ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယနေ့တွင် အစုအဖွဲ့ကိုယ်စားလှယ်များက တစ်ဦးလျှင် ၁၀ မိနစ်စီ သဘောထားအမြင်များ ဖတ်ကြားသွားမည်
.
ဝင်းဇော်နိုင်
နေပြည်တော် ၊ စက်တင်ဘာ ၁ ရက်။
.
ညီလာခံ ဒုတိယနေ့ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်ပြီး သဘာပတိ ပဒိုစောကွယ်ထူးဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
.
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁- ရာစု ) ပင်လုံ “ပထမ အစည်းအဝေး” ဒုတိယနေ့တွင် သဘာပတိအဖွဲ့ဝင်များအဖြစ် ပဒိုစောကွယ်ထူးဝင်း (ကရင်အမျိုးသားအစည်းအရုံး- kNU)၊ ဦးတင့်ဆွေ (နိုင်ငံတော်သမ္မတရုံး)၊ ဦးခွန်မောင်သောင်း (လွှတ်တော် ) ၊ ဗိုလ်ချုပ်နိုင်စိုးဦး (တပ်မတော်)၊ ဦးဥာဏ်ဝင်း (အမျိုးသားဒီ်မိုကရေစီအဖွဲ့ချု ပ်) တို့ဖြစ်ပြီး ၊ အကျိုးဆောင်များအဖြစ် ဒေါ်နန်ရော်၊ ဦးမြတ်ကို ၊ ဦးတင့်ဆွေ၊ တို့ဖြစ်ကြောင်း သိရသည်။
.
ဒုတိယနေ့ ညီလာခံ အဖွဲ့အစည်းအသီးသီးမှ သဘောထားအမြင်များ တင်ပြကြရာတွင် ဦးကျော်တင့်ဆွေ (အစိုးရအဖွဲ့)၊ ပဒိုစောတာဒိုမူး (ကရင်အမျိုးသားအစည်းအရုံး)၊ ဦးဝင်းထိန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် )၊ ဦးလဂျူန်းဆက်မိုင် (လွတ်တော်)၊ …. ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွှတ်မြောက်ရေးတပ် မတော်၊ ဦးမြင့်စိုး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ ဗိုလ်မှူးကြီး တင့်နိုင်အေး (တပ်မတော်)၊ ဒေါက်တာ တင်မျိုးဝင်း (အစိုးရ)၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (ချင်းအမျိုးသားတပ်ဦး)၊ စသည်တို့က နံနက်ပိုင်းတွင် တင်ပြခဲ့ကြသည်။
.
နေ့လည်ပိုင်းတွင် ဒုဗိုလ်မှူးကြီးသန့်ဇော် (တပ်မတော်)၊ ဒေါတ်တာ ဝင်းမြတ်အေး (အစိုးရ)၊ ရဲဘော် မြင့်ဟိန်း (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ် ဦး)၊ ဒေါ်နန့်သန်းသန်းလွင် (လွတ်တော်)၊ ဦးနိုင်ငံလင်း (အစိုးရ)၊ ဦးကျော်လှ (ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) ၊ ဦးမင်းဦး (လွတ်တော်) စသည်တို့က သဘောထားအမြင်များ တင်ပြကြမည်ဖြစ်သည်။