တိုင်းရင်းသားများသတင်း

စစ်ကိုင်းတိုင်းဟာ ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်ဖို့ နီးစပ်လာပြီလို့ဆို

စစ်ကိုင်းတိုင်းဟာ ပထမဆုံးလွတ်မြောက်နယ်မြေဖြစ်ဖို့ နီးစပ်လာပြီလို့ဆို

ဖက်ဒရယ်ဂျာနယ်

ဒီဇင်ဘာ ၂၊ ၂၀၂၁

စစ်ကိုင်းတိုင်းဟာ မြန်မာတစ်ပြည်လုံးမှာ လွတ်မြောက်နယ်မြေဖြစ်ဖို့ အနီးစပ်ဆုံး တိုင်းဒေသဖြစ်လာနေပြီ လို့ Beauty for Chin State ရဲ့ လူမှုကွန်ရက်ပေါ် ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းဟာ မြို့နယ်ပေါင်း ၃၇ ရှိပြီး မြို့နယ်တိုင်းမှာ PDF တပ်ဖွဲ့တွေရှိကာ စစ်ကိုင်းတိုင်းတစ်ခုလုံးမှာ PDF အဖွဲ့ပေါင်း ၅၀ နီးပါးရှိတဲ့အပြင်  PDF ချင်းကြား အချိတ်အဆက် အားကောင်းကြကြောင်း ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေ မရှိတော့ကြောင်း လည်းဆိုပါတယ်။

‘စစ်ကိုင်းတိုင်းရဲ့ မြောက်ဘက်က ကချင် KIA ၊ အနောက်ဘက်မှာ ချင်း CNA, CDF၊ တောင်ဘက်မှာ မကွေးတိုင်း PDF တွေနဲ့ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေကြတာပါ။ မြေပြင်မှာ စစ်တပ်က လုံးဝထိုးစစ်ဆင်နိုင်ခြင်း မရှိလို့ ရဟတ်ယာဉ် ၆ စီးနဲ့ လက်နက်ကြီးတွေနှင့်ပါတိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း မြေပြင်မှာ လုံးဝ စစ်တပ်က မထိန်းချုပ်နိုင်တော့ပါ’လို့ Beauty for Chin Stateမှာဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းအတွင်းရှိ အဓိကလမ်းမကြီးတွေပေါ်မှာ အကြမ်းဖက်စစ်တပ်ဟာ ဒေသခံပြောက်ကျားတွေရဲ့ တိုက်ခိုက်မှုကို ကြောက်လို့ ပေါ်ပေါ်ထင်ထင်မသွားရဲတော့ဘူးလို့ ယင်းမာပင်အခြေစိုက် PDF ခေါင်းဆောင် တစ်ဦးကဆိုပါတယ်။

‘အခုစစ်ခွေးတွေ လမ်းမပေါ်သွားတော့မယ်ဆိုရင် လမ်းမဝဲယာမှာ မိုင်းဆွဲတဲ့ပြောက်ကျားတွေရှိ၊မရှိ အရင် ရှင်း ပြီးမှ သွားရဲတော့တာဆိုတော့ တစ်မိုင်ကို တစ်နာရီနှုန်းလောက်နဲ့သွားနေရတယ်’လို့ သူကပြောပါတယ်။

စစ်ကိုင်းတိုင်းကိုသာ PDF ကအပြည့်အဝ ထိန်းချုပ်လာနိုင်ရင် နွေဦးတော်လှန်ရေးဟာ ကြီးမားတဲ့ ပြောင်းလဲမှုဖြစ်လာမှာပါလို့ Beauty for Chin State ကဆိုပါတယ်။

‘ အပြည့်အဝထိန်းချုပ်နိုင်ဖို့က လက်နက်ကောင်းတွေလိုအပ်နေတာပါ။ တူမီးသေနတ်နဲ့တောင် ဒီလောက်တိုက်ခိုက်နိုင်တာ လက်နက်ကောင်းတွေသာရှိရင် သူတို့နယ်မြေ အပြည့်အဝ ထိန်းချုပ်နိုင်မှာပါ။’ လို့ Beauty for Chin State ကဆိုပါတယ်။

ပုလဲအခြေစိုက် ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်ကိုပေက စစ်ကိုင်းတိုင်းအတွင်းရှိ ပြောက်ကျားတပ်ဖွဲ့တွေဟာ မိုင်းထုတ်လုပ်ခြင်းရော မိုင်းဆွဲတိုက်ခိုက်ခြင်းကိုပါ ကျွမ်းကျင်နေကြပြီဖြစ်ပြီး မိုင်း ဆွဲတိုက်ခိုက်ခြင်းကြောင့် အကြမ်းဖက်စစ်တပ်ဟာ နေ့စဉ် သေဆုံးနေလို့ ကြောက်ရွံ့နေကြပြီလို့ ပြောပါ တယ်။

‘အဲဒါကြောင့် မန္တလေး-မုံရွာလို အထင်ကရလမ်းတွေပေါ်တောင် စစ်ခွေးတွေ ယူနီဖောင်းဝတ်ပြီးမသွားရဲ တော့လို့ စစ်ကားကိုမသုံးရဲတော့လို့ အရှက်သိက္ခာကင်းမဲ့ စွာနဲ့ပဲ အရပ်ဝတ်နဲ့ အရပ်သုံးကားနဲ့ ခိုးသွား နေရ တာ။ကျွန်တော်တို့ပြောက်ကျားတွေလက်ထဲ မောင်းပြန်သေနတ်နဲ့ ကျည်ဆန်သာ ပေါပေါသီသီရှိလို့ကတော့  စစ်ကိုင်းတိုင်းဟာ ကျိန်းသေပေါက်လွတ်မြောက်နယ်မြေ ဖြစ်ပြီ’လို့ သူကပြောပါတယ်။

နိုဝင်ဘာ၃၀ရက်နေ့ကကျင်းပတဲ့ NUG အစိုးရ ပုံမှန်အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက နယ်မြေစိုးမိုးရေးကို တချို့နေရာတွေမှာ ခြေလှမ်းတိုးပြီး လုပ်ဆောင်တဲ့အခါ တရားရေးဝန်ကြီးဌာနနဲ့တွဲပြီး ပြည်သူ့အုပ်ချုပ်ရေးကို ထိထိရောက်ရောက်ပိုင်ပိုင်နိုင်နိုင်လုပ်ဖို့ လိုလာပြီဖြစ်ကြောင်းပြောကြားခဲ့သလိုပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း တချို့ဒေသတွေမှာ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးတွေပျက်ယွင်းသွားပြီမို့ အုပ်ချုပ်ရေးပိုင်ဆိုင်ရာကဏ္ဍတွေမှာ အစားထိုးစီမံဆောင်ရွက်မှုတွေနဲ့အတူ တရားရေးမဏ္ဍိုင်ကို ဝင်ရောက် ထိန်းကျောင်းနိုင်ဖို့အရေးပါလာပြီ ပြောကြားခဲ့ပါတယ်။

Photo – Beauty for Chin State ဖေ့စ်ဘွတ်ခ်

Related Articles

Back to top button