တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသတင်း

ချင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး၏ စခန်းတစ်နေရာတွင် ကျင်းပ

#Photo_ Chinland Information Center

ဖက်ဒရယ်ဂျာနယ် ( မတ်လ – ၂၀ )

ယနေ့ မတ်လ (၂၀)ရက်နေ့တွင် ကျရောက်သည့် (၃၄) နှစ်ပြည့် Chin Revolution Day ချင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို ချင်းအမျိုးသားတပ်ဦး၏ စခန်းတစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုအခမ်းအအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ကိုယ်စားလှယ်များ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) မှကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စား လှယ်များနှင့် အခြားသော အဖွဲ့အစည်းသီးသီးမှ ခေါင်းဆောင်းများ  တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

စစ်အာဏာရှင်စနစ်ပပျောက်ရေး၊ ချင်းအမျိုးသားလွတ်မြောက်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ရေးတို့အတွက်  ချင်းအမျိုးသားတပ်ဦးကို ၁၉၈၈ ခုနှစ်၊ မတ်လ (၂၀) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး မတ်လ(၂၀)ရက်နေ့ကို ချင်းအမျိုးသား တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

Related Articles

Back to top button