သတင်း

ယမန်နေ့ ဒီးမော့ဆို၊ ကျောက်ဆည်ကန်တိုက်ပွဲတွင် လွိုင်ကော် PDF တပ်ဖွဲ့ဝင်တစ်ဦး မောင်ပါစ္စကွားလယ် ကျဆုံး

ဓါတ်ပုံ – လွိုင်ကော် PDF တပ်ဖွဲ့ဝင်မျာ

ဖက်ဒရယ်ဂျာနယ် (စက်တင်ဘာ ၂၆)

 

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုပြည်နယ်၊ ကျောက်ဆည်ကန်ရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ဖြစ်ပွားသောတိုက်ပွဲများတွင် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်သား မောင်ပါစ္စကွားလယ် (ခ) ခိုးခို ကျဆုံးခဲ့ကြောင်း လွိုင်ကော် PDF မှ သတင်းထုတ်ပြန်သည်။

 

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာဘက်သို့ အင်အား အများအပြားဖြင့် ထိုးစစ် ဆင်လာသော အ ကြမ်းဖက်စစ်ကော်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များကြား ယနေ့ စက်တင် ဘာလ ၂၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှ ည ၇ နာရီထိ တိုက် ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံး ကြောင်း အတည်ပြုနိုင်ပြီး သေဆုံးသူအရေ အတွက်ပိုများနိုင်ကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သေးဆူးလဲ၊ ကုန်းသာကျေး ရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း KNDF ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့် ထိုးစစ်ဆင်လာမှုကို ကရင်နီတပ်မတော်၊ KNDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြောင်းနှင့် ကျဆုံးခဲ့သည့် လွိုင်ကော် PDF မှ ရဲဘော် မောင်ပါစ္စကွားလယ်အား သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေး ပြုကြောင်း ကရင်နီ အမျိုး သားကာကွယ်ရေးတပ်ဖွဲ့ထံမှ ယမန်နေ့က ထုတ်ပြန်ထားသည်။

Related Articles

Back to top button