သတင်း

နေ့စဉ်သတင်း အကျဉ်း

#Photo_Credit

#Federal_Journal

ဒီဇင်ဘာ – ၅ – ၂၀၂၁

 

  • ကချင်ပြည်နယ်၊ ဖာကန့်မြို့ရှိ၊ ကျောင်းသားလူငယ်များနှင့် တော်လှန်ပြည်သူများသည် ဒီဇင်ဘာလ ၅ ရက်တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေးနှင့် စစ်ကျွန်ပညာဆန့်ကျင်ရေး လှည့်လည်ချီတက်ဆန္ဒပြကြသည်။

 

  • ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသူ/သားများနှင့် လူငယ်များက ရန်ကုန်လူထုသပိတ်စစ်ကြောင်း အ ကြမ်းဖက်ဖြိုခွင်းခံရပြီး ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ကြသော တော်လှန်ရေးရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် ‘ရန်ကုန်သွေးတွေ မြေခနေပြီ၊ တစ်ပြည်လုံးသွေးတွေ ဆူပွက်ကြဟေ့’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ယနေ့ ဒီဇင်ဘာ ၅ ရက်ေန့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။

 

  • ထားဝယ် ခရိုင် ၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျောင်းသူ/သားများနှင့် လူငယ်များက ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း “လူအခွင့်အရေး တောင်းယူလို့မရ၊ တိုက်ယူကြ” ကြွေး ကြော်သံများနှင့်အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

 

  • စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ပျက်ရက်မရှိဘဲ ဆန္ဒထုတ်ဖော်လာတာ ၃၀၁ ရက်ရှိလာခဲ့ပြီး ဒီကနေ့မှာလည်း လမ်းမပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

 

  • ကြည့်မြင်တိုင်မြို့နယ်တွင် ရန်ကုန်လူထုသပိတ်မှ ဆန္ဒပြလူငယ်များကို ယနေ့ နံနက် ၈ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်တပ်က စစ်ကားဖြင့် တိုက်သတ်ခဲ့ပြီး ကားဖြင့်တိုက်၍ လူငယ် ၃ ဦး ပွဲချင်းပြီး ကျဆုံးခဲ့ရသည်။ လူငယ်တစ်ဦးမှာ သေနတ်ကျည်ထိ၍ သွေးလွန်ပြီး ကျဆုံးခဲ့ရသည်။ ယနေ့ စစ်တပ် သတ်ဖြတ်မှုကြောင့် ရန်ကုန်တွင် ပြည်သူ ၄ ဦး ကျဆုံးခဲ့ရသည်။

 

  • ရန်ကုန်တွင် မြို့နယ်စုံအသီးသီးမှ ကျောင်းသားသမဂ္ဂများနှင့် လူထုအခြေပြုသပိတ်ကော်မတီ တို့ပူးပေါင်း၍ ”စစ်အစိုးရ၊စစ်အုပ်စု၊စစ်ဗျူရိုကရေစီယန္တရားတိုက်ဖျက်ဖို့ လူတန်းစားလူ့အလွှာအားလုံးပါဝင်စို့ ” ဟူသော စာတန်းကိုင်စွဲကာ အကြမ်းဖက်ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ချီတက်မှုကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • မန္တလေးပြည်သူများ၏ စုပေါင်း သပိတ်စစ်ကြောင်းများက “ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ” စာတန်းကိုင်ဆောင် နိုးဆော်ပြီး ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့တွင် ရန်ကုန်သပိတ်တွင် ကျဆုံးခဲ့ရသည့် လူငယ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နှင့်အတူ စစ်အာဏာရှင် အမြန်ဆုံး ကျဆုံးရေး ကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

 

  • မန္တလေးမြို့တွင် စစ်အာဏာရှင်ကို အလိုမရှိသည့် LGBT သပိတ်စစ်ကြောင်းက ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ “ဆိုသည့် လူ့အခွင့်အရေးနေ့လှုပ်ရှား မှု ရက်သတ္တပတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများ စုပေါင်း၍ ဒီဇင်ဘာလ ၅ ရက်နေ့က အကြမ်း ဖက် ဖက်ဆစ် စစ်အာရှင်ပြုတ်ကျရေး ကြွေးကျော်ချီတက်ဆန္ဒပြကြသည်။။

 

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ဒေသ ပင်မဆန္ဒပြသပိတ်နှင့်မုံရွာကျောင်းသားသမဂ္ဂစစ်ကြောင်းပူးပေါင်းကာ ဒီဇင်ဘာလ ၅ရက်နေ့က အကြမ်းဖက် ဖက်ဆစ် စစ်အာရှင်ပြုတ်ကျစေရန်ကြွေးကျော်ချီတက်ဆန္ဒပြခဲ့ကြသည်။

 

  • ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းမြို့နယ်မြောက်ခြမ်းရှိ ရွာပေါင်းစုံမှပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်တပ်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံ သပိတ် ၂၇၀ ရက်မြောက်နေ့အဖြစ် ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

 

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ်စစ်ကြောင်း ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် “ဆိတ်သုဥ်း‌နေတဲ့ လူအခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ”ဆိုတဲ့ စာသားဖြင့် paper strike ပြုလုပ်ကာ အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်နယ် ရေကြည်ပင် ရွာမှာ ဒီကနေ့ ဒီဇင်ဘာ(၅)ရက် ညနေပိုင်းကလည်း စစ်အာဏာရှင်ပြုတ်ကျရေးအတွက်သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

 

  • ယင်းမာပင်အရှေခြမ်း ပေကုန်းရွာတွင် ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညနေဆည်းဆာသပိတ်အဖြစ် ပြည်သူများ ချီတက် ဆန္ဒပြခဲ့ကြသည်။

 

  • ယင်းမာပင်မြို့နယ် ကျေးစာကျ ကျေးရွာသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေးညနေဆည်းဆာသပိတ်ကို ပြည်သူများ ချီတက် ဆန္ဒပြခဲ့ကြသည်။

 

  • ဝက်လက်မြို့နယ် အမျိုးသမီးသပိတ်စစ် ကြောင်းသည် စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်သွားရန်နှင့် အမျိုးသမီးများအား အကြမ်းဖက်နေသည့် ဖက်ဆစ်တပ်အား ထိုက်တိုက်သည့် အပြစ်ဒဏ် ကျခံစေရန် ကြွေးကြော်လျက် အမေ လူထုဒေါ်အမာ၏ `အာဏာရှင်ဆိုတာ ဘယ်တော့မှ အရှင်မထွက်ဘူး´ ဟူသည့်သမိုင်းဝင်စကားကိုတိုင်တည်ရင်း ချီတက်ဆန္ဒပြခဲ့ကြပါသည်။
  • ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် “ဆိတ်သုဥ်း‌နေတဲ့ လူအခွင့်အ ရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ”ဆိုတဲ့ စာသားဖြင့် paper strike ပြုလုပ်ကာ အကြမ်း ဖက် စစ်ကောင်စီ ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အရာတော်မြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ၅ ရက်နေ့က”အားတင်းထား ရန်ကုန် ၅/ တွေရှိတယ်” စာတန်းကိုင်စွဲကာ အရာတော်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)က အကြမ်းဖက် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြသည်။

 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများစုစည်း၍ အကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်သည့် ဆန္ဒပြ သပိတ်မှောက်ချီတက်မှုကို ဒီဇင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ချီတက်ကြသည်။

 

  • မြိုင်မြို့နယ် တောင်ပိုင်းတွင် ပြည်သူများ စုပေါင်း၍ ယနေ့ ဒီဇင်ဘာ ၅ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မ​ကွေးတိုင်း၊ ပခုက္ကူ မြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဖြုတ်ချ​ရေး အတွက် ယ​နေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပြည်သူများက ချီတက် ဆန္ဒပြ သပိတ်​မှောက်ကြသည်။

 

  • မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျော်စွာဓာတ်မြေသြဇာစက်ရုံက ဝန်ထမ်းလိုင်းခန်းတွေမှာ နေတဲ့ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီက အင်အားသုံး ဖယ်ရှားနေတယ်လို့ သိရပါတယ်။

 

  • စစ်တပ်က မီးရှို့သွားသည့် ကလေးမြို့နယ်က ကျေးရွာများကို ကလေးပြည်သူ့ကာကွယ်ရေးတပ်- Ranger Kalay Defend Force (RKDF) က စားသုံးဆီဖိုး တစ်အိမ်ထောင်လျှင် ၅၀,၀၀၀ ကျပ်ဖြင့် ၂၃ အိမ်စာ ၁၁ သိန်းခွဲ နှင့် ဆန်တစ်တင်းအိတ် ၅၀ ကို ယနေ့ ဒီဇင်ဘာလ ၅ ရက်တွင် လှူဒါန်းခဲ့ကြောင်း RKDF တာဝန်ရှိသူထံက သိရသည်။

 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့က နေအိမ်တွေ ဒီကနေ့ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းမှာ ထပ်မံမီးလောင်သွားတယ်လို့ သတင်းတယ်လို့သိရပါတယ်။ ယနေ့ မီးလောင်သွားတဲ့ အိမ်ခြေအတိ အကျကိုတော့ မသိရသေးပါဘူး။ ထန်တလန်မြို့ဟာ အခုအကြိမ်နဲ့ဆိုရင် စစ်ကောင်စီတပ်က (၁၁) ကြိမ်မြောက် မီးရှို့တာဖြစ်ပြီး ခရစ်ယာန် ဘုရားကျောင်းများအပါအဝင် အိမ်ခြေ (၅၀၀) နီးပါး မီးလောင်ပြာကျခဲ့ပြီဖြစ်ပါတယ်။

Related Articles

Back to top button