တိုင်းရင်းသားများသတင်း

KNU နယ်မြေထဲက DJC ကောလိပ် ဘွဲ့နှင်းသဘင်ကျင်းပ

ဧပြီ ၈၊ ၂၀၂၂ (သထုံ)

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် Doo Tha Htu College (DJC) ကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဒီကနေ့ ဧပြီ ၈ ရက် ဘီးလင်းမြို့နယ် လယ်ဖိုးကျေးနယ်အုပ်စု ထီးလေးခေါ့ကျေးရွာ Junior College ကျောင်းမှာ ကျင်းပခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

အခမ်းအနားမှာ ကေအဲန်ယူ ဗဟို၊ ခရိုင်၊ မြို့နယ်ခေါင်းဆောင်တွေ၊ တပ်မဟာ တပ်ရင်းက ခေါင်းဆောင်တွေနဲ့ ကျောင်းသားမိဘတွေ၊ ဧည့်သည်တွေအပါအဝင် စုစုပေါင်းလူဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ကြတယ်လို့ သိရသည်။

ယခုနှစ်ကျောင်းဆင်းပွဲနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ နောက်ဆုံးနှစ် ကျောင်းသားကျောင်းသူ (၂၈) ဦးကို ဘွဲ့လက်မှတ်အပ်နှင်းခဲ့ပြီး ၂၀၁၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ လေးနှစ်တာအတွင်း ဒူးသထူဂျူနီယာ ကောလိပ်ကနေ အောင်မြင်ပြီး ဘွဲ့လက်မှတ်အပ်နှင်ခြင်းခံရတဲ့ ကျောင်းသားကျောင်းသူစုစုပေါင်း (၄၁) ဦးရှိခဲ့ပြီလို့ သိရသည်။

ဒူးသထူဂျူနီယာကောလိပ်(DJC)ဟာ ကော်သူးလေ ကရင့်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန(KECD)လက်အောက်ခံ ကျောင်းတစ်ကျောင်းဖြစ်ပြီး အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး၊ သိပ္ပံနဲ့ ကွန်ပျူတာ ဘာသာရပ်ငါးရပ်ကို အဓိကထား သင်ကြားပို့ချက်လျက်ရှိသည်။

ဒူးသထူဂျူနီယာကောလိပ်(DJC)ဟသည် ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်(သထုံ) ဘီးလင်း မြို့နယ်အတွင်းမှာရှိပြီး ၂၀၁၄ ခုနှစ် ဇွန်လပိုင်းက စတင်တည်ထောင်ခဲ့သည့်ကျောင်းဖြစ်သည်။

Related Articles

Back to top button