တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                              (No. 52, July 19, 2022)

၁။ ဟုမ္မလင်းနှင့် ဖားကန့် မြို့နယ် ၂ ခု စပ်ကြား စစ်ကောင်စီနှင့် KIA တိုက်ပွဲပြင်းထန်နေ
18 July 2022
ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်သို့ စစ်ကူတက်လာသော စစ်ကောင်စီအဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား ယနေ့ည ၂ နာရီခွဲဝန်းကျင်တွင် ဟုမ္မလင်းနှင့် ဖားကန့်မြို့နယ် ၂ ခုစပ်ကြားတွင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံ သတင်းအရင်းအမြစ်မှ သိရသည်။ KIA တပ်မဟာ ၉ တပ်ရင်း ၂၆ နယ်မြေ တိုက်ပွဲဖြစ်ပွားနေသော ဆယ်ဇင်းကျေးရွာအနီး အေးချမ်းသာရွာဘက်သို့ တိုက်ခိုက်ရန် စစ်ကိုင်းဘက်မှ ရှမ်းနီ SNA တပ်သားများအပါ စစ်ကောင်စီတပ် ၂၀၀ ဝန်းကျင်ခန့် တက်လာသော စစ်ကြောင်းကို ဟုမ္မလင်းမြို့နယ် ရွှေတွင်းရွာနှင့် ရွှေပြည်မြင့် ကျေးရွာ ၂ ခုကြားရှိ မန်စိမ်းချောင်းအနီးတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆယ်ဇင်းဒေသခံ အမျိုးသားတစ်ဦး KNG သတင်းဌာနကို ပြောဆို သည်။ “စစ်ကိုင်းဘက်ကနေ တက်လာတဲ့အဖွဲ့တဲ့ မြို့နယ် ၂ခုစပ်ကြားမှာ တိုက်ပွဲစဖြစ်နေတယ်။ ဟိုဘက်ကနေ တက်လာ တဲ့ အဖွဲ့ကို KIA က ကြားဖြတ်စောင့်တိုက်တာ။ သူတို့က အခု တိုက်ပွဲဖြစ်နေတဲ့ နေရာဘက် စစ်ကူလာတာ။ ဖားကန့်မြို့နယ် ဘက်ထဲ ရောက်ဖို့အရမ်းနီးနေပြီ။ ၁၅ မိနစ်လောက်ဘဲ လိုတော့တယ်”ဟု ပြောဆိုသည်။

ဟုမ္မလင်းနှင့် ဖားကန့် စပ်ကြားတွင် KIA နှင့် တိုက်ပွဲဖြစ်ပွားနေသော အဖွဲ့သည် ယမန်နေ့ ၄ နာရီ ဝန်းကျင်ခန့်တွင် စစ်ကိုင်းဘက်မှတက်လာသော ရှမ်းနီ SNA တပ်သားများနှင့် စစ်ကောင်စီပူးပေါင်းတပ်တို့ ဖြစ်သည်။ လက်ရှိ ၃ ရက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားနေသော ဆယ်ဇင်းအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် KIA တို့ကြား ၂ ဖက်တပ် စောင့်ကြည့်ကာ စစ်ရေး တင်းမာလျက်ရှိနေပြီး ယနေ့နံနက်ပိုင်း ၉ နာရီ ဝန်းကျင်ခန့် တွင်လည်း စစ်ကောင်စီဘက်မှ ဂျက်လေယာဉ် တစ်စီးဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ ပြောဆိုချက်မှသိရသည်။ ထိုနေရာတွင် စစ်ကောင်စီဘက်မှ တစ်ရက်အတွင်း ၃ ကြိမ်ထက်မနည်း ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကျဲတိုက်ခိုက်မှုရှိခဲ့ပါသည်။ စစ်ကောင်စီဘက်မှ လေကြောင်လိုင်း အသုံး ပြုကာ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဆယ်ဇင်းကျေးရွာအနီးတဝိုက်တွင်ရှိသော ဒေသခံပြည်သူများတစ်ချို့လည်း ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါသည်။ https://burmese.kachinnews.com/ 2022/07/18/july18-yl2/

၂။ မောင်တောတွင် စစ်သားနှင့်ရဲများသေဆုံး၊ ရဲမှူးအပါအဝင် ၁၄ ဦး ဖမ်းဆီးခံရ၊လက်တုန့်ပြန်တိုက်ခိုက်ခြင်းဟု AA ပြော
July 18, 2022
ရခိုင်ပြည်နယ်၊ မောင်တောတွင် ဇူလိုင်လ ၁၈ ရက်နေ့ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွင် စစ်သားနှင့်ရဲများ သေဆုံးခဲ့ပြီး ရဲမှူးအပါအဝင် ၁၄ ဦး ဖမ်းဆီးလိုက်သော ဗီဒီယိုကို ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် လိုက်သည်။ အဆိုပါ ဗီဒီယိုတွင် ရဲ ၄ ဦးခန့် ရဲကားပေါ်တွင် သေဆုံးနေသည်ကို မြင်တွေ့ရပြီး ၁၄ ဦးခန့်မှာလည်း လက်နက်ချ အဖမ်းခံရသည်ကို မြင်တွေ့ရသည်။ ရခိုင်ပြည်နယ်၊ မောင်တောရှိ စစ်ကောင်စီတပ်ကို AA က ဇူလိုင် ၁၈ ရက်နေ့ တိုက်ခိုက်ရာ ရဲမှူး ၁ ဦး လက်နက်ချအညံ့ခံမှု အပါအဝင် ၁၄ ဦး ဖမ်းမိကြောင်း၊ လက်နက် ၂၆ လက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရ မိကြောင်း Arakan Princess Media ၏ သတင်းဖော်ပြချက်အရ သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုသည် ကရင်ပြည်နယ်ရှိ AA စခန်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုအပေါ် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။

ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် မောင်တောမြို့နယ်၊ ဆောင်ပညာရွာနှင့် စံကားပင်ရင်း (ရခိုင်)ရွာ အကြား တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မောင်တောမြို့နယ်၊ ဒုံးကုလားရွာနန့် ဝက်ကျိန်းရွာ အကြားတွင်တစ်ကြိမ် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းတပ်ကို AA က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ တိုက်ပွဲ တွင် လက်နက်ချ အညံ့ခံသော ရဲမှူးအပါအဝင် စစ်သုံ့ပန်း စုစုပေါင်း ၁၄ ဦး၊ ပစ္စတို ၂ လက်၊ လက်နက်ငယ် ၂၄ လက် အပါအဝင် လက်နက်ခဲယမ်းအများအပြား၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိထားသည်ဟု သိရှိရသည်။

၃။ မိုးဗြဲမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကြောင့် ဒေသခံတွေ ဒဏ်ရာရ
July 18, 2022
ကယားပြည်နယ် မိုးဗြဲမြို့ပေါ်က သန့်ရှင်းသောမယ်တော် ကက်သလစ်ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒီနေ့မနက်ပိုင်း ဒေသခံအနည်းဆုံး တစ်ဦး ဒဏ်ရာရ ရှိထားတယ်လို့ မိုးဗြဲကယ်ဆယ် ရေးအဖွဲ့ (Mobye Rescue Team) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်ဟာ ဇူလိုင်လ ၁၈ ရက် ဒီနေ့ မနက်အစော ၂ နာရီဝန်းကျင်က ဘုရားကျောင်းကို ရောက်လာခဲ့ပြီး အဲဒီမှာတပ်စွဲကာ လက်နက်ကြီး ပစ်နေတာလို့ မိုးဗြဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “ခရစ်ယာန်ဘုန်းကြီးနဲ့ တွေ့တော့ မနက်အစောကြီး ပြန်ထွက်မယ် ဆိုပြီးတော့ ပြောတယ်။ ညတုန်းက သူတို့ဝင်လာတော့ PDF တွေက တွေ့တယ်။ ပစ်ဖို့လုပ်နေချိန် ဘုန်းကြီးက တားလိုက် တယ်။ ဘုရားကျောင်း ပျက်မယ်။ မနက်ကျရင် စစ်ကောင်စီက သွားလိမ့်မယ် ဆိုပြီးမှ။ မနက်ရောက်တော့ မထွက် သွားဘူးဖြစ် နေတယ်။ လက်နက်ကြီးနဲ့ လျှောက်ထု နေတယ်” ဒီလိုပစ်ခတ်မှုကြောင့် မိုးဗြဲမြို့ပေါ်၊ စည်ကား ရပ်ကွက် (၁) မှာနေထိုင်တဲ့ ဒေသခံတစ်ဦး နေအိမ်မှာရှိနေချိန် လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ Mobye Rescue Team က ထုတ်ပြန်ထားပါတယ်။

ထိခိုက်ဒဏ်ရာရရှိထားတဲ့ အခြားဒေသခံတွေရဲ့ အခြေအနေ အသေးစိတ်ကို သိရဖို့ RFA က Mobye Rescue Team ထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ကယ်ဆယ်ရေး လုပ်ဆောင်နေရတဲ့ အခြေ အနေဖြစ်နေလို့ မေးမြန်းခွင့်မရခဲ့ပါဘူး။ RFA က အဆက်အသွယ်ရခဲ့တဲ့ အခြားမိုးဗြဲဒေသခံ တစ်ဦး ကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက် ကြီးကြောင့် နေအိမ် သုံးလုံး ခန့် ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။ မိုးဗြဲမြို့ ပေါ်မှာလည်း ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ကနေ ညနေပိုင်းအထိ နှစ်ဖက် တိုက်ပွဲဖြစ်နေတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက RFA ကို ပြောပြပါတယ်။ မိုးဗြဲမြို့ပေါ်မှာ နှစ်ဖက် စစ်ရေး အခြေအနေ ဆက်လက်တင်းမာနေပြီး လက်နက်ကြီး၊ လက်နက် ငယ်ကြောင့် ဒဏ်ရာရရှိတဲ့ ပြည်သူတွေအနေနဲ့ Mobye Rescue Team ကို ဆက်သွယ်ဖို့ ကြေညာ ထားသလို မိုးဗြဲ PDF ကလည်း မြို့တွင်းမသွားလာဘဲ ရှောင်ရှားကြဖို့ ထုတ်ပြန် ထားပါတယ်။ https://www.rfa.org/burmese/news/myanmar-military-attac k-in-mobye-07182022052 810.html

၄။ စစ်ကောင်စီဘက်မှ SSPP/SSA တပ်စခန်းဘက် စစ်အင်အား ဖြည့်တင်းနေ
July 18, 2022
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ် စခန်းနေရာအနီးသို့ စစ်ကောင်စီဘက်မှ စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ဇူလိုင်လဆန်း ပိုင်း မှ စတင်ကာ မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP/SSA တပ်စခန်းနေရာများ ဖြစ်ကြသည့် လွိုင်နိုင်း – မန်ဝိန်း ဘက်သို့ ညသန်းခေါင် လူနေခြေတိတ်ချိန်တွင် စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း မိုင်းရှူးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “စစ်ကောင်စီတွေအင်အားဖြည့်တာက ညသန်းခေါင် ည ၁၁ နာရီ ၁၂ နာရီ လောက်ဖြစ်ကြ တယ်၊ ပြီးခဲ့တဲ့ နှစ်ရက်ကစပြီး လွိုင်နိုင်း တောင်ကြောတစ်ဝိုက်မှာ ခြုံတောတွေထဲမှာ စစ်ကောင်စီတွေ ပုန်းထားတယ်၊ ကြည့် ရသလောက်ဆို ပစ်ခတ်မှုတော့ ဖြစ်မဲ့ပုံပါပဲ” ဟု အထက်ပါအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ မိုင်းရှူးမြို့ဝင် မြို့ထွက်စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်သားနှင့် ရဲတို့၏ စစ်ဆေး မေးမြန်းမှုများ အရင်ကထက် ပိုမိုတင်းကြပ်လာကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်လက်ပြောဆိုထား သည်။ “နမ့်ကတ်စစ်ဆေးရေးဂိတ် အဆိုးရွားဆုံးပဲ၊ ဘယ်ကလာလဲ ဘယ်သွား မှာလဲ ဆိုတာတွေမေးပြီး ရေးမှတ်ထားတယ်၊ စာသင်ကျောင်းတွေမှာလည်း စစ်သားအစောင့်တွေ အများကြီး ရှိတယ်၊ ၂ ရက်ခြား တစ်ကြိမ် ဒီလွိုင်နိုင်း-မန်ဝိန်း တောင်ကြော တစ်ဝိုက်ကို လေယာဥ်နှစ်စီးနဲ့ လာပြီး ပတ်ကြည့်တာ တစ်ပတ်ကျော်လောက် ရှိပြီ” ဟု ၎င်းက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် မိုင်းနောင်မြို့တွင် စစ်ကောင်စီခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် နှင့် SSPP/SSA ဒုတိယ ဥက္ကဌ -၂ ဗိုလ်ချုပ် ခွန်ဆိုင် တို့ ဆွေးနွေးခဲ့စဥ်တွင် SSPP တပ်စခန်းနေရာများကို ၇ ရက် အတွင်း ဆုတ်ခွာရန် စစ်ကောင်စီ ဘက်မှ ပြောဆိုခဲ့ ကြောင်း သတင်းသိရသည်။ ယင်းကိစ္စဖြစ်စဥ်များနှင့် ပတ်သက်ပြီး မိုင်းရှူးဒေသခံ လူငယ်များက တပ်စခန်းဆုတ်ပေးသည် ထက် စစ်ကောင်စီတို့မှ သျှမ်းပြည်သူ/ပြည်သားများ အပေါ် ဖိနှိပ်မှု များသည် နှစ်ပေါင်းများစွာ ရှိလာသည့်အတွက် ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဒေသကို ကာကွယ်ထားသင့်ကြောင်း အထက်ပါ အမျိုးသားက ပြောဆိုသုံးသပ်ထားသည်။ https://burme se.shannews.org/archi ves/ 29268

၅။ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအား အေအေက ထိန်းသိမ်းစစ်ဆေးနေ
18 July, 2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးလှရွှေအား ဇူလိုင် ၁၇ ရက်နေ့ ညနေ ၃ နာရီကျော်လောက် ရက္ခိုင်တပ်တော် (အေအေ) က စစ်ဆေးဖို့ ခေါ်ဆောင်သွား တယ်လို့ မိသားစုဝင်တွေက အတည် ပြုပြောကြားပါတယ်။ “ဟုတ်ပါတယ်။ ဖမ်းဆီးတာမဟုတ်ပါဘူး။ စစ်ဆေးစရာရှိလို့ ခေါ်သွားတာပါ။ အားလုံး ဖုန်းအဆက် အသွယ်တွေရပါတယ်။ စစ်ဆေးမေးမြန်မူတွေပြီးရင် ပြန်လွှတ်ပေးမယ်လို့ အေအေ ဘက်က ပြောဆိုထားတယ်” လို့ မိသားစုဝင် တဦးက ပြောပါတယ်။ ဦးလှရွှေမှာ ၂၀၂၀ ပြည့်နှစ်က ဘူးသီးတောင်မြို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး တာဝန်မှ ကော့သောင်းမြို့ကို ပြောင်းရွှေ့သွားခဲ့ ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး ပြည်ထဲ ရေးဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးအဖြစ် အသစ်တာဝန်ကျလာသူတဦးဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့ ပြီးနောက် စစ်တပ်က မြို့ပေါ်က အရပ်သား ၂၀ ထက်မနည်း ဖမ်းဆီးခဲ့ပြီး တချို့ကိုပြန်လွှတ်ပေးခဲ့ပေမဲ့ တချို့ကိုတော့ တရားစွဲ ထားကြောင်း ဒေသခံတွေက ပြောပါတယ်။ ဇွန် ၂၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်က ရဲတပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၁ ရက် နေ့က မြောက်ဦးမြို့မှ စရဖ တပ်ဖွဲ့ဝင် ၃ ဦး၊ ဇွန် ၂၂ ရက်နေ့က ရမ်းဗြဲမြို့မှ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဇွန် ၂၃ ရက်နေ့က စစ်ကောင်စီ တပ်သာ ၂ ဦးအား ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြပါတယ်။ အဆိုပါဖြစ်စဉ် တွေမှာလည်း စစ်ကောင်စီက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တို့မှ အရပ်သား ၄၅ ဦးထက်မနည်း ဖမ်းဆီးခဲ့ပြီး မြို့နယ်အသီးသီးက ရဲစခန်းတွေမှာအမှုဖွင့်ထားတယ်လို့သိရပါတယ်။ http://burmese.dvb.no/archives/5439

၆။ KIA တပ်စခန်း တိုက်ခိုက်ခံရမှုတွင် ၂ ဦးကျဆုံး၊ ၂ ဦးထိခိုက်ဒဏ်ရာရ
July 19,2022
တနိုင်း လီဒိုလမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၄ နယ်မြေအတွင်းရှိသော ချောင်းဆုံရွှေမှော်အနီး ကနွယ်သူမှော်တွင် အခြေစိုက်ထားသော KIA တပ်စခန်းကို ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် KIA ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ရှဒူးဇွပ်ဒေသခံများထံမှသိရသည်။ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်း ၄ နာရီဝန်းကျင် ခန့်တွင် ရှဒူးဇွပ် ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့် ဦးဆောင်သောအဖွဲ့သည် KIA စစ်သား ၇ဦးခန့်သာရှိသော ကနွယ်သူ KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့သောကြောင့် KIA ဘက်မှ ၂ ဦးကျဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ပြည်သူ့စစ်နှင့် နီးစပ်သည့် ရှဒူးဇွပ်ဒေသခံတစ်ဦး KNG သတင်းဌာနကို ပြောဆိုသည်။ “ပြည်သူ့စစ်အဖွဲ့တွေ သွားတိုက်ခဲ့တာမှန်ပါတယ်။ KIA တပ်စခန်းကို သွားတိုက်ဖို့ မနက်အစောကြီး ပြည်သူ့စစ်အဖွဲ့တွေ ကား ၂ စီးနဲ့ သူတို့ရဲ့ ပြည်သူ့စစ်စခန်းကနေ ထွက်သွားကြ တာဟုတ်တယ်။ KIA ဘက်က ၂ ယောက်ကျတယ်။ ၂ ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ အဲ့ဒီစခန်းက စစ်သား ၇ ယောက် လောက်ဘဲရှိတယ်လို့ကြားတယ်”ဟုပြောဆိုသည်။

ယခုလို ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့က KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ခြင်းသည် ရှဒူးဇွပ်ကျေးရွာအနီးရှိသော ရွှေ မှော်ဒေသများကို နယ်မြေစိုးမိုးရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သူကဆက်ဆိုထားသည်။ “ဒီမှာက မှော်ဒေသဖြစ် တဲ့အတွက် အာဏာပြကြတယ်လို့ဘဲမြင်တယ်။ ပြည်သူ့စစ်တွေကလည်း ဒီဒေသအားလုံးကို သူတို့ဘဲနယ်မြေစိုးမိုးချင်နေဟုတ် တယ်။ တဖက်မှာလည်း KIA ထိန်းချုပ် နယ်မြေလည်းဖြစ်နေတော့”ဟုပြောဆိုသည်။ ပြည်သူ့စစ်အဖွဲ့သည် ချောင်းဆုံ ရွှေမှော်တွင် တပ်ချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းကာ စစ်အင်အား ၅၀ ဝန်းကျင်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရှဒူးဇွပ်ကျေးရွာအနီးရှိသော ရွှေမှော်ဒေသအတွင် ပြည်သူ့စစ်အဖွဲ့မှ KIA တပ်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းသည် ပထမ ဆုံးအကြိမ်ဖြစ်ပါသည်။ ရှဒူးဇွပ်ပြည်သူ့စစ်အဖွဲ့သည် ပြီးခဲ့သော ဇွန်လအတွင်းမှ ရှဒူးဇွပ်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ယခင်ကထက် ပိုမိုလုပ်ဆောင်နေပြီး ရှဒူးဇွပ်၊ စံပြ၊ အောင်ရာ စသောကျေးရွာများမှ KIA တပ်ရင်း ၁၄ ဘက်သို့ သွားလာသည့် လမ်း ၄ ခုခန့်ကိုလည်း ဖြတ်တောက်ထားခြင်းဖြစ်ပါသည်။ https://burmese.kachinnews.com/2022/07/19/july19-yl1/

၇။ စစ်အုပ်စုနဲ့ လူမျိုးကြီးဝါဒကို အဆုံးတိုင်ဖြိုချမယ်လို့ KNU ပြော
July 16, 2022
မဟာလူမျိုးကြီးဝါဒနဲ့ အာဏာသိမ်းစစ်အုပ်စုကို အဆုံးတိုင်ဖြိုချဖျက်ဆီးသွားမယ်လို့ (၇၅) နှစ်ပြည့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) ထံ ဇူလိုင်လ ၁၆ ရက် ဒီနေ့ပေးပို့ တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောထားပါတယ်။ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ကို ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ဖွဲ့စည်း ခဲ့တာပါ။ အာဏာသိမ်းစစ်အုပ်စုနဲ့ လူမျိုးကြီးဝါဒ နှစ်ခုစလုံး ဟာ ကရင်လူမျိုးတွေအပြင် လူနည်းစုတွေရဲ့ မျှော်မှန်းချက်နဲ့ ပြည်သူတွေလိုလားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ဆန့်ကျင် တိုက်ခိုက်နေတယ်လို့လည်း ရေးသားထားပါတယ်။

ဒီသဝဏ်လွှာဟာ KNU ရဲ့ ရပ်တည်ချက်ကို ပြတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင် မုန်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။ “ထုတ်ပြန်တာကတော့ သူတို့ ရပ်တည်ချက်ကို ပြတာပေါ့၊ ဒေသခံတွေကတော့ မြေပြင် မှာ တော်တော်ဒုက္ခရောက်နေတယ်။ ပြည်သူတွေ ကတော့ စစ်သားတွေနဲ့ကို မတွေ့ရဲ ကြဘူး။ တွေ့တာနဲ့ ဖမ်းတယ်။ လူသားဒိုင်း လုပ်တယ်။ နှိပ်စက်တယ်။ အခုနောက်ပိုင်း စစ်သားတွေ ပိုဆိုးလာတယ်။ မတွေ့တာ အကောင်းဆုံးပဲ။ ရိုးရိုးသားသား အသက်မွေးတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးတယ်” လက်ရှိ ကျောက်ကြီးမြို့နဲ့ မုန်းမြို့နယ် ထဲက စစ်ဘေးဒုက္ခသည် ငါးသောင်းဝန်းကျင်ဟာ စစ်တောင်းမြစ်ဘေးက တောတောင်တွေထဲ ထွက်ပြေးနေ ကြရသလို တချို့ တွေက တော့ တောင်ငူနဲ့ ရန်ကုန်ဘက်အထိပါ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ https:// www.rfa .org/burmese/news/knu-statement-07162022040200.html

၈။ မုံးပေါ်တွင် ဗုံးတစ်လုံးပေါက်ကွဲ ကလေးတစ်ဦး သေဆုံး
July 17, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ် ဟိုကန်ကျေးရွာအုပ်စုတွင် ဗုံးတစ်လုံးပေါက် ကွဲပြီး ကလေး ငယ်တစ်ဦး သေဆုံးသွားခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ (ဇူလိုင် ၁၆) ရက် နံနက် ပိုင်းတွင် ဟိုကန်ကျေးရွာ အုပ်စု တွင်းရှိ နွားတင်းကုပ်တခုမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ရှေ့တစ်နေ့က ညနေပိုင်းမှာ နွားတွေ ကျွဲတွေ ဝင်ထွက်နေတဲ့အချိန်တော့ ဘာမှ မဖြစ်ဘူး၊ ၁၆ ရက်နေ့ ကျွဲ နွား တွေ ပြန်လွတ်ဖို့ အဲ့ကလေးက တင်းကုပ်ထဲဝင်လာတဲ့ အချိန် ပေါက်ကွဲမှုဖြစ်သွားတာ၊ ပွဲချင်းပြီးသေသွား တယ်” ဟု အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသွားသည့် ကလေးငယ်သည် အသက် ၁၀ နှစ် ကျော်ဝန်းကျင် အရွယ်ရှိပြီး မုံးပေါ် ဒေသခံ ကလေး တစ်ဦးဖြစ်ကြောင်း သတင်းသိရသည်။ ယင်းကဲ့သို့ ပေါက်ကွဲမှု မဖြစ်ပွားခင်တွင် စစ်အင်အား ၃၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်း တစ်ခုသည် ကျေးရွာတွင်းသို့ ဖြတ်သွားခဲ့ကြောင်းလည်း ၎င်းအမျိုးသားက ပြောသည်။ “၁၅ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းက ဟိုကန်ကျေးရွာကို ဖြတ်ဝင်သွား တာ တွေ့ရတယ်၊ ဒါပေမဲ့ ဘယ်ဘက်ကို ရောက်သွားမှန်းတော့ မသိလိုက်ရဘူး၊ ဒီပေါက်ကွဲမှုက သူတို့နဲ့ ပတ်သက်နေမလားတော့ မသိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ https://bur mese.shannews.org /archives/29239

၉။ ဖမ်းဆီးခံထားရသည့် PDF လူငယ်ကို စစ်ကောင်စီတပ် မှ မြို့တွင်း PDF များရှိသည့်နေရာ လိုက်ပြခိုင်းနေ
16 July 2022
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အထွက် မုဒ်ဝနားတွင် ဇူလိုင်လ ၁၄ ရက်နေ့ ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်ကို စစ်ကောင်စီတပ်သည် မြို့တွင်းရပ်ကွက်အတွင်း PDF များနေထိုင်သည့် နေရာများကို လိုက်လံ ပြခိုင်းနေကြောင်း တပ်နှင့် နီးစပ်သူများမှ သိရသည်။ “အရင်ကလို ဖုန်းကနေတစ်ဆင့် ကွင်းဆက်မလိုက်ဘူး။ PDF တွေရှိတဲ့နေရာ လိုက်ပြဖို့ နေရာတကာ ခေါ်သွားနေတာ ဟုတ်တယ်”ဟု တပ်နှင့် နီးစပ်သူတစ်ဦးက ပြော သည်။ PDF အဖွဲ့များနေထိုင်သည့် ကွင်းဆက်များ ဖမ်းဆီးရန် မြစ်ကြီးနားမြို့ပေါ်ရှိ အေးမြသာယာ၊ ရမ်ဘူ နှင့် မြို့သစ် ရပ်ကွက်များတွင် လိုက်လံရှာဖွေနေကြာင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီးခံလိုက်ရသည့် PDF လူငယ်သည် အသက် ၂၇ နှစ်အရွယ် ကိုသန့်ဇင် ဆိုသူဖြစ်ပြီး ဖားကန့်တွင်နေထိုင်သူဖြစ်ကာ KIA လက်အောက် PDF စစ်သင်တန်း အပတ်စဉ် ၄ ဆင်းထားသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။ “အဲနေ့က ကြိုပြီးသတင်းရလို့ စောင့်ဖမ်းလိုက်တာ ဟုတ်တယ်။ အရှေ့ ၅ယောက် အနောက် ၅ ယောက် ဝိုင်းဖမ်းလိုက်တော့ သူက ကားပြန်လှည့်မောင်းဖို့ လုပ်သေးတယ်။ ဝိုင်းထားတော့ဘယ်လိုမှ လှည့်ပြန်လို့မရတဲ့ အခြေ အနေဖြစ်သွားတယ်”ဟု ဖမ်းခံရသည့်နေ့ အခြေနေနှင့် ပတ်သက်ပြီး တပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ မြစ်ကြီနားမြို့တွင် စစ်ကောင်စီတပ်မှ NUG နှင့် ဆက်စပ်သူများ၏ နေအိမ်များ ချိတ်ပိတ်မူ ပိုမိုလုပ်ဆောင်လာသည့်အပြင် တစ်ဖက်တွင်လည်း ရပ်ကွက်များတွင် ၎င်းတို့အတွက် သတင်းပေးရန် ဒေသခံအယောင်ဆောင် နေထိုင်ခိုင်းသူများလည်း ရှိလာကြောင်း သတင်းရင်း မြစ်များထံမှ သိရသည်။ https://burmese.kachinnews.com/2022/07/16 /july16-zm1/

၁၀။ ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
18 July, 2022
ကရင်နီပြည်နယ်မှာ အိမ်မွေးတိရစ္ဆာန်နဲ့ ပစ္စည်းတွေ ဝင်ရောက်ခိုးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား တယောက်သေဆုံးပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေရခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ် ရေးတပ် (KNDF) က ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့က ဖရူဆိုမြို့နယ်၊ ဒေါလောခူကျေးရွာထဲကို ဝင်ရောက်ပြီး လူနေ အိမ်တွေထဲက ပစ္စည်းအသုံးအဆောင်တွေနဲ့ အိမ်မွေးတိရစ္ဆာန် တွေ ခိုးယူနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေကို ကရင်နီ တပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တို့က တိုက်ခိုက်ခဲ့ကြတာပါ။

စစ်ကောင်စီရဲ့ တပ်မ ၆၆ ကို မနက် ၁၁ နာရီခွဲအချိန်မှာ KNDF B-15 နဲ့ KA တို့ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ ၁၀ မိနစ်နီးပါးလောက်ပဲ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က တယောက် သေဆုံးခဲ့ပြီး ကရင်နီတပ်တွေ ဘက် ကတော့ ထိခိုက်တာမရှိဘူးလို့ဆိုပါတယ်။ စစ်ကောင်စီတပ်သား ကိုင်ဆောင်လာတဲ့ MA-1 အမျိုးအစားသေနတ် ၁ လက်နဲ့ ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့ပြီး တပ်မ ၆၆ တပ်သားတချို့ဟာ တပ်အနီးက ကျေးရွာတွေထဲကို နေ့တိုင်းဝင်ရောက်ပြီး အိမ်မွေးတိစ္ဆာန်တွေကို ဖမ်းဆီးစား သောက်နေသလို နေအိမ်တွေကိုလည်း ဝင်ရောက် ဖောက်ထွင်းခိုးယူနေတယ်လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ http://burmese.dvb.no/archives/544021

၁၁။ မိုင်းရှူးမြို့နယ် အရပ်သားကား စစ်ကောင်စီ ပစ်ခတ်၊ မိသားစု ၃ ဦး သေဆုံး
July 19, 2022
သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်တွင် အရပ်သား မောင်းနှင်လာသည့် ကားကို စစ်ကောင်စီ မှ သေနတ်ဖြင့် ပစ်ခတ်လိုက်သဖြင့် ကားပေါ်ပါလာသည့် မိသားစု (၃) ဦးစလုံး သေဆုံးသွားခဲ့ ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၈) ရက် ည ၇ နာရီဝန်းကျင်တွင် တောင်ဟျိုးကျေးရွာနေ စိုင်းသီဟ မောင်းနှင်လာသည့် ကားကို ဇနီးဖြစ်သူ နန်းဆိုင်လူ နှင့် အသက် ၃ နှစ်အရွယ် သားဖြစ်သူတို့ လိုက်ပါစီးနှင်းခဲ့ပြီး၊ မိုင်းရှူးမြို့မှ တောင်ဟျိုးကျေးရွာအပြန်လမ်း တွင် စစ်ကောင်စီ တို့ ဘက်မှ သေနတ်ပစ်ခဲ့ကြောင်း မိုင်းရှူးမြို့နေ သူများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ ထိုပစ်ခတ်မှုကြောင့် နန်းဆိုင်လူနှင့် အသက် ၃ နှစ်အရွယ်ရှိ သားသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး စိုင်းသီဟ သည် မိုင်းရှူးဆေးရုံတွင် ဆေးကုသနေစဥ် သေဆုံးသွားခဲ့ သည်။ “လမ်းတွေမှာ စောင့်ကြတဲ့ စစ်ကောင်စီတွေက ပစ်လိုက်တာ၊ မိခင် (နန်းဆိုင်လူ) နဲ့ ကလေးက ကားထဲမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်၊ ကားမောင်းသူ စိုင်းသီဟကတော့ ကျည်ဆံချက်များစွာနဲ့ ဆေးရုံမှာ ကုသမှုခံယူ နေစဥ်မှာပဲ သေဆုံး သွားခဲ့တယ်” ဟု မိုင်းရှူးမြို့နေ နီးစပ်သူ တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။

စစ်ကောင်စီ လက်ချက်ဖြင့် ပွဲချင်းပြီး သေဆုံးသွားသည့် နန်းဆိုင်လူနှင့် သားဖြစ်သူ အသက် ၃ နှစ် အရွယ်ကလေး ငယ် ကို ရပ်ရွာဓလေ့ထုံးတမ်းအတိုင်း ယမန်နေ့ (ဇူလိုင် ၁၈) ရက် တွင် ညတွင်းချင်း မြေမြှုပ်သင်္ဂြိုလ်ခဲ့သည်။ ထို့ပြင် စိုင်းသီဟ ၏ ရုပ်အလောင်းကို ယနေ့ ဇူလိုင် (၁၉) ရက်တွင် သင်္ဂြိုလ် မည်ဖြစ်ကြောင်းသိရသည်။ အရပ်သားကားကို သေနတ်ဖြင့် ပစ်လိုက် သည့် စစ်ကောင်စီအဖွဲ့သည် စိုင်းသီဟ ဆေးရုံတက် ဆေးကုသမှုခံယူနေစဥ်အတွင်း လာရောက်ကြည့်ရှုပြီး မည်သည့် တာဝန် ယူ စကားပြောဆိုခြင်းမရှိပဲ ပြန်လည် ထွက်ခွာ သွားကြောင်းလည်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။ “ဆေးရုံကို စိုင်းသီဟ ရောက်လာပြီး ခဏလောက်အကြာမှာ စစ်ဗိုလ်တချို့ရောက်လာတယ်၊ ပြီးတော့ ဆရာဝန်နဲ့ စကား ပြောပြီး ပြန်ထွက်သွားတယ်၊ အဲ့အချိန်မှာလည်း စိုင်းသီဟလည်း သေဆုံးသွားပြီ၊ သူတို့ဘက်က တာဝန်ယူမှု တာဝန်ခံမှု စကား တစ်ခွန်းမှ မပြောဆိုသွားဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့တို့ ၏ လုပ်ရပ်များသည် အပြစ်မဲ့ အရပ်သားပြည်သူများကို လက်နက်အားကိုး နိုင်ထက်စီးနှင်းမှု ပြုလုပ်သည့်အပြင်မည်သည့်တာဝန် ယူမှုများလည်း မရှိသည့်အတွက် ရင်နာကြောင်းလည်း မိုင်းရှူး ဒေသခံများက ဝေဖန်ပြောဆိုထားသည်။ လက်ရှိ မိုင်းရူးမြို့နယ် အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့တို့က စစ်ရေးတင်းမာနေလျက်ရှိပြီး SSPP တပ်စခန်းနေရာများကို ဇူလိုင်လ ၁၅ ရက်မှ စတင်ကာ ၇ ရက် အတွင်း ဆုတ်ခွာရန် ပြောဆို ညွှန်ကြားထားကြောင်းလည်း သတင်းသိရသည်။ https://burmese.shannews.org/archives/29274

၁၂။ ရခိုင်စစ်ရေးအခြေအနေ စစ်ကောင်စီ၏ လှုပ်ရှားမှုအပေါ်တွင် မူတည်ဟု AA ပြော
July 19, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ဇူလိုင် ၁၈ ရက်နေ့က ရက္ခိုင့်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဖက်မှ စစ်သားနှင့် ရဲများသေဆုံးမှုရှိခဲ့သည့်အပြင် ရဲမှူးအပါအဝင် ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ ကြောင်း ရက္ခိုင့်တပ်တော် AA က ပြောသည်။ လက်ရှိရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ကြား အပြန် အလှန် ဖမ်းဆီးမှုများနှင့် စစ်ရေးတင်းမာမှုများလည်း ရှိနေကြပြီး စစ်ကောင်စီက အရပ်သားတစ်ချို့ ရခိုင်က မြို့နယ်အသီးသီး တရားရုံးများတွင် ဖမ်းဆီးတရားစွဲထားသည်။ ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေမှာ စစ်ကောင်စီတပ်၏ လှုပ်ရှားမှု အပေါ်တွင် မူတည်နေသည်ဟု ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ “နောက်ထပ်တိုက်ပွဲ ဖြစ်လာမှာလားဆိုတာကတော့ မြန်မာ့စစ်တပ်ရဲ့ လှုပ်ရှားမှုအပေါ်မှာ အများကြီးမူတည်တာပေါ့နော်။ မြန်မာ့စစ်တပ်ဖက်ကနေ သူတို့ နောက်ထပ်စစ်ကြောင်းထိုးလာမယ်ဆိုလို့ရှိရင်တော့ တိုက်ပွဲက ဆက်ဖြစ်နိုင်တဲ့ အနေအထားရှိတာပေါ့” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ရေးတင်းမာလာခြင်းမှာ စစ်ကောင်စီတပ်သားများက ရက္ခိုင့်တပ်တော် (AA)၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို အနှောင့်ယှက်ပေးခြင်း၊ တရားစီရင်ရေးများတွင် ပါဝင်နေသူများအား ဖမ်းဆီးရန်ကြိုးပမ်းနေနေခြင်း ကြောင့် တင်းမာလာရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။ “ရခိုင်ပြည်မှာ တင်းမာမှုတွေ ပိုပြီးတော့ မြင့်တက်လာတာ ကတော့ အဓိကတော့ မြန်မာ့စစ်တပ်ဖက်ကနေပြီးတော့ ကျနော်တို့ ULA/ AA ရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စတွေကို သူတို့ဖက်က တောက်လျှောက် အနှောင့်အယှက်ပေးနေတာတွေရှိတယ်။ ပြီးလို့ရှိရင် ကျနော်တို့ရဲ့ တရားရုံးဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးအရာရှိတွေကို ဖမ်းဆီးဖို့အတွက် တောက်လျှောက်ကြိုးစားနေတာတွေရှိတယ်။ ပြီးလို့ရှိရင် ကျနော်တို့ တရားရုံး တွေအနားကို အင်အားသုံးပြီးတော့ ဝင်ရောက်လာတာတွေ အဲဒါမျိုးတွေကို တောက်လျှောက်လုပ်နေတယ်။ ဒီဟာတွေကြောင့် ပဲ အခြေအနေတွေက ပိုပြီးတော့ တင်းမာလာတာပေါ့”ဟု ပြောသည်။ စစ်ကောင်စီမှ အဆိုပါလုပ်ရပ်များအပြင် ရခိုင်ပြည်သူ များအား မတရားဖမ်းဆီးမှုများကို မရပ်တန့်ခြင်း၊ ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က KNLA တပ်မဟာ ၅ နယ်မြေတွင်ရှိသော AA တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်မှုတို့မှာ ရခိုင်စစ်ရေးတင်းမာမှု အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။

၁၃။ ပုံးအင်း တောင်သူ စပါးစျေးကွက် အရှုံးပေါ်မည်ကို စိုးရိမ်
July 18, 2022
သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသအတွင်း ယခုကာလသည် စပါးရိတ်သိမ်းချိန်ဖြစ်ကာ စပါးစျေးကွက် အရှုံးပေါ်မည် ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပုံးအင်းဒေသထဲတွင် ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ် တို့ပါဝင်ပြီး၊ ထိုဒေသများတွင် စပါးကို အဓိက စိုက်ပျိုးသည့် ဒေသဖြစ်ပြီး ယခင်က စပါးထွက်နှုန်း ကောင်းသော ဒေသဖြစ်ခဲ့ သည်။ စစ်အာဏာသိမ်းလာပြီးနောက် ကုန်ပစ္စည်းများ အပါအဝင် ဒီဇယ်များ ၊ မြေသြဇာများ နှင့် ပိုးသတ်ဆေးများလည်း အဆမတန် မြှင့်တက်လာခဲ့သောကြောင့် တချို့တောင်သူလယ်သမားများ စပါးခင်းထဲ မြေသြဇာများ မထည့်လိုက်ရသဖြင့် စပါးပျက်စီးမှု များ ကြုံတွေ့ ခဲ့ရကြောင်း ပုံးအင်း ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ စပါးပျက်စီးမှုများဖြစ်လာပြီး ယခုကာလ စပါးရိတ်ခါစတွင် ယခင်ထက်ထွက်နှုန်းလျော့နည်းလာကာ၊ စပါးရိတ်ခ များမှာလည်း နေ့စား တစ်ယောက် (၈၀၀၀) ကျပ် ၊ စပါးရိတ်စက် သုံးပါက တစ်ဧက (၆၀၀၀၀၀) ကျပ် ပေးဆောင်နေရပြီး စပါး ဈေးပြန်မရလျှင် နှောင်နှစ်တောင်သူလယ်သမားများမှာ မိသာစု စားသုံးရန်အတွက်သာ စိုက်ပျိုးတော့မည်ဟု ပုံးအင်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဧက ပျှမ်းမျှနှုန်း တင်း (၄၀) ထွက်တယ်။ တစ်ဧက ကုန်ကျ စားရိတ်က (၅၀၀၀၀၀)ကျပ် လောက်ကုန်တယ်။ ဒါတောင် စပါးရိတ်သိမ်းခမပါသေးဘူး။ စပါး (၁)တင်းမှာ (၇၀၀၀၀) ကျပ် လောက် ပြန်ရမှအရင်း ရတာ။ ဒါတောင် တောင်သူလယ်သမားအခက်ခဲ မပါသေးဘူး ၊ မျိုးစပါး စားရိတ် မပါသေးဘူး။ အခုက စပါး ဈေးကွက်က မငြိမ်တော့ အရှုံးပေါ်မည်ကို စိုးရိမ်နေရတယ်၊ နောက်နှစ်တော့ စားဖို့သောက်ဖို့ လောက်ဘဲ စိုက် တော့မယ် “ ဟု ၎င်းကပြောပြသည်။ အဆိုပါ တစ်ဧကအတွက် မျိုးစပါး (၁) တင်း (၂၀၀၀၀) ကျပ် ၊ ပျိုးခင်း မြေသြဇာ (၂) ပိဿ (၇၀၀၀) ကျပ် ၊ မြေသြဇာ တစ်အိတ် (၁၂၀၀၀၀) ကျပ်၊ ကားဖြင့် လယ်ထွန်ရန် တစ်နာရီ (၄၀၀၀၀) ကျပ် ၊ တစ်နှစ် သာအတွက် (၁) ဧက စပါးစိုက်ပျိုးရန် (၇၀၀၀၀၀) ကျပ် ကုန်ကျ ကြောင်းသိရသည်။ ပြည်သူ့စစ် (PNO) တပ်ဖွဲ့များက မိမိလုံခြုံရေးအတွက် ပုံးအင်းဒေသတွင် စစ်သင်တန်း ခေါ်ယူခြင်းကြောင့် ပုံးအင်းဒေသ လူငယ်များလည်း ကြောက်လန့်ပြီး ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်ထွက်ပြေးခဲ့သည်ဟု ဒေသခံများ၏ ပြောချက်အရ သိရသည်။ https://burmese.shannews .org/archives/ 29260

၁၄။ အမ်းမြို့နယ် ခမောင်းတော ပရဟိတစာသင်ကျောင်းတွင် အကူအညီများလိုအပ်နေ
July 19, 2022
အမ်းမြို့နယ် ခမောင်းတောကျေးရွာရှိ ပရဟိတပညာဒါနကျောင်းတွင် ကျောင်းသား/သူများ စားဝတ်နေရေးစရိတ်နှင့် ဆရာမများကိုလစာပေးရန် ငွေကြေးမလုံမလောက်ဖြစ်နေသဖြင့် အလှူငွေများလိုအပ်နေကြောင်း သိရသည်။ အဆိုပါကျောင်း ကို ခမောင်းတော ကျောင်းထိုင်ဆရာတော် ဦးဩဘာသမှ ဦးဆောင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဒေသအတွင်းက ဆင်းရဲသည့် ကျောင်းသား၊ကျောင်းသူများကို ပညာတတ်ဖြစ်စေနိုင်ရေးအတွက် စီစဉ်ထားခြင်းလည်းဖြစ်သည်။ လက်ရှိတွင် ကျောင်းသား/ သူ ၂၅ ဦးနှင့် ဆရာမ ၄ ဦးရှိကာ လစဉ်ကုန်ကျစရိတ်(၁၀)သိန်းနီးပါးရှိပြီး ရေရှည်ရပ်တည်နိုင်ရေးအတွက် ငွေကြေးအခက်အခဲ ရှိနေကြောင်း ဆရာတော်က DMG ကို မိန့်ကြားသည်။ “ဆရာမ ၄ ယောက်မှာ ၃ ယောက်က လစာပေးပြီးခန့်ထားတယ်။ တစ်လကို လေးသိန်းခွဲပေါ့။ ကျောင်းသားတွေအတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ စားစရိတ်တွေပေါင်းရင် တစ်လကို (၁၀)သိန်း ဝန်းကျင်ရှိတယ်၊ ဒီကုန်ကျစရိတ်တွေကို မဖြည့်ပေးနိုင်ရင် ဒီက ကလေးတွေရဲ့ပညာရေး အနာဂတ်အတွက် စိုးရိမ် စရာရှိတယ်”ဟု ဆရာတော် ဦးသြဘာသကမိန့်သည်။

အဆိုပါကျောင်းတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ကျောင်းသူများကိုသာ အဓိက သင်ကြားနေခြင်းဖြစ် ပြီး မဲလက်မောင်း အ.ထ.က(ခွဲ)ကျောင်းမှ တွဲဖက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပရဟိတ ကျောင်းကို ယခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မူလကကျောင်းတွင် ကိုရင်များကိုသင်ကြားပေးရန် ရည်ရွယ်ခဲ့သော်လည်း ဆင်းရဲနွမ်းပါးသည့် ပြင်ပ မိဘများက ကျောင်းအပ်နှံလာသည်ကို မငြင်းလွှတ်ရဲသည့်အတွက် ယခုကဲ့သို့ ကျောင်းသားအရေအတွက် များလာခြင်းဖြစ် ကြောင်း ဆရာတော်ကဆက်လက်မိန့်ကြားသည်။ “ဒီရွာမှာက မူလတန်းကျောင်းပဲရှိတယ်။ အလယ်တန်းတက်လို့ရတဲ့နေရာ နဲ့က ဆိုင်ကယ်ခရီးဆို သုံးနာရီလောက်စီးရတယ်။ သွားထားရင်လည်း စားစရိတ်၊ နေစရိတ်အတွက် မတတ်နိုင်ရှာကြဘူး။ ဒါကြောင့် ကလေးတွေ ကျောင်းဆက်မတက်နိုင်တာတွေမရှိရအောင် မဲလက်မောင်းထ(ခွဲ)ကျောင်းနဲ့ ညှိနှိုင်းပြီး ဒီကျောင်းကို ဖွင့်လိုက်ရတာပါ”ဟု ဆရာတော်ကမိန့်ကြားသည်။ “သူတို့ရဲ့အနာဂတ်အတွက် တတ်နိုင်သလောက် ပံ့ပိုးပေးကြစေချင်တယ်။ သူတို့မိဘတွေခမျှာလည်း အမှန်တကယ် ငွေကြေးမပြေလည်နိုင်လိုမို့သာ ဒီကိုအားကိုပြီး လာအပ်ကြတာဖြစ်တဲ့အတွက် ကျောင်းသားတွေကို အဆင်ပြေစေချင်တယ်”ဟု မမီးမီးကပြောသည်။ အဆိုပါ ပရဟိတပညာဒါနကျောင်းတွင် တက်ရောက်နေ သည့် ကျောင်းသား/ကျောင်းသူများမှာ အမ်းမြို့နယ် ဝဲချောင်းကျေးရွာနှင့် မင်းတင်ကျေးရွာကဖြစ်ပြီး ၇ တန်း၊ ၈ တန်း၊ ၁၀ တန်း စသည့် ကျောင်းသားများဖြစ်ကြောင်းလည်း သိရသည်။

၁၅။ မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်သားတဦး ပြည်သူ့ရင်ခွင်ခိုလှုံ
18 July, 2022
ချင်းပြည်နယ် မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်သားတဦး ဇူလိုင် ၁၀ ရက်မှာ CDM လုပ်ပြီး ပြည်သူ့ ရင်ခွင်ခိုလှုံခဲ့ တယ်လို့ CDF-မတူပီက ဇူလိုင် ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။ မတူပီမြို့နယ်အခြေစိုက် ခမရ- ၃၀၄ တပ်ရင်းက ကိုယ်ပိုင်အမှတ် တ/၅၀၀၉၂ က တပ်သား ဖြိုးဝေဦးဟာ စစ်အာဏာရှင်လက် အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့လို့ ဇူလိုင် ၁၀ ရက်မှာ CDM ပြုလုပ်ပြီး CDF-မတူပီကနေတဆင့် ပြည်သူ့ ရင်ခွင်ခိုလှုံလာလို့ လွတ်မြောက်နယ် မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ် သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆို နေကြပါတယ်။ http://burmese.dvb.n o/archives/544011

၁၆။ ဘီးလင်းတွင် ဟိုက်ဂျက်ကား တိမ်းမှောက်၊ ၅ ဦး သေဆုံးပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရ
18 July, 2022
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာ သံတံတားအနီးမှာ ဇူလိုင် ၁၈ ရက် မနက် ၇ နာရီ လောက်က ဟိုက်ဂျက်ကားတစီး တိမ်းမှောက်တာကြောင့် ၅ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဘီးလင်းမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ ဟိုက်ဂျက် ကားဟာ သံတံတားနားမှာ ဘီးပေါက်ပြီးနောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့တာကြောင့် ယာဉ်ပေါ် ပါ အမျိုးသမီး ၄ ယောက် နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန် ဒဏ်ရာတွေ ရရှိခဲ့တာပါ။

ပြင်းထန်ဒဏ်ရာ ရရှိခဲ့တဲ့သူတွေထဲမှာ စိုးရိမ်ရတဲ့သူ ၃ ဦးကိုတော့ ရန်ကုန်နဲ့ သထုံဆေးရုံတွေကို ပို့ဆောင်ပေးထားပြီး ကျန် ၃ ဦးကိုတော့ ဘီးလင်းမြို့နယ် ဆေးရုံမှာ စောင့်ကြည့်ကုပေးနေတယ်လို့ လူမှုကယ် ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။ http://burmese.dvb.no/archives/543998

၁၇။ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ခံထားရသဖြင့် မြောက်ဦးဒေသခံတစ်ဦး ရန်ကုန်တွင် ဆေးကုသမှုခံယူနေရ
July 19, 2022
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှ သုံးဘီးဆိုင်ကယ်မောင်းနေသော ဒေသခံတစ်ဦးသည် စစ်ကောင်စီ၏ စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရသည့်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု မိသားစုဝင်များကပြော သည်။ ဆေးကုသမှု ခံယူနေရသူမှာ မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေ ရပ်ကွက်မှ အသက် ၃၀ ကျော်အရွယ် ကိုကျော်ဝင်းလှိုင် ဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့က မြို့ဦးမြို့အတွင်း သုံးဘီးဆိုင်ကယ်မောင်းနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်း ဖြစ်သည်။ ကိုကျော်ဝင်းလှိုင် ဆီးခုံ(ယောက်ကျားကိုယ်အင်္ဂါအစိတ်အပိုင်း) ခြေထောက် လက်တို့တွင် အဓိက ဒဏ်ရာများရှိ ထားပြီး ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင် တစ်ဦးကပြော သည်။ “ဒဏ်ရာတွေကတော့ ခန္ဓာကိုယ်တစ်ခုလုံလိုလိုပဲ။ အဓိကတော့ ဆီးခုံ(ယောက်ကျားကိုယ်အင်္ဂါအစိတ်အပိုင်း)က အဆိုး ဆုံးဖြစ်တယ်။ အဲဒီနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ရိုက်နှက်ထားတယ်။ တခြားခြေတွေ လက်တွေနဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေက အများကြီးပဲ။ သူကို ဘယ်နေ့ကနေ ဆေးရုံတင်ထားရတယ်ဆိုတာမသိရဘူး။ စစ်တွေတပ်ဆေးရုံမှာကုသလို့ မရ တော့မှ ဇူလိုင်လ ၄ ရက်နေ့က ရန်ကုန်ကို ပို့ဖို့အတွက် မိသားစုဝင်တွေကို မြောက်ဦးခရိုင်ရဲစခန်းမှတဆင့် အကြောင်းကြာလာ တာ”ဟုပြောသည်။

လက်ရှိတွင် မိသားစုဝင်များအနေများ ကိုဇော်ဝင်းလှိုင်၏ ဆေးကုသမှုစရိတ်အတွက် အခက်အခဲများဖြစ်နေသည်ဟု သူကဆက်ပြောသည်။ ယခုဆေးကုသမှု ခံယူနေစဉ်မှာလည်း ရဲတပ်ဖွဲ့ဝင်များအား အစောင့်ချထားမှုများလည်းရှိသည်ဟု သူက ဆက်ပြောသည်။ လက်ရှိတွင်ဆေးရုံကဆင်းလျှင် သူကျန်းမာရေးအခြေအနေအရ အာမခံပေးဖို့ တင်ပြထားသည်ဟု မိသားစုဝင် များကပြောသည်။ ကိုကျော်ဝင်းလှိုင်အား စစ်ကောင်စီက ဖမ်းဆီးပြီး နိုင်ငံတော်ဆူပူလှုံဆော်မှု ၅၀၅-က ဖြင့်မြောက်ဦး ခရိုင် တရားရုံးတွင် တရာစွဲဆိုထားသည့်အပြင် သူပိုင်ဆိုင်သော သုံးဘီးဆိုင်ကယ်အားလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းထားကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်တွင် ဇွန်လ အတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ကျော်ကို AA ကဖမ်းဆီးခဲ့ ပြီးနောက် စစ်ကောင်စီက အရပ်သား ၄၀ ကျော်ခန့်ကို ဖမ်းဆီးခဲ့ပြီး တချို့ကို ပြန်လွှတ်ပေးကာ အရပ်သား ၃၀ ကျော် နိုင်ငံတော်ဆူပူလှုံဆော်မှုပုဒ်မများဖြင့် တရားစွဲဆိုထားသည်။

၁၈။ ဒီးမော့ဆိုမြို့ ကုန်းသာတိုက်ပွဲတွင် JPDF ရဲဘော်တဦး မိုင်းနင်းမိ
19 July, 2022
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာ တိုက်ပွဲမှာ JPDF တပ်ရင်းမှ ရဲဘော် တဦး မိုင်းနင်းမိပြီး စိုးရိမ်ဒဏ်ရာရသွားတယ်လို့ JPDF တပ်ရင်းက ပြောပါတယ်။ ဇူလိုင် ၁၈ ရက် မနက် ၁၀ နာရီက ကုန်းသာကျေးရွာမှာ တပ်စွဲ ထားတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ နာရီဝက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရသူ များပြားခဲ့တယ်လို့ ဆိုပါတယ်။ JPDF တပ်ရင်း တာဝန်ရှိသူက “စစ်ကောင်စီ ဘက်က စစ်ကြောင်း ထိုးလာတာကို ကင်းတက် ထောက်ရင်း နင်းမိုင်းထိတာ။ ခြေထောက် တဖက် ပြတ်သွားတယ်။ ဆေးဝါး ကုသထားတယ်။ ဆေးရုံကတော့ နည်းနည်းဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ် တွေဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ပြည်သူ နေအိမ်တွေ ကို မီးရှို့ဖျက်ဆီးတာ၊ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ http://burmese.dvb.no/archives/544160

၁၉။ ပလက်ဝမှသက်ကြီးပိုင်း ၁ ဦး ၁ လကြာဖမ်းဆီးခံရပြီးနောက် နားလေးကာ စိတ်ခြောက်ခြားနေသည်ဟုဆို
July 19, 2022
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ သက်ကြီးပိုင်းတစ်ဦးသည် စစ်တပ်ထဲတွင် ၁ လကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီးနောက် နားလေးသွားကာ စိတ်လေခြောက်ခြားမှုဖြစ်နေသည်ဟု ၎င်း၏မိသားစုဝင်များက ပြောသည်။ နားလေး သွားကာ စိတ်လေခြောက်ခြားမှုဖြစ်နေသူမှာ ပလက်ဝမြို့နယ် အဘောင်သားကျေးရွာ ဒေသခံတစ်ဦးဖြစ်သူ အသက် ၆၆ နှစ်အရွယ် ဦးချစ်စံဖြစ်သည်။ ၎င်းသည်ဖမ်းဆီးမခံရစဉ်ကတည်းကပင် ကျန်းမာရေးမကောင်းသူတစ်ဦးဖြစ်ပြီး စစ်တပ်က ဖမ်းဆီးသွားပြီးနောက်ပိုင်းတွင် အသက်အရွယ်ကြီးသူဖြစ်သဖြင့် ကျန်းမာရေးအခြေအနေပိုဆိုးသွားခဲ့ကာ နားလေးသွားခဲ့ပြီး စိတ်အခြေအနေလည်း ခြောက်ခြားနေကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။ “နားလည်း လေးတယ်။ စိတ်ကလည်း သိပ်ပြီးမနှံ့သလိုမျိုး ဖြစ်သွားတယ်။ တောင်ဆို မြောက်ပြောတယ်။ စကားပြောတာတွေလည်း ပုံမမှန်တော့ဘူး။ အရင်ကထက် စာရင် အဲလိုမျိုးတွေဖြစ်သွားတယ်။ အရင်ကစိတ်နဲ့လည်း မတူတော့ဘူး” ဟုပြောသည်။

၎င်းအား ပလက်ဝအခြေစိုက်တပ်ရင်း ခလရ ၂၈၉ တွင် ၁ လကျော်ကြာသည်အထိ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ပြီးခဲ့ သည့် ဇူလိုင်လ ၃ ရက်နေ့၊ ညနေ ၄ နာရီခန့်က ပလက်ဝရဲစခန်းသို့ လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင်လ ၁၈ ရက်က ပလက်ဝမြို့နယ်တရားရုံးတွင် ရုံးထုတ်ကာ ဒုတိယအကြိမ် ရမန်ယူခဲ့ပြီး လာမည့် သြဂုတ်လ ၁ ရက်နေ့အား ရုံးချိန်း ချိန်းဆိုလိုက်ကြောင်းသိရသည်။ လက်ရှိသူ့၏ကျန်းမာရေးမှာ စစ်တပ်က ပလက်ဝရဲစခန်းသို့ လွှဲပြောင်းစဉ်ကကဲ့သို့ အခြေအနေ မဆိုးဝါးတော့ဘဲ ဆေးဝါးများပို့ထည့်ပေးနေရကြောင်း သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့အုပ်ချုပ်ရေးမှူး၊ မြို့မ ရဲစခန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့အား ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။ ဦးချစ်စံသည် အဘောင်သားရွာတွင် တောင်ယာလုပ်ငန်း လုပ်ကိုင် နေသူဖြစ်ကာ ဒူးမကောင်းသဖြင့် လမ်းလျှောက်ရာတွင် တုတ်ကိုအားပြု၍ သွားနေရသူဟု သိရသည်။ https://burmese.narin jara.com/

၂၀။ သတင်းပေါက်ကြားမှုကြောင့် မိုင်းဝီး အမျိုးသားတစ်ဦးကို TNLA မှ ပြန်လည်ဖမ်းဆီးခံရ
July 19, 2022
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသခံ အတွင်းဖြစ်စဥ် သတင်းများ ဆိုရှယ် မီဒီယာပေါ် ပေါက်ကြား မှုကြောင့် ဒေသခံအမျိုးသားတစ်ဦးကို တအာင်း (ပလောင်) အမျိုးသားတပ်မတော် TNLA မှ ပြန်လည်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်တွင် သျှမ်းသံတော်ဆင့်မှ စုံစမ်းရေးသားထားသည့် မိုင်းဝီးကျေးရွာအုပ်စု အတွင်းတွင် TNLA တို့မှ မူးယစ်ဆေးဝါး အကြောင်းပြ ဖမ်းဆီးပြီး ပိုက်ဆံတောင်းခံနေသည့် သတင်းနှင့်ပတ်သက်ပြီး ဖမ်းဆီးမှု မှ ပြန်လွှတ်လာသည့် အမျိုးသားတစ်ဦးကို သျှမ်းသံတော်ဆင့် သတင်းပေးဟု ဆိုပြီး စွပ်စွဲကာ TNLA တပ်ဖွဲ့မှ ပြန်လည် ဖမ်းဆီး သွားကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုသည်။ “ဖမ်းဆီးခံရသူက လုံးအိုက်ရွှေလို့ နာမည်ရှိတယ်၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်မှာ မူးယစ်အကြောင်းပြချက်နဲ့ TNLA တို့က ဖမ်းဆီးခဲ့တယ်၊ မိသားစု ဝင်တွေက ပိုက်ဆံ ၅ သိန်းနဲ့ ပြန်သွားရွေးလို့ ၁၄ ရက်နေ့မှာ ပြန်လွှတ်လာတယ်၊ ဒါပေမဲ့ ၁၅ ရက်နေ့မှာတော့ ဖမ်းဆီးခံရတဲ့ သတင်း ပေါက်လို့ ဆိုပြီး ပြန်ဖမ်းခံရတယ်” ဟု အမည်မဖော်လိုသူ မိုင်းဝီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ပြန်လည်ဖမ်းခံရသည့် လုံးအိုက်ရွှေသည် အသက် ၄၈ နှစ်ရှိပြီး ရိုးရိုးသာမာန် တောင်သူတစ်ဦးဖြစ်ကာ ဆိုရှယ် မီဒီယာ သတင်းတွေမသိသူ၊ သတင်းပေးလည်း မဟုတ်ကြောင်း ၎င်းနှင့် ရင်းနှီးသူများက ပြောသည်။ လုံးအိုက်ရွှေကို TNLA မှ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင် သွားသည်ကိုလည်း မသိရှိရသေးပေ။ ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင်လည်း TNLA တပ်သားများသည် အရပ်ဝတ်များဖြင့် မိုင်းဝီးကျေးရွာအုပ်စု အတွင်းမှ မိုင်းအိုက်နိုင်စွမ် အသက် (၃၈) နှစ်၊ စိုင်းယီအေး (၃၉) နှစ်၊ စိုင်းသန်း၊ စိုင်းယီ နှင့် စိုင်းအိုက်လျန်တို့ကို နောက်ထပ်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သတင်းသိရသည်။ မိုင်းဝီး ကျေးရွာအုပ်စုအတွင်း မူးယစ်ဆေး အကြောင်းပြကာ ဖမ်းဆီးခေါ်ဆောင်ထားသည့် ဒေသခံရွာသားများအနက်အများစုသည် သျှမ်းလူမျိုးများဖြစ်ကာ ကချင်လူမျိုး၊ တအာင်းလူမျိုးများလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

၂၁။ မောင်တောမြို့ ဥဒေါင်းကျေးရွာက အမျိုးသမီးတဦး မိုးကြိုးပစ်ခံရပြီး သေဆုံး
19 July, 2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်းကျေးရွာမှ အမျိုးသမီးတဦး ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းက မိုးကြိုးပစ်ခံရပြီး သေဆုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သားမိ ၂ ဦးမှာ ဒီနေ့မနက် အလယ်သံကျော် ကျေးရွာအုပ်စု ကံဘူးကျေးရွာအနီးချောင်း ဂဏန်ဘူး ထောင်ဖို့ သွားရောက်ကြ စဥ်မိုးသက်လေပြင်း ကျရောက်ပြီး မိုးကြိုးပစ် ခံရကာ မိခင်ဖြစ်သူ သေဆုံးသွားခဲ့ရတာပါ။ ဥဒေါင်းကျေးရွာအုပ်ချုပ်ရေးမှူးက “ဟုတ်ပါတယ်။ သူတို့ သားအမိ ၂ ဦးက ကဏန်းဘူးထောင်ဖို့ အလယ်သံကျော် ကံဘူးကျေးရွာက ချောင်းနားမှာ မိုးကြိုးပစ်ခံလိုက်ရတာ။ သမီးကတော့ ဘာမှဖြစ်မ သွားဘူး” လို့ ပြောပါတယ်။
မိုးကြိုးပစ်ခံရပြီး သေဆုံးသူမှာ ဥဒေါင်းကျေးရွာမှ ဒေါ်နုစန္ဒာ (အသက် ၄၉ နှစ်) ဖြစ်ပြီး သားသမီး ၄ ဦးကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ မိုးကြိုးပစ်ခံရပြီး သေဆုံးမူအား အလယ်သံကျော်နယ်မြေစခန်းမှာ သေမူသေခင်းနဲ့ အမှုဖွင့် ထားပြီး သေဆုံးသူအလောင်းကို မောင်တောပြည်သူ့ဆေးရုံကို ဆေးစစ်ဖို့ ယူဆောင်သွားတယ်လို့ သိရပါတယ်။ http://burme se.dvb.no/archives/544186

၂၂။ စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် တောင်ကြာအင်းဒေသခံ (၃) ဦးဒဏ်ရာရ
July 19, 2022
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းစံပြကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ (၁၈)ရက်နေ့ ညတွင် စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လက်နက်ကြီးနှင့်လှမ်းပစ်ခတ်သောကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံထံမှ သိရသည်။ ယမန်နေ့ည(၁၀)နာရီခွဲတွင် တစ်ကြိမ်နှင့် ည(၁)နာရီတွင်တစ်ကြိမ် စစ်ကောင်စီတပ်မှ ကျေးရွာထဲသို့ လက် နက်ကြီးနှင့် ပစ်ခတ်ရာတွင် ဒေသခံလူငယ် (၃)ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု တောင်ကြာအင်းရွာခံတစ်ဦးက ယခု လို ပြောသည်။ “ လူအိပ်ချိန်မှာ လက်နက်ကြီးနဲ့ပစ်တာ ဘယ်တပ်ကနေလှမ်းပစ်တာလည်းတော့ ဘယ်သူမှသေချာမသိဘူး။ ဖြစ်နိုင်တာက လှိုင်ဝမှာရှိတဲ့တပ်ပဲ။ လက်နက်ကြီးကျတာက ဘုန်းကြီးကျောင်း အပေါ်ဘက် စာသင်ကျောင်းတစ်လုံးရှိတယ်။ အဲဒီဘက်မှာကျတာ။ ” ဟု သူက ကေအိုင်စီသို့ ပြောသည်။ စစ်ကောင်စီတပ်က ညအချိန်မတော် တောင်ကြာအင်းရွာထဲသို့ လက်နက်ကြီးနှင့်မကြာခဏပစ်ခတ်သည့်အတွက် ဒေသခံရွာသားများမှာ ညဘက်အချိန်တွင် အခြားကျေးရွာများသို့ ပြောင်းရွှေ့ အိပ်ကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့မှစတင်၍ တောင်ကြာအင်းကျေးရွာတွင် နယ်မြေခံ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ကြား ပစ်ခတ်တိုက်ခိုက်မှုစတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက် မှ တောင်ကြာအင်းကျေးရွာအတွင်း အင်အားတိုးချဲ့ထားသည့်အပြင် ကျေးရွာထဲသို့ လက်နက်ကြီးနှင့်မကြာခဏ ရမ်းသမ်း ပစ်ခတ်သည့်အတွက် ဒေသခံလူထုထိခိုက်ဒဏ်ရာရရှိမှုနှင့် လူနေအိမ်အချို့ ကျည်ထိမှန်ပျက်စီးမှုများရှိခဲ့သည်။ အမည်မဖော် လိုသူ အခြားဒေသခံတစ်ဦးကလည်း “အခုနောက်ပိုင်းစစ်တပ်ဘက်က နေ့ပိုင်း လက်နက်ကြီးနဲ့ ပစ်တာသိပ်မရှိတော့ဘူး။ နေ့ပိုင်းမှာ ခရီးသွားလာတဲ့လူလည်းရှိတယ်။ ဘုန်းကြီးတွေလည်း မေတ္တာရပ်ခံတာရှိတော့ နေ့ပိုင်းမပစ်ဘူး။ ညပိုင်းက ဘယ်သူမှ တာဝန်မယူရဲတော့ လူထုတွေက တိမ်းရှောင်ပေါ့။”ဟု ကေအိုင်စီသို့ပြောသည်။ လက်ရှိ တောင်ကြာအင်းကျေးရွာ အထက်တန်း ကျောင်းဝင်းထဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေထိုင်နေဆဲဖြစ်ပြီး တပ်နေရာမဖယ်ပေးသည့်အတွက် ကျောင်းသူ ကျောင်းသား ၂၀၀ ကျော်သည် ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲတွင် ပြောင်းရွှေ့စာသင်ကြားပေးနေ ကြရသည်။ https://kicnews.org/2022/07/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%bac%e1

၂၃။ ခရီးသွားပြည်သူများထံ TNLA အခွန်ကောက်
July 19, 2022
သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ် – နမ့်ခမ်း ခရီးသွားပြည်သူများကို တအာင်း (ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့မှ အခွန်ကောက် နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇူလိုင် (၁၉) ရက် မနက် ၇ နာရီ ၄၀ မိနစ်က မူဆယ် – နမ့်ခမ်းရှိ နမ့်စန့် ဂိုဒေါင်ကျေးရွာတွင် အိမ်စီးကားများ ခရီးသည်တင်ကားများကို TNLA မှ အခွန်ကောက်နေကြောင်း သိရသည်။ “သူတို့အင်အား (၃၀) လောက်ရှိမယ်။ လမ်းမကြီးတွေမှာ လုံခြုံရေးယူထားတာတွေလည်းရှိတယ်။ ခရီးသွားလာသူ တွေကို စစ်ဆေးမေးမြန်းမှု တင်းကြပ်တာတွေ ပြုလုပ်ပြီး ငွေကြေးတောင်းခံ နေကြတယ်။ အိမ်စီးကားဆိုရင် (၅) သောင်းပေး ရပြီး ကုန်တင်ကားဆိုရင် (၂) သိန်းလောက်ပေးရတယ်” ဟု ခရီးသွား ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းသည် တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ ပြည်သူ များထံ အခွန်ကောက်နေမှုများ ပြုလုပ်သည့်အတွက် ပြည်သူများ အခက်ခဲ ကြုံတွေ့နေရသည်။ https://burmese.shanne ws.org/archives/29286

၂၄။ ဖားကန့်တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီပန့်ဆိုင်များပိတ်ထား
18 July 2022
ဖားကန့်မြို့တွင် စက်သုံးဆီပြတ်လပ်မှုကြောင့် မြို့တွင်းရှိ ဆီပန့်ဆိုင်များ ယနေ့ ဇူလိုင် ၁၈ ရက်နေ့ မှစပြီး ပိတ်ထားရ ကြောင်း ဒေသခံများထံမှ သိရသည်။ ဆီပန့်အရောင်းဆိုင်ကြီးများတွင် ဓာတ်ဆီ၊ ဒီဇယ် ကားအဝင်မရှိသည့်အတွက် ဟုဆိုကာ ယနေ့ နံနက်ပိုင်းမှ ဆီများအားလုံး နီးပါး ပိတ်ထားသည်ဟု ဖားကန့်မြို့ အေးမြသာယာရပ်ကွက်နေအမျိုးသားတစ်ဦးက KNG သတင်းကို ပြောသည်။ “ဖားကန့်မြို့ထဲက ဆီဆိုင်ကြီး တွေ ပိတ်ထားတယ် မနေ့တုန်းကတော့ တစ်ဆိုင်လောက်ပဲ ပိတ်ထား တယ်။ အခုမနက်တော့ ဆီဆိုင်ကြီး တွေအားလုံးနီးပါး ပိတ်ထားတယ် ဒေါ်ရှမ်းမဆီပန့် ၊ မြဧရာ၊ ရွှေအောင်ဟိန်းထက်တို့ ရွှေမြန်မာတို့ အဲ့အကြီး တွေအကုန်ပိတ်ထားတာ ဆီလက်ကျန်ကုန်သွားလို့ ပိတ် လိုက်တာတဲ့”ဟုပြောဆိုသည်။

လက်ရှိတွင် စက်သုံးဆီ အရောင်းဆိုင်များတွင် “ဆီလက်ကျန်ကုန်နေပါသဖြင့် ဆိုင်ပိတ်ထားသည်” ဟု အသိပေးစာ များကပ်ထားပြီး ဆီပန့်ဆိုင်များပြန်ဖွင့်နိုင်မည့်အချိန်ကို ဒေသခံများက မျှော်လင့်နေကြောင်း ဒေသခံများကဆိုသည်။ “ဘယ်တော့ပြန်ဖွင့်မလဲမသိဘူးဗျ။ ဆီမရှိရင်တော့ ပြည်သူတွေက ဒုက္ခရောက်ကြ တာပေါ့။ အားလုံး ခက်ခဲသွားတာ အခုက ဖွင့်တဲ့ဆိုင် မရှိဘူး တစ်ဆိုင်နှစ်ဆိုင်လောက်နဲ့ အပြင်မှာ ပုလင်းချိန် ရောင်းတဲ့ ဆိုင်သေးလေးတွေလောက်ပဲရှိတယ် အခုက ဖွင့်တဲ့တစ်ဆိုင်နှစ်ဆိုင်ကလည်း လူတစ်ယောက်ကို နှစ်ဂါ လံပဲ အများဆုံးရှောင်းပေးတယ်” ဟု ဖားကန့် ဒေသခံတစ်ဦးက ပြောသည်။ ဖားကန့်တွင် ဒီဇယ် တစ်ဂါလံ ၁၃၂၀၀ ကျပ်၊ ဓာတ်ဆီတစ်ဂါလံ ၁၄၃၀၀ ကျပ်အထိရှိပြီး အပြင် ပုလင်းချိန်ရောင်း သည့်ဆိုင်များ တွင် တစ်ပုလင်း ၃၀၀၀ ကျပ်အနည်းဆုံးရှိကြောင်းသိရသည်။ https://burmese.kachinn ews.com/

၂၅။ ကျိုင်းတုံမြို့ CDM ကျောင်းဆရာ နှစ်ဦးကို စစ်ကောင်စီတို့ဖမ်းဆီးသွား
July 18, 2022
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ မှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာနှစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား ကြောင်း စုံစမ်းသိရသည်။ (ဇူလိုင် ၁၇) ရက်တွင် ကျိုင်းတုံမြို့မှ CDM ကျောင်းဆရာနှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသည့် အသက် ၃၀ ဝန်းကျင်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဘာကြောင့် ဖမ်းသလဲတော့ ကျမတို့လည်း မသိရပါဘူး၊ ဒါပေမဲ့ ခွင့်ပြုချက်မရဘဲ စာသင် ခွင့်မရှိဘူး ဆိုပြီး အော်ဆဲကြတာ၊ ဆရာနှစ်ယောက် လုံးက CDM လုပ်ပြီး အပြင်မှာ အင်္ဂလိပ်သင်ပေးနေတဲ့ သူတွေပါ” ဟု ၎င်းအမျိုးသမီးက ပြောသည်။ ဖမ်းဆီးခံရသူများသည် ဆရာဇော်ထက် (ခ) ရွှေမန်းနှင့် ဆရာနေလင်းတို့ဖြစ်ကြပြီး လက်ရှိတွင် မည်သည့် နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်း မသိရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတို့မှ ယင်းကဲ့သို့ ရုတ်တရက်ဖမ်းဆီးခြင်းများ ပြုလုပ်လာသည့်အတွက် ကျိုင်းတုံမြို့ အတွင်းရှိ CDM များ အတွက် အန္တရာယ် ပိုမိုကြီးမားလာနိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြော သည်။ “Kaung For You က ဆရာတွေ ဖမ်းခံရတယ်ဆိုကတည်းက စစ်ကောင်စီတွေဟာ ဆရာ/ဆရာမတွေ လိုက်ဖမ်းနေတာ အဖမ်းခံရတဲ့ ဆရာ/မတွေ မနည်း တော့ဘူး။ တချို့ဆရာ/ဆရာမတွေက ဆူပူ အကြမ်းဖက်မှု ပုဒ်မ နဲ့ အဖမ်းခံရတာရှိတယ်။ ဒါကြောင့် ကျန်နေတဲ့ CDM သမား တွေအတွက်လည်း အန္တရာယ် များတယ်” ဟု အထက်ပါမျိုးသားကပြောသည်။ “လူတိုင်း ပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံး မူလတန်း ပညာကို အခမဲ့ သင်ခွင့် ရှိသည်”။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်း ရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေးများကို လူ့အခွင့်အရေး ကြေညာစာတမ်းအဖြစ်အတည်ပြု ကြေညာခဲ့သည်။ စစ်ကောင်စီအနေဖြင့် ကလေး သူငယ်များ၏ ပညာသင်ကြားပိုင်ခွင့် (Right to Education) ကို မျက်ကွယ်ပြုကာ နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချရန် ကြိုးစားနေသည်။ https://burmese.sh annews.org/ar chives/29271

၂၆။ ဖာပွန်ခရိုင်၌ ထိုင်းနယ်ခြားစောင့်ရဟတ်ယာဉ် နယ်စပ်စည်းမျဉ်း ၂ ကြိမ် ဖြတ်ကျော်ပျံသန်း
18 July, 2022
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ) တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်၊ ပေါကားဒဲ (ဝဲကြီးဒေသ) ကို ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁ နာရီလောက်က ထိုင်းဘုရင့်တပ်မတော်- နယ်ခြားစောင့်တပ်ရ ဟတ်ယာဉ် ၁ စီး ၂ ကြိမ်ပျံသန်းသွားခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ စိုးရိမ်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့်တပ်က ရှေ့တန်းစခန်းတွေ အတွက် စားနပ်ရိက္ခာပို့ဆောင်ချိန်နဲ့ နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကနေ ကင်းလှည့်ပျံသန်းချိန် အတွင်းမှာ နယ်စပ်စည်းမျဉ်းကို ၂ ကြိမ်တိုင်တိုင် ဖြတ်ကျော်ပျံသန်းသွားခဲ့တာပါ။

ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့်တပ်အနေနဲ့ နယ်စပ်လုံခြုံရေးအတွက် လေကြောင်းကနေ ကင်းလှည့်ပျံသန်းမှု မ ပြုလုပ်ခင် ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ မူတြော်ခရိုင်၊ နယ်စပ်လုံခြုံရေး တာဝန်ရှိသူတွေဆီကို ကြိုတင် အသိပေးအကြောင်းကြားရစမြဲဖြစ်ပြီး အခုပျံသန်းမှုအတွင်း တစုံတရာကြိုတင် အကြောင်းကြားတာ မရှိခဲ့ဘူးလို့ဆို ပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ကြိုတင်အသိပေးအကြောင်း ကြားထားတာမရှိတဲ့အတွက် ထိုင်းဘုရင့်တပ်မတော်-နယ်ခြားစောင့် တပ်ရဲ့ ရဟတ်ယာဉ်မဟုတ်ဘဲ စစ်ကောင်စီပိုင် ရဟတ်ယာဉ်သာဖြစ်နိုင်တယ်လို့ ဒေသခံအရပ်သားပြည်သူတွေက ဝေဖန်ပြော ဆိုနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီက လူသောမြို့နယ်၊ ပေးကေးကျေးရွာအုပ်စုနဲ့ ဘူးသိုမြို့နယ်၊ ပါဟိုက် ကျေးရွာ အုပ်စုအတွင်းက ကျေးရွာနှစ်ရွာအတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံ အရပ်သားပြည်သူ ၁၀ ဦးကျော် သေဆုံးဒဏ်ရာရရှိခဲ့သလို နေထိုင်သွားလာရေးနဲ့ လုပ်ကိုင်စား သောက်ရာမှာ စိုးရိမ်ထိန့်လန့်နေ ရတယ်လို့ ကေအန်ယူ က ထုတ်ပြန်ပါတယ်။ http://burmese.dvb.no/archives/543917

၂၇။ နမ္မတီး ရဲစခန်းနှင့် စည်ပင်ရုံး မိုင်းဖောက်ခွဲခံရ
18 July 2022
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ မြို့လှရပ်ကွက်ရှိ ရဲစခန်းနှင့် စည်ပင်ရုံး ၂နေရာ ယမန်ည ၉ နာရီ ဝန်းကျင်တွင် မိုင်းဖောက်ခွဲခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။ “ဖောက်ခွဲခံရတဲ့အချိန်က ၉နာရီလောက်ရှိပြီ။ ဖောက်ခွဲတာက တစ်ကြိမ်ဘဲဖြစ်တာ။ ရဲစခန်းအတွင်းမှာဘဲ ကွဲတာ။ စည်ပင်ရုံးကဟာက မကွဲဘူးတဲ့။ သူတို့ ဒီမနက် မိုင်းကို ပြန်သိမ်းယူလိုက်ပြီလို့သိရတယ်။ အဲ့ကြောင့် ထိခိုက်မှုတွေက မရှိဘူး။ ဘယ်သူလုပ်တယ်ဆိုတာက ကျနော်တို့ လည်းမသိရဘူး”ဟုပြောဆိုသည်။

ရဲစခန်းအတွင်းမှာ ပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ၉ နာရီခွဲ ဝန်းကျင်ခန့်တွင် စစ်ကောင်စီအဖွဲ့က မြို့တွင်း လမ်းမကြီးတစ်လျှောက်သွားနေသော ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုများပြုခဲ့ကြောင်းသိရသည်။ ဒေသခံပြည်သူများပြောဆိုချက်အရ နမ္မတီး ရဲစခန်းအတွင်း စစ်ကောင်စီ စစ်သားများ တပ်စွဲနေထိုင်နေသည့်အတွက် ဖောက်ကွဲ ခံရမှုဖြစ်နိုင်သည်ဟု ဒေသခံပြည်သူများ ပြောဆိုချက်မှသိရသည်။ နမ္မတီးမြို့တွင် စစ်ကောင်စီအဖွဲ့နှင့် သက်ဆိုင်သည့် ဌာန ဆိုင်နေရာများတွင် ဖောက်ခွဲခံရမှုသည် ပထမဆုံအကြိမ်ဖြစ်ကြောင်း သိရသည်။ https://burmese.kachinnews.com /2022/ 07/18/july18-yl1/

၂၈။ မာန်အောင်မြို့ ရှိ KBZ ဘဏ်ဝန်ထမ်း ၂ ဦး ငွေအလွဲသုံးစားမှုဖြင့် ဖမ်းဆီးခံရ
18 July, 2022
ရခိုင်ပြည်နယ် မာန်အောင်မြို့ရှိ KBZ ဘဏ်မှ အကြီးတန်းစာရေး အမျိုးသမီးဝန်ထမ်း ၂ ‌ယောက်ကို ငွေအလွဲ သုံးစား လုပ်မှုနဲ့ ဇူလိုင် ၁၆ ရက်က ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ မာန်အောင်မြို့ ဘဏ်ခွဲတာဝန်ရှိသူ တဦးက ပြောပါတယ်။ “လက်ရှိမှာ သူတို့ကို ငွေအလွဲသုံးစားပြုမှုနဲ့ မာန်အောင်ရဲစခန်းမှာ ဖမ်းဆီးပြီး အမှုဖွင့် ထားတယ်။ ရဲကတော့ ဘဏ်မှာ စိစစ်မှုတွေ လုပ်နေ သေးတယ်။” သူတို့ နှစ်ဦးဟာ ဘဏ်အကောင့်ပိုင်ရှင် ၉ ဦးဆီကနေ ဘဏ်ခွဲတာဝန်ခံ ခွင့်ပြုချက‌ေမရှိဘဲ ငွေကျပ်သိန်း ၁၈၃၅ သိန်းကို ထုတ်ယူထားကြောင်း စစ်ဆေးတွေ့ရှိရတာကြောင့် အရေးယူပေးဖို့ မာန်အောင် ဘဏ်ခွဲတာဝန်ခံက ရဲစခန်းမှာ လာရောက်တိုင်ကြား တဲ့အတွက် အခုလို ဖမ်းဆီးအမူ ဖွင့်ထားတာပဲ ဖြစ်ပါတယ်။

အခုဖွင့်ထားတဲ့အမှု ပုဒ်မအရ ထောင်ဒဏ် ၇ နှစ်အထိ ကျနိုင်တယ်လို့ ရဲအရာရှိတဦးက ပြောပါ တယ်။ ဖြစ်စဉ်နဲ့ ပတ်သက်လို့ မာန်အောင်မြို့ KBZ ဘဏ်ခွဲက အသက် ၂၉ နှစ်နဲ့ ၃၁ အရွယ် အကြီးတန်းစာရေး အမျိုးသမီး နှစ်ဦးကို ငွေအလွဲ သုံးစားလုပ်မှု ပုဒ်မ ၄ဝ၈၊ လက်မှတ်အတု လုပ်မှု ပုဒ်မ ၄၆၈ တို့နဲ့ ဖမ်းဆီးအမှု ဖွင့်ထားပါတယ်။ http://burmese.dvb.no /arc hives/544007

၂၉။ ရွာငံမြို့နယ်မှ စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသူ တစ်ဦး သတ်ဖြတ်ခံရ
July 17, 2022
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် နဘန်းကြီးကျေးရွာတွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် အမျိုးသား တစ်ဦး သတ်ဖြတ်ခံလိုက်ရကြောင်း စုံစမ်းသိရသည်။ (ဇူလိုင် ၁၆)ရက်တွင် ရွာငံမြို့နယ် နဘန်းကြီးကျေးရွာမှ စစ်တပ်သတင်း ပေး ဒလန်ဟု အမည်ထွက်နေသည့် ဖိုးရှူး အသက် (၄၃) နှစ်သည် ဓားဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သတင်း သိရသည်။ “အိမ်မှာ အသတ်ခံရတာတော့ မဟုတ်ပါဘူး၊ ကိစ္စတစ်ခုရှိလို့ အပြင်သွားနေတုန်း အသတ်ခံလိုက်ရတယ်လို့ သူ့ မိသားစုဝင်တွေကပြောတယ်၊ ဓားနဲ့ ထိုးသတ်ခံလိုက်ရတာတဲ့၊ ဓါးချက်တွေလည်း တော်တော်များတယ်”ဟု နဘန်းကြီးကျေးရွာ မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းဖြစ်စဥ်များ နှင့် ပတ်သက်ပြီး တောင်ကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ရွာငံမြို့ ပြပျောက် ကြားတပ်ဖွဲ့ (YUG) က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရွာငံ PDF က ထုတ်ပြန် ကြေညာ ထားသည်။ ဖိုးရှူးဆိုသူသည် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်မှ ၂၂ ရက်အထိ (TPDF ) နှင့် (YUG) ပူးပေါင်း တပ်စခန်းရှိရာသို့ အာဏာသိမ်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးရာ၌ လိုက်ပါကူညီခဲ့သူဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ https://burmese.shannews.o rg/archives/29245

၃၀။ ဘူးသီးတောင်မြို့ရှိ စက်မှုလက်မှုသိပ္ပံကျောင်းကို အမြန်ဆုံးဖွင့်လှစ်ပေးရန် ဒေသခံများလိုလား
July 19, 2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ နန်းရာကုန်း ကူတို့ဆိပ်ကျေးရွာအနီးတွင် တည်ဆောက်ထားသည့် စက်မှုလက်မှု သိပ္ပံကျောင်းကို ဒေသဖွံ့ဖြိုးရေးအတွက် အမြန်ဆုံးဖွင့်လှစ်ပေးရန် ဒေသခံများက လိုလားနေကြသည်။ အဆိုပါ စက်မှုလက်မှု သိပ္ပံကျောင်း ဖွင့်လှစ်ပြီးစီးပါက ဒေသအတွင်း စည်ကားဖွံ့ဖြိုးလာမည်ဖြစ်ပြီး လူငယ်များအတွက်လည်း ပညာရေးအခွင့် အလမ်းများ ပိုမိုရရှိလာမည်ဖြစ်သောကြောင့် အမြန်ဆုံးဖွင့်လှစ်ပေးစေလိုကြောင်း ဘူးသီတောင်မြို့ခံ ကိုအောင်မင်းသူက DMG ကို ပြောသည်။ “ဒီကျောင်းဖွင့်ပြီးသွားရင် မြို့ကအတိုင်းအတာတစ်ခုထိ စည်ကားလာပြီး ဒေသခံတွေလည်း အလုပ်အကိုင် လေးတွေ ရလာမှာဖြစ်တယ်။ အဓိကလူငယ်တွေ ပညာရေးအခွင့်အလမ်း ရှိလာမှာဖြစ်တဲ့အတွက် အမြန်ဆုံးဖွင့်လှစ်ဖို့ တောင်း ဆိုချင်တယ်”ဟု ကိုအောင်မင်းသူကပြောသည်။ အဆိုပါ စက်မှုလက်မှုသိပ္ပံကျောင်းကို ပြီးခဲ့သည့် NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် ပြီးစီးခဲ့သော်လည်း လက်ရှိတွင် ရပ်နားထားခြင်းကိုတွေ့ရ ကြောင်းလည်း ဒေသခံများကဆိုသည်။

ယင်းကြောင့် အဆောက်အအုံတချို့ ပြီးစီးမှုရှိနေပြီဖြစ်သော်လည်း ကျောင်းဖွင့်လှစ်ရေးအတွက် ဆက်လက်အကောင် ထည်မဖော်ဘဲ ရပ်နားထားခြင်းမှာ ဒေသဖွံ့ဖြိုးရေးအကျိုးကို လျစ်လျူရှုထားခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေ က ဝေဖန်သည်။ “ကျောင်းက ၂၀၂၀ ခုနှစ်မှာကတည်းက ပြီးသင့်သလောက် ရှိနေခဲ့ပြီ။ ဒါကိုရပ်နားထားခဲ့ကြတာ။ ဆက်ပြီး အကောင်အထည်ဖော်ရမှာက အစိုးရမှာ တာဝန်ရှိတဲ့အတွက်ကြောင့်မို့ ဒါဟာ ဒီဒေသကလူတွေကို ခွဲခြားဆက်ဆံထားတာပဲဖြစ်တယ်”ဟု ဦးအောင်သောင်းရွှေက ပြောသည်။ “ရခိုင်မှာ ပညာရေးကိုမပြောနဲ့ ကုန်သွယ်စီးဆင်းရေးနဲ့ အခြား အခွင့်အလမ်းတွေကိုပါ ပိတ်ပင်နေတာ။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်တယ်။ တောင်းဆိုရင်လည်းရမှာမဟုတ်ဘူး။ ဟန်ပြလုပ်တာပဲရှိမယ်”ဟု ဦးအောင်သောင်းရွှေကပြောသည်။ ထိုသို့ စက်မှုလက်မှု သိပ္ပံ ကျောင်း အမြန်ဆုံးဖွင့်ပေးဖို့ ဒေသခံများ တောင်းဆိုမှုနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးကို DMG က ဆက်သွယ်ခဲ့ရာတွင် “ကျောင်းဆောင် ပင်မအဆောက်အုံက ပြီးထားပါပြီ။ ဖွင့်လှစ်ဖို့ဆိုတာကတော့ ဆရာမအဆောင် တွေနဲ့ ကျောင်းသားအဆောင်တွေက မပြီးသေးတဲ့အပိုင်းတွေရှိတယ်။ ဒီနှစ်မှထပ်ပြီး ဘတ်ဂျတ်ကျတယ်လို့ပြောသံကြားတယ်။ ကျနော့်ဆီကိုတော့ မရောက်သေးတဲ့ အတွက် တိတိကျကျမပြောနိုင်သေးဘူး”ဟု ဦးကျန်အေးကပြောသည်။

၃၁။ ဒူးပလာယာခရိုင်ကို စစ်ကောင်စီက လေကြောင်းမှ အကြိမ် ၁၆၀ ကျော် တိုက်ခိုက်ခဲ့ဟု KPSN ထုတ်ပြန်
19 July, 2022
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေ ဒီလဆန်းပိုင်းအထိ ကေအန်ယူ ဒူးပလာယာခရိုင်ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၁၆၀ ကျော် တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေရဲ့ အိမ်တွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံ အများအပြား ပျက်စီးခဲ့ တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ ၈ ယောက်သေဆုံး၊ ၆၃ ယောက် ဒဏ်ရာရခဲ့ပြီး လူပေါင်း ၈၇,၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KPSN က ပြုစုထုတ်ပြန်တဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုအပေါ် ပိုအားကောင်းတဲ့ စီးပွားရေး သံတမန်ရေး ဖိအားတွေပေးကြဖို့နဲ့ ဂျပန်နိုင်ငံအနေနဲ့ လက်ရှိ လုပ်နေတဲ့ စီမံကိန်းတွေရပ်ဆိုင်းဖို့ကိုလည်း KPSN က တောင်းဆိုထားပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) နဲ့ စစ်တပ်တို့ အပြန်အလှန်အပစ်ရပ်ခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အုပ်စုဆန့် ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ ခိုလှုံလာကြတဲ့ ကေအန်ယူတပ်မဟာ ၆ ဒူးပလာယာခရိုင်ထဲမှာ တင်းမာမှုတွေ စလာခဲ့တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတော့ စစ်တပ်ဘက်က အင်အားတိုးချဲ့လာခဲ့သလို လေးကော့ကော်မြို့သစ်ကို ဝင်ရောက်ရှာဖွေ ပြီးနိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့တာကြောင့် တိုက်ခိုက်တာတွေစတင်ခဲ့ပြီး စစ်တပ်ဘက်ကလေကြောင်းကနေတိုက်ခိုက် လာခဲ့ပါတယ်။ ရန်ကုန်၊ မှော်ဘီလေတပ်က တိုက်လေယာဉ်တွေ၊ မော်လမြိုင်နဲ့ ဖားအံလေတပ်က တိုက်ခိုက်ရေးရ ဟတ်ယာဉ် တွေနဲ့ စစ်ကောင်စီဟာ ဒေါနတောင်တန်းနှစ်ဖက်ခြမ်းလုံးကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြတယ်လို့ KPSN က ဆိုပါ တယ်။ သူတို့ ပြုစုထားတဲ့ စာရင်းအရ ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ဥကရစ်ထကို ဂျက်တိုက်လေယာဉ် ၈ စီးနဲ့ ၄၉ ကြိမ် အထိ အများဆုံး တိုက်ခိုက်ခဲ့ပြီး မေလ ၁၈ ရက်နေ့က သေဘော့ဘိုးကို ဂျက်တိုက်လေယာဉ် ၄ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနဲ့ ၃၈ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ ဇူလိုင် ၁ ရက်နေ့က သေဘော့ဘိုးနဲ့ ဥကရစ်ထကို ဂျက်တိုက် လေယာဉ် ၃ စီးနဲ့ ၃၁ ကြိမ်၊ ဇွန် ၃၀ ရက်နေ့က သေဘော့ဘိုးကို ဂျက်တိုက်လေယာဉ် ၈ စီးနဲ့ ၂၂ ကြိမ်တိုက်ခိုက်ခဲ့ တယ်လို့ဆို ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်ကနေ အခု ဇူလိုင် ၃ ရက်နေ့အထိ အတွင်းမှာ ၂၈ ရက် လေကြောင်းကနေ တိုက်ခိုက်ခဲ့ ပြီး စုစုပေါင်း ၁၆၅ ကြိမ်ရှိပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ ခြေလျင်တပ်ရင်း၊ အမြောက်တပ်ရင်းနဲ့ စစ်ကောင်စီတပ်မတွေ၊ နယ်ခြား စောင့်တပ် တွေလည်း ပါဝင်ပြီး လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေကို ပစ်ခတ်တာကြောင့် အခု ဇွန်လ ကုန်ပိုင်း အထိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဝင်းရေးနဲ့ ကျုံဒိုးမြို့နယ်တို့က ကျေးရွာပေါင်း ၁၀၀ ကျော်မှာ လူပေါင်း ၈၇၀၀၀ လောက်ဟာ ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။ http://burmese.dvb.no/archives /544166

၃၂။ ပူတာအို ရေအားလျှပ်စစ် စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် နှစ်ညခြားတစ်ကြိမ်သာ မီးပေးနေ
July 18, 2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနေသည့် အထက်နမ့်ထွမ် ရေအားလျှပ်စစ် စက်ရုံ မိုးကြိုးပစ်ခံရသဖြင့် လတ်တလော ပူတာအိုတစ်မြို့နယ်လုံးကို နှစ်ရက်ကြား တစ်ကြိမ်သာ မီးပေးနိုင်ပြီး ပျက်စီးထိခိုက် သွားသည့် ရေအားလျှပ်စစ်ပြုပြင်ချိန် အချိန်နှစ်လ ခန့်ကြာမြင့်နိုင် မည်ဖြစ်ကြောင်း သိရသည်။ ပူတာအိုမြို့တွင် ဇွန်လ ၂၇ ရက်နေ့က ည ၁၀ နာရီခန့် အချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးကြိုး လေးချက်ခန့်ပစ်ချခဲ့ရာ အထက်နမ့် ထွမ်ရေအား လျှပ်စစ် စက်ရုံတွင်လည်းတစ်ကြိမ် ထိခိုက်ခဲ့သဖြင့် လျှပ်စစ်ဓာတ်အား အလုံအလောက် မထုတ်ပေးနိုင်သောကြောင့် လတ်တ လော ပူတာအို တစ်မြို့နယ်လုံးကို အလေ့ကျစနစ် ဖြင့်နှစ်ည ခြားတစ်ကြိမ်သာ လျှပ်စစ်မီးပေးနိုင်ကြောင်း ပူတာအိုမြို့နယ် EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောသည်။

“ဟုတ်တယ်စက်က မိုးကြိုးဝင်သွားလို့ဟုတ်တယ်။ ကျွန်တော်တို့က ခါတိုင်းတော့ စက်နှစ်လုံးမောင်း တော့ မီးက ပုံမှန်လို ၂၄ နာရီပေးနိုင်တယ်။ ဒါပေမယ့်အခုက စက်က မိုးကြိုးဝင်တော့ တစ်လုံးပဲ မောင်းလို့ ရတယ်။ ကျနော်တို့က မပေးနိုင် တာပေါ့။ အခုက အလေ့ကျစနစ်နဲ့ ရပ်ကွက် ကျေးရွာလိုက်ခွဲပြီး နှစ်ညခြား တစ်ကြိမ်ခွဲတမ်း စနစ်နဲ့ပေးနေတယ်”ဟု ပြောဆို သည်။ မိုးကြိုးကြောင့် ပျက်စီးထိခိုက်သွားသည့် ယင်းစက်ကိုပြုပြင်ရန် စက်ပြင်ဆရာကို တရုတ်နိုင်ငံမှာ ခေါ်ယူထားပြီး ယခုထိ မရောက်နိုင်သေးသည့်အပြင် စက်ပြုပြင် ချိန်ကြာမြင့်နိုင်သောကြောင့် ယခုကဲ့သို့ နှစ်ည ခြားတစ်ချိန်မီးပေးစနစ်သည် အချိန် နှစ်လခန့်ကြာမြင့်နိုင် ကြောင်း ပူတာအို EPC ရုံးမှ သိရသည်။ ပူတာအိုတွင် ယခုကဲ့သို့ လျှပ်စစ်မီးပုံမှန်မရသည့် အပြင် ဘတ်ထရီ၊ ဆော်လာမီး အသုံးပြုရန်လည် မိုးအဆက် မပြတ်ရွာသွန်းနေသောကြောင့်ဒေသခံများ ညဘက်အခက်အခဲဖြစ်နေ ကြောင်း အလျှင်အမြန် ပြုပြင်စေလိုကြောင်း ပူတာအို ကောင်ကထောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ “ဟုတ်တယ် ဗျ မီးက ခုဆို ၂ ညတခါပဲလာတယ်။ စက်မိုးကြိုးပစ်ခံရတယ် လို့တော့ ကြားတယ်။ ဒါပေမယ့် ဟိုလကတည်း ကလည်း တစ်လတောင်ပြည့်တော့မယ်။ ခုထိမီးက ပုံမှန်မရသေးဘူး ကြာနေတာ ရက် ၂၀ ကျော်နေပြီ ဘာနဲ့မီးလင်းမလည်း ဆော်လာမီး ဘတ်ထရီမီးသူံးမယ်ဆိုလည်း တချို့ရှိ တဲ့အိမ်ဆိုလည်း နေကမပူဘူး မိုးပဲရွာနေတာ အဲ့တော့ညဆို မှောင်မဲနေ တာ”ဟု ပြောဆို။ https://burmes e.kachinnews.com/2022/07/18/july18-az1/

၃၃။ ရခိုင်တွင် ယခုလအတွင်း တစ်နေ့လျှင် လူ (၁၈) ဦးခန့်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုရှိနေ
July 18, 2022
ရခိုင်တွင် ယခုလအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးရှိနေပြီး တစ်နေ့လျှင် ပျမ်းမျှအားဖြင့် လူ ၁၈ ဦးခန့်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုရှိနေကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရ သည်။ ရခိုင်တွင် ယခုနှစ် ဇန်နဝါရီလမှ စပြီး ဇူလိုင်လ ၁၇ ရက်နေ့အထိ ၇ လနီးပါး အတွင်းမှာသွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွါးသူ ၇၂၀ ဦးအထိရှိကြောင်းသိရသည်။ မိုးတွင်းကာလဖြစ်သည့် မေ၊ ဇွန်နှင့် ဇူလိုင်လများ မှာ‌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအများဆုံးရှိနေသည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်း ပိုင်မှ Western News ကိုပြောသည်။ “အခုနှစ် ဇန်နဝါရီလမှ စပြီး လတိုင်းလိုလိုမှာ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ တွေရှိပေမယ့် မေ၊ဇွန်နဲ့ ဇူလိုင်လတွေမှာ အဖြစ်များတာကို တွေ့ရတယ်။ ဒီရောဂါက မိုးတွင်းမှာ ဖြစ်ပွားမှုအများဆုံး ဖြစ်တယ်” ဟုပြောသည်။ ယခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းမှ ဇွန်လ (၂၈) ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၇၇ ဦးထိ သာရှိခဲ့သော်လည်း ဇွန်လ ၂၉ ရက်နောက်ပိုင်းမှ ဇူလိုင်လ ၁၇ ရက်နေ့အထိ ရောဂါဖြစ်ပွားသူ ၇၂၀ ဦးအထိရှိလသည့် အတွက် ၃ပတ်အတွင်းမှာ ရောဂါဖြစ်ပွားသူဦးရေ ၃၄၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်သည်။

ရခိုင်တွင် တောင်ကုတ်၊ စစ်တွေ နှင့် သံတွဲမြို့နယ်များတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးမှု အများဆုံးရှိနေပြီး တောင်ကုတ်တွင် ၁၃၈ ဦး၊စစ်တွေတွင် ၁၂၆ ဦးနှင့် သံတွဲတွင် ၈၁ ဦးအထိရှိသည်။ ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွါး နေသူဦးရေ ၇၂၀ ရှိသည့်ထဲတွင် သေဆုံးသူ တစ်ဦးမျှ မရှိသေးကြောင်း ဒေါက်တာစိုးဝင်းပိုင်မှ ပြောသည်။သွေးလွန် တုပ်ကွေး ရောဂါသည် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် (Dengue Virus) သယ်ဆောင်လာသည့် ခြင်ကျားအကိုက်ခံရခြင်းမှဖြစ်ပွါးခြင်းဖြစ်ပြီး ခြင်ကျား၊ လောက်လန်း အများဆုံးပေါက်ပွါးနိုင်သည့်မိုးရာသီတွင် ဖြစ်ပွါးမှုအများဆုံး ရှိနေခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေး ရောဂါသည် အသက်အရွယ်မရွေးကလေးငယ်များ နှင့် လူကြီးများတွင် ဖြစ်ပွါးနေခြင်းဖြစ်ပြီး အသက် ၁၅ နှစ်အထက် လူကြီး များတွင် ဖြစ်းပွါးပါက သေဆုံးနှုန်းမြင့်မားနိုင်သည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသည်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button