အဲ့ဒီနောက်
၁၉၂၁
၁၉၃၈
၁၉၄၂
၁၉၄၅
၁၉၄၇
တော်လှန်ရေးနဲ့ကြပ်တည်းခြင်းများပါပဲ

ထူးခြားတဲ့ ၄၈
လွတ်လပ်ခြင်းအလင်းပွင့်
ပျော်ရွှင်ခြင်းအလျင်းသင့်ခဲ့ပါရဲ့

တကြော့ပြန်လာတဲ့ကြပ်တည်းခြင်းကတော့
အတိုးတက်လာသလိုတက်ခဲ့

၁၉၄၉
နိင်ငံရေးကတိသစ္စာပြိုကွဲကြပ်တည်းခြင်းအစ
၁၉၅၂
ပြည်တွင်းစစ်ကြပ်တည်းခြင်းတွေ
တစ်စတစ်စ စပြီးကြပ်တည်းပြစ်လိုက်တာ
၁၉၅၈
၁၉၆၂
၁၉၈၅
၁၉၈၇
၁၉၈၈
၁၉၉၀
ဘယ်လိုပဲပြန်တွေးတွေး
ဘယ်လိုပဲပြန်ကြည့်ကြည့်
ဘယ်လိုပဲပြန်အဖြေရှာရှာ
ကြပ်တည်းခြင်းများသာ

အမှန်တရားတွေပါပဲ
လုံးဝမချိုမြိန်ဘူး

၂၀၀၈ နဲ့
အဆင့်မြင့်လာတဲ့ကြပ်တည်းခြင်းတွေ

ကြည်နူးစရာလေးမြင်ရမလား
အဘိုးအဖွားတွေကစပြီးဖွေရှာမိပြန်တော့
အဖေအမေတွေကပြောလာတယ်
ငါတို့လည်း ဘဝကိုချောင်ချောင်ချိချိဖြစ်ဖို့ကြိုးစားရင်း
မင်းတို့ကိုမွေးဖွားဖြစ်ခဲ့တာတဲ့

တီဗွီဖန်သားပြင်ပေါ်က
ဖျော်ဖြေရေးတွေကို စိတ်လိုလက်ရခုံမင်တတ်ကြတဲ့
လူမှုအသိုင်းအဝိုင်းထဲမှာ
အတွေး/ ခံစားမှု/ အမြင်ရှုထောင့်တွေအကုန်လုံးဟာ
ဒွိဟဒသမ သုညတွေလား
ကြပ်တည်းလို့တွေးမိတဲ့ကိုယ့်အတွေးစနဲ့ကိုယ်
တည်ရှိနေလျက် ပျက်သုန်း
ရှင်သန်နေလျက်ပျောက်ဆုံးခဲ့တာပြန်တွေ့လိုက်ရတယ်။

စိတ်ညစ်နွမ်းအားကုန်ခြင်းလား
တော်လှန်ရေးခွန်အားဖြစ်စေမလား
နိင်ငံရေးလား ပညာရေးလား
မေးခွန်းတွေမဆုံးသေးခင်
မျိုးဆက်ပြတ်နေတဲ့နိင်ငံသားလေးဟာ
စနစ်တကျဖျက်ဆီးခံထားရမှုကလွန်မြောက်ဖို့
ဆယ်တန်းအောင်ပြီးစဂုဏ်ကလေးနဲ့
တီဗွီကြည့်နေတဲ့အကြောင်း
ကြီးကြီးကြယ်ကြယ်တွေထအော်တော့တာပဲ။

နိင်ငံတော်ကြီးကလည်း
စဉ်းစားမိတာနဲ့အမျှ ကြပ်နေတော့ပဲ။ ။

အေစိုင်းကေ
Chat Conversation End
Type a message…

[siteorigin_widget class=”SiteOrigin_Widget_Image_Widget”][/siteorigin_widget]

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button