တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 19, March 5, 2024)

၁။        ပအိုဝ်းဒေသမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၄၇ ဦး သေဆုံးခဲ့တယ်လို့ PYO ထုတ်ပြန်

၂။         တာချီလိတ်က ရွေးကော်ဒုဦးစီးဓားပြမှု နောက်ဆက်တွဲ ၄ ဦး ထပ်မံဖမ်းမိ

၃။        ဆီဆိုင်မြို့အနီး တောထဲက စစ်ရှောင်ပြည်သူတွေကို နောင်ထောဝ်စခန်းသို့ တော်လှန်ရေးတပ်ဖွဲ့တွေပို့ဆောင်ပေး

၄။        လားရှိုးမှာ ‌ဒေသခံ ၃၀ ဦး ပြည်ပထွက်ခွင့် ၆ လ ပိတ်ပင်ခံရ

၅။        ရှမ်းတောင်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၁ သိန်းနီးပါးအထိ ရှိလာ

၆။        ထောင်နဲ့ချီ တရုတ် ငွေလိမ်ဂိုဏ်းတွေ မိုင်းရယ်မှာ အခြေချဖို့ အကြီးကျယ် ဆက်လက်လုပ်ဆောင်နေ

၇။        ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို အကောင်းဆုံး ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ AA ပြော

၈။        တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ထပ်မံ တွေ့ဆုံခဲ့

၉။        ကျောက်တလုံးကြီးမြို့မှာ PNA က စစ်အသုံးစရိတ် အဓမ္မ ကောက်ခံနေ

၁၀။      မိုင်းပန်တွင် ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်းသားများကို RCSS/SSA မှ စစ်မှုထမ်းရန်ခေါ်နေဟုဆို

၁၁။      လွိုင်လင်မြို့တွင် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်လာပြီး ပေါ်တာဖမ်းမည်ကိုဒေသခံစိုးရိမ်

၁၂။      စစ်ကောင်စီကို သတင်းမပေးကြရန် ပအိုဝ်းပြည်သူတောင်းဆို

၁၃။      ပြည်သူများ စစ်ဘေးရှောင်နေသည့်ကြား PNO ပြည်သူ့ စစ် အတင်းခေါ်ယူခြင်းလည်းခံရ

၁၄။      ရခိုင်ဒေသတစ်ခုလုံးလွတ်မြောက်ရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု AA ဆို

၁၅။      ပလက်ဝဒေသကို အားလုံးပါဝင်သည့် အုပ်ချုပ်ရေး AA စီစဉ်နေ

၁၆။      ထွက်ပြေးတိမ်းရှောင်ရတဲ့ ဖားဆောင်းဒေသခံတွေအတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေ

၁၇။      တာမခံဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

၁၈။      ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ကချင်လူငယ်တွေရဲ့ အခက်

၁၉။      နည်းပညာကဏ္ဍတောင်းဆိုမှုအရ စတေးခံနေရတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တု

၂၀။      လူငယ်တွေကို တရားစီရင်ရေးဆိုင်ရာ အခြေခံဥပဒေ နဲ့ ပတ်သက်တဲ့ သင်တန်းပို့ချပေး

၂၁။       စစ်ကောင်စီတပ်က နေအိမ်ပြန်ကြည့်တဲ့ ဒေသခံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်

၂၂။       နယ်စပ်လူသားစာနာကိစ္စတွင် ထိုင်းလွှတ်တော်အနေဖြင့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုပြန်လုပ်ရမည်

၂၃။       ဖားအံတွင် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်နေ

၂၄။       နိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်ပြီး CDF – မတူပီကို တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်း

၂၅။      ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်အဖွဲ့များ ဝင်/ထွက်ခြင်းမပြုလုပ်ဖို့ CDF – မင်းတပ်ထုတ်ပြန်

၂၆။      အာဏာသိမ်း ၃ နှစ်အတွင်း စစ်သားဦးရေ ၄၀ ခန့် CDF-Hakha ထံ အလင်းဝင်

၂၇။      စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံ

၂၈။      လားရှိုး ဒေသခံများကို အလှည့်ကျရေခပ်၊ ဆိုင်ကယ်ငှားရမ်းပေးရန် TNLA မှအတင်းစေခိုင်းနေ

၂၉။      ညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် စစ်ကောင်စီကြား သျှမ်းမြောက်အပစ်ရပ်စဲရေး ထပ်မံဆွေးနွေး

၃၀။      အပစ်ရပ် “ဟိုင်ဂင်သဘောတူညီချက်မှာ ရခိုင်ပြည်မှာ ရှိတဲ့ AA ကမပါသေးဘူး” လို့ ဒု-စစ်ဦးစီချုပ်ပြော

၃၁။      စစ်မှုထမ်းဥပဒေကြောင့် AA ထံခိုလှုံလာသူများကို အတင်းအကျပ် စစ်မှုမထမ်းခိုင်းဟုဆို

—————————–

၁။        ပအိုဝ်းဒေသမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၄၇ ဦး သေဆုံးခဲ့တယ်လို့ PYO ထုတ်ပြန်

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသမှာ စစ်ကောင်စီက လက်နက်ကြီး ၁၁၃၅ ကြိမ်နဲ့အထက် ပစ်ခတ်ခဲ့သလို အရပ်သား ၄၇ ဦး သေဆုံးခဲ့ရတယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)  က ဒီနေ့ မတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ရှမ်းတောင်တိုက်ပွဲအခြေအနေနဲ့ ဖြစ်စဉ်တွေမှာ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင် ၃ မြို့နယ်ရဲ့  ၂၀၂၄ ဇန်နဝါရီ ၂၁ ရက်ကနေ မတ်လ ၂ ရက်အထိ ရက်ပေါင်း ၄၂  ရက်အတွင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၃၇၁ ကြိမ်နဲ့အထက်၊ လက်နက်ကြီးပစ်ခတ်မှု ၁၁၃၅ ကြိမ်နဲ့အထက်၊ အရပ်သားသေဆုံးမှု ၄၇ ဦး၊ အရပ်သားထိခိုက်ဒဏ်ရာရမှု ၅၉ ဦး၊ အရပ်သားအဖမ်းခံရမှု ၁၈ ဦး၊ အဆောက်အဦ ထိခိုက်ပျက်စီးမှု ၁၇၅ ခု နဲ့ စစ်ဘေးရှောင်ဦးရေစုစုပေါင်း ၉၅၉၄၂ ဦးနဲ့အထက် ရှိတယ်လို့ ဖော်ပြပါရှိပါတယ်။ Read More  

၂။         တာချီလိတ်က ရွေးကော်ဒုဦးစီးဓားပြမှု နောက်ဆက်တွဲ ၄ ဦး ထပ်မံဖမ်းမိ

တာချီလိတ်မြို့မှာ ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှု ခေါင်းဆောင်တဲ့ ဓားပြမှုကနေ နောက်ဆက်တွဲ ၄ ဦးကို မတ်လ ၃ ရက်မှာ ထပ်မံဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်အယောင်ဆောင်ပြီးထားတဲ့ ဓားပြတိုက်သူတွေကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိခဲ့တဲ့ ၇ ဦး အပြင် နောက်ဆက်တွဲ အဖြစ် ရန်အောင်မြေရပ်ကွက်၊ ပါလျှံရပ်ကွက်တွေမှာ ဓားပြတွေနဲ့ ပူးပေါင်းပါဝင်ခဲ့သူ ၄ ဦးကို မတ်လ ၃ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့တာလို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ Read More

၃။        ဆီဆိုင်မြို့အနီး တောထဲက စစ်ရှောင်ပြည်သူတွေကို နောင်ထောဝ်စခန်းသို့ တော်လှန်ရေးတပ်ဖွဲ့တွေပို့ဆောင်ပေး

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် နီးရာတောထဲ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို PNLA ရဲ့အစီအစဉ်နဲ့ တော်လှန်ရေးအဖွဲ့တွေက ဒီနေ့ မတ်လ ၃ရက် မနက်ပိုင်းက နောဝ်ထောဝ်စခန်းကို ပို့ဆောင် ပေးခဲ့တယ်လို့ PNLA ထံကနေ သိရပါတယ်။

စစ်ကောင်စီ၊ PNA ပူးပေါင်းတပ်နဲ့ PNLA၊ တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ဆီဆိုင်မြို့နယ် သီရိရပ်ကွက်ကနေ စစ်ဘေးရှောင်လာတာဖြစ်ပြီး အယောက် ၃၀ လောက်ရှိတယ်လို့  သတင်းရင်းမြစ်တွေထဲကနေ သိရပါတယ်။ Read More

၄။        လားရှိုး Passport ရုံးမှာ သတ်မှတ်ထားတဲ့အချိန်ထပ် စောပြီးလာရောက်တန်းစီလို့ဆိုပြီး ‌ဒေသခံ ၃၀ဦး ပြည်ပထွက်ခွင့် ၆ လ ပိတ်ပင်ခံရ

ရှမ်းမြောက် လားရှိုးမြို့က Passport ရုံးမှာ သတ်မှတ်ထားတဲ့ အချိန်ထပ် စောပြီးလာရောက် တန်းစီတဲ့ ဒေသခံ အယောက် ၃၀ ကို ပြည်ပထွက်ခွင့် ၆ လ ပိတ်ပင်ခံလိုက်တယ်လို့ ပိတ်ပင်ခံရတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

Passport ရုံးရဲ့ တာဝန်ရှိတစ်ဦးက တစ်ရက်ကို အယောက် ၁၀၀ Passport လုပ်ပေးတယ်လို့သာ ပြောပေမယ့် ကောက် သွားတဲ့ စာရင်းအရ ၂၈ ယောက်သာ လုပ်ပေးနေတာဖြစ်တယ်လို့ ဖြစ်စဉ်ကို မြင်တွေ့နေရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ Read More

၅။        ရှမ်းတောင်က တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၁ သိန်းနီးပါးအထိ ရှိလာ

ရှမ်းတောင်မှာ စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်(PNO)နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-PNLA တို့ အကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၁ သိန်းနီးပါးအထိရှိလာပြီလို့ ပအိုဝ်းလူငယ်အစည်းအရုံး -PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေထဲမှာ ဆီဆိုင်မြို့နယ်က ၆၃၀၀ ကျော်၊ ဟိုပုံးမြို့နယ်က ၂၀၆၀၀ ကျော်နဲ့ လွိုင်လင်မြို့နယ်က ၁၂၀၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ Read More

၆။        ထောင်နဲ့ချီ တရုတ် ငွေလိမ်ဂိုဏ်းတွေ မိုင်းရယ်မှာ အခြေချဖို့ အကြီးကျယ် ဆက်လက်လုပ်ဆောင်နေ

ရှမ်းမြောက် မိုင်းရယ်မြို့နယ် မိုင်းဟ ပြည်သူ့စစ်နယ်မြေထဲမှာ ကိုးကန့်နဲ့ ဝဒေသကနေ ထောင်နဲ့ချီ ထွက်ပြေးလာတဲ့ တရုတ်ငွေလိမ်ဂိုဏ်း(ကျားဖြန်)တွေဟာ လက်ရှိအချိန်အထိ ရှိနေဆဲလို့ မိုင်းရယ်ဒေသခံတွေက ပြောပါတယ်။ အဲဒီငွေလိမ်ဂိုဏ်းတွေဟာ ထွက်မပြေးတဲ့အပြင် နောက်နေရာတစ်ခုမှာ ထပ်တိုးလာပြီး အုတ်တံတိုင်း နှစ်ထပ်တောင် ဆောက်လုပ်ထားနေပြီလို့ ၎င်းက ဆိုပါတယ်။ Read More

၇။        ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို အကောင်းဆုံး ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ AA ပြော

ရခိုင်ပြည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို အကောင်းဆုံးကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ရက္ခိုင့်တပ်တော်- AA က ဒီနေ့ မတ်လ ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေကို စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်မှုကြားက လိုအပ်တဲ့ ဆေးဝါး၊ ရိက္ခာတွေနဲ့ အကောင်းဆုံးကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။ Read More

၈။        တရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ထပ်မံ တွေ့ဆုံခဲ့

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား တရုတ်နိုင်ငံမှာ ထပ်မံ တွေ့ဆုံခဲ့ တယ်လို့ ရွှေဖီမြေက စုံးစမ်းသိရှိရပါတယ်။ တွေ့ဆုံပွဲကို မတ်လ ၁ ရက်ကနေ မနေ့ မတ်လ ၃ ရက်အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ တရုတ်-မြန်မာနယ်စပ်ဂိတ် ပြန်ဖွင့်ဖို့နဲ့ အပစ်အခတ် ရပ်စဲရေး အသေးစိတ် ဆွေးနွေးခဲ့ကြတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပြီး ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘူး။ Read More

၉။        ကျောက်တလုံးကြီးမြို့မှာ PNA က စစ်အသုံးစရိတ် အဓမ္မ ကောက်ခံနေ

ရှမ်းတောင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲက ကျေးရွာအုပ်စုတွေမှာ စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO/PNA က အဓမ္မ ဆက်ကြေး ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆီဆိုင်တိုက်ပွဲ စတင်တဲ့ ဇန်နဝါရီလ နောက်ဆုံးအပတ်ကစပြီး PNA က စစ်မှု မထမ်းမနေရဥပဒေ ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံကို သွားရောက် တိမ်းရှောင်နေကြတဲ့ လူငယ်တွေဆီကနေ ကောက်ခံနေတာပဲ ဖြစ်ပါတယ်။ Read More

၁၀။      မိုင်းပန်တွင် ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်းသားများကို RCSS/SSA မှ စစ်မှုထမ်းရန်ခေါ်နေဟုဆို

မိုင်းပန်မြို့နယ်ရှိ အသက် ၁၈ နှစ်အထက်လူငယ်များအား ဗာမာလူမျိုးကလွဲပြီး အခြားတိုင်းရင်း သားများကို ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAမှ စစ်မှုထမ်းရန်ခေါ်ယူနေကြောင်း ဒေသခံထံမှ သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်ရှိ ကျေးရွာများတွင် ဗာမာကလွဲ၍ ရှမ်းတိုင်းရင်းသားနှင့် အခြား တိုင်းရင်းသားတို့အပါအဝင်  RCSS မှ စစ်မှုထမ်းရန်ခေါ်ယူနေပြီး လမ်းပေါ်တွင်လည်းတွေ့ရှိပါက ဖမ်းဆီးခေါ်ယူ သွားကြောင်း ဒေသခံ ပြောပြချက်အရ သိရသည်။ Read More

၁၁။      လွိုင်လင်မြို့တွင် စစ်ကောင်စီ စစ်ဆေးမှုတင်းကြပ်လာပြီး ပေါ်တာဖမ်းမည်ကိုဒေသခံစိုးရိမ်

လွိုင်လင်မြို့အတွင်းမှာ စစ်ကောင်စီနှင့်လက်အောက်ခံပျူစောထီးများစစ်ဆေးမှု တင်းကြပ်လာပြီးလုံခြုံရေးနှင့် ပေါ်တာ ဖမ်းမည် ကိုစိတ်ပူနေရကြောင်းဒေသခံတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အတွင်းတွင် စစ်ကောင်စီလက်အောက်ခံများက အရပ်ဝတ်ဖြင့် သွားလာသူကို စစ်ဆေးနေသလို ညဘက်တွင်လည်း မြို့တွင်းမှာ လှုပ်ရှားသွားလာခြင်းရှိနေကြောင်းဆိုသည်။ Read More

၁၂။       စစ်ကောင်စီကို သတင်းမပေးကြရန် ပအိုဝ်းပြည်သူတောင်းဆို

စစ်ကောင်စီ ကိုသတင်းပေးခြင်းကြောင့် လက်နက် ကြီးရမ်းသမ်းပစ်ခတ်ခြင်း၊ လေယာဥ် ဗုံးကြဲခြင်းပြုလုပ်ပြီး လူထု ထိခိုက်သည့်အတွက် သတင်းမှားမပေးရန် ဒေသခံ ပြည်သူကတောင်းဆို သည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသများဖြစ်သည့်ဆီဆိုင်၊လွိုင်လင်၊ဟိုပုံးမြို့နယ်ရှိ တိုက်ပွဲမဖြစ်ပွားသည့် ကျေးရွာ များကို သတင်းပေးခြင်းကြောင့်  စစ်ကောင်စီကလေယာဉ်၊ ဒရုန်းဖြင့်  ဗုံးလာကြဲသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လည်း အဆက်မပြတ် ပြုလုပ်လာသည်။

“သတင်းပေးတာမို့လို့ ပအိုဝ်းပြည်သူအိမ် ဘုန်းကြီး ကျောင်းအတော်ပျက်စီးနေရပြီ။ လွယ်ပွတ်ရွာက သက်သေ ရှိခဲ့ပြီ”ဟု ပအိုဝ်းပြည်သူ ဒေသခံတစ်ဦးက ခမ်းသားငေါဝ်းကို ပြောသည်။ Read More

၁၃။      ပြည်သူများ စစ်ဘေးရှောင်နေသည့်ကြား PNO ပြည်သူ့ စစ် အတင်းခေါ်ယူခြင်းလည်းခံရ

ဆီဆိုင်မြို့နယ် ပင်စုံကျေးရွာအုပ်စုဒေသခံများ စစ်ဘေးရှောင်နေရသည့်ကြား တစ်အိမ်တစ်ယောက်  ပြည်သူ့စစ် စစ်မှု ထမ်းဆောင်ရန် PNOပြည်သူ့စစ်ကအတင်းခေါ်ယူနေကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်​မြို့ မြောက်ဘက် ပင်စုံကျေးရွာအုပ်စုအတွင်း ဝါးခြာ၊ နမ်းသြ၊ ပင်တီ စသည့် ကျေးရွာ များရှိ ဒေသခံများကို PNOပြည်သူ့စစ်က စစ်မှုမထမ်းပါက  ငွေ ၄ သိန်းကျပ် ပေးဆောင်ခိုင်းပြီးမပေးပါက အိမ်ခြံမြေများကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်နေကြောင်းသိရသည်။ Read More

၁၄။      ရခိုင်ဒေသတစ်ခုလုံးလွတ်မြောက်ရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု AA ဆို

ရခိုင်ဒေသတစ်ခုလုံးလွတ်မြောက်ရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ယနေ့ ၂၀၂၄ခုနှစ် မတ်လ (၄)ရက်နေ့ တွင်ပြုလုပ်သည့် AA သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

တပြိုင်တည်း အဖိနှိပ်ခံမြန်မာပြည်သူများတွက် လုပ်နိုင်သည်များကို အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ရခိုင်ကံကြမ္မာကို ရခိုင်ဖန်တီးနိုင်သည့် ကိုယ်တိုင်လက်နှင့် တည်ဆောက်သွားမည် ဖြစ် သည်ဟု ဆိုသည်။ Read More

၁၅။      ပလက်ဝဒေသကို အားလုံးပါဝင်သည့် အုပ်ချုပ်ရေး AA စီစဉ်နေ

ချင်းပြည်နယ် ပလက်ဝဒေသကို အားလုံးပါဝင်သည့် အုပ်ချုပ်ရေးအစီအစဉ် လုပ်ဆောင်မည်ဖြစ်ပြီး လက်ရှိတွင် မီးနှင့် ရေ ရရှိရေးနှင့် ဈေးပြန်ဖွင့်နိုင်ရေးကိစ္စများကို လုပ်ဆောင်နေကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောသည်။

ပလက်ဝမြို့သည် လူမျိုးပေါင်းစုံနေထိုင်သဖြင့် သင့်တော်သူများကို အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ပေးသွားရန် စီစဉ် ထားပြီး ပလက်ဝဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက်လည်း အားလုံးတန်းတူရည်တူ စီမံ ခန့်ခွဲနိုင်ရန်၊ အားလုံးပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်များကို ချမှတ်ထားသည်ဟု ဆိုသည်။

 “အရည်အချင်းရှိတဲ့လူတွေကို ကျွန်တော်တို့က ဖိတ်ခေါ်နေတာရှိတဲ့အပြင် ရပ်မိရပ်ဖထဲက သင့်တော်တဲ့လူတွေကို အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျွန်တော်တို့ဘက်က ဖိတ်ခေါ်နေတာရှိပါတယ်။”ဟု ခိုင်သုခက ပြောသည်။ Read More

၁၆။      ထွက်ပြေးတိမ်းရှောင်ရတဲ့ ဖားဆောင်းဒေသခံတွေအတွက် အရေးပေါ်စားနပ်ရိက္ခာ နဲ့ အသုံးအဆောင်ပစ္စည်း လိုအပ်နေ

ဖားဆောင်းမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ နဲ့ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ရက်နေ့မှာ ဖားဆောင်းမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေက ဘေးလွတ် ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး မိမိနေအိမ်ကနေ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းတွေ မပါလာဘူးလို့ သိရပါတယ်။ Read More

၁၇။ တာမခံဘုန်းကြီးကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပိတ်ဆို့တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံရွာဘုန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်မတော် SNA ပူးပေါင်းတပ် အင်အား ၆၀ ဝန်းကျင်ကို KIA,KPDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ၅၀ ထက်မနည်း သေဆုံးတယ်လို့ KPDF ရှေ့တန်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

Read More

၁၈။  ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ကချင်လူငယ်တွေရဲ့ အခက်

စစ်တပ်ဥပဒေ မသက်ရောက်တဲ့ဒေသ နဲ့ နိုင်ငံခြားထွက်ကြမယ့် လူငယ်တွေ စစ်တပ်က ထုတ်ပြန်လိုက်တဲ့ ဒီစစ်မှုထမ်း ဥပဒေဟာ စစ်ကောင်စီအုပ်ချုပ်တဲ့ ဒေသတွေမှာသာ ထိရောက်နိုင်ပြီးစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်သွားတဲ့ဒေသတွေမှာတော့ မသက်ရောက်နိုင်ဘူးလို့ ရှမ်းမြောက်ဒေသက တော်လှန်ရေးနဲ့ လူငယ်ကဏ္ဍတွေမှာ ပါဝင်နေတဲ့ ကချင်လူငယ်တစ်ဦးက ပြောပါတယ်။ Read More

၁၉။ နည်းပညာကဏ္ဍတောင်းဆိုမှုအရ စတေးခံနေရတဲ့ ကချင်ပြည်နယ်က မြေရှားသတ္တု

မြေရှားတူးဖော်နေတဲ့ ချီဖွေ၊ ပန်ဝါဒေသကို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ နဲ့ နယ်ခြားစောင့်တပ်တို့က စိုးမိုးထားပြီး မြေရှားလုပ်ငန်းကနေ ဝင်ငွေအများအပြား ရရှိနေတာပါ။ ဒါ့အပြင် မြေရှားလုပ်ငန်း ကန့်ကွက်တဲ့ ဒေသခံတွေကိုလည်း ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးမှုတွေ ရှိပါတယ်။ ဒါကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက် မြေရှားတူးဖော်တဲ့ လုပ်ငန်းတွေ ပိုများလာတယ်လို့ ဒေသခံတွေ ပြောပါတယ်။ Read More

၂၀။ လူငယ်တွေကို တရားစီရင်ရေးဆိုင်ရာ အခြေခံဥပဒေ နဲ့ ပတ်သက်တဲ့ သင်တန်းပို့ချပေး

ကရင်နီပြည်မှာ တရားဥပဒေစိုးမိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် တရားစီရင်ရေးဆိုင်ရာ အခြေခံဥပဒေနဲ့ပတ်သက်တဲ့ သင်တန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး လူငယ်တွေကို ပို့ချပေးနေတယ်လို့ သိရပါတယ်။

ပြည်သူလူထုတွေကို တရားဥပဒေအခွင့်အရေး အသိပညာတွေပေးနိုင်ဖို့၊ တရားသူကြီး၊ ဥပဒေအရာရှိတွေ၊ ရှေ့နေတွေ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သင်တန်းဆရာတစ်ဦးက ပြောပါတယ်။ Read More

၂၁။ စစ်ကောင်စီတပ်က နေအိမ်ပြန်ကြည့်တဲ့ ဒေသခံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ယမန်နေ့ မတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာ နေအိမ်ပြန်လာကြည့်တဲ့ ဒေသခံတွေကို စစ်ကောင်စီအခြေစိုက် ခမရ (၅၃၁)တပ်ကနေ လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ထော်လာဂျီ (၃) စီးလောက်နဲ့ ပြန်တာ၊ ခဏနေတော့ ဒရုန်းလာတော့ လက်နက်ကြီး ပစ်လာလို့ စိုးရိမ်ပူပန်ရတယ်”လို့ နေအိမ်ပြန်ကြည့်တဲ့ ဖရူဆိုဒေသခံတစ်ဦးက ပြောပါတယ်။ Read More

၂၂။ နယ်စပ်လူသားစာနာကိစ္စတွင် ထိုင်းလွှတ်တော်အနေဖြင့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုပြန်လုပ်ရမည်

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းလွှတ်တော်အတွင်း ပြုလုပ်ပြီးစီးခဲ့သော မြန်မာ့အရေးဆွေးနွေးပွဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ လူသားချင်းစာနာရေးကိစ္စအတွက် စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်မှုကိုဆန့် ကျင်သည့် အဆိုပြုချက်အပေါ် လွှတ်တော်အနေဖြင့် ထိုင်းအစိုးရနှင့်ပြန်လည်ညှိနှိုင်းသွားရဦးမည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သူ ရှေ့ပြေးအသံ (PV)အဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

မတ်လ(၂)ရက်နှင့် (၃) ရက်နေ့ တွင် ထိုင်းနိုင်ငံဘက်က လွှတ်တော်အမတ်များ၊ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော လွှတ်တော်တွင်းအစည်းအဝေးတွင် မြန်မာ့နိုင်ငံဘက်မှ စစ်ကောင်စီ အပါအဝင် ဆန့်ကျင်ဘက် အမျိုးသားညီညွတ်ရေး အစိုးရ-NUG နှင့် တော်လှန်ရေးနယ်ပယ်မှ ကိုယ်စားလှယ်အချို့အား ဖိတ်ခေါ် ၍ မြန်မာ့အရေးဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ Read More

၂၃။ ဖားအံတွင် ဧည့်စာရင်းစစ်ဆေးမှု ဆက်တိုက်လုပ်ဆောင်နေ

ကရင်ပြည်နယ် ဖားအံမြို့တွင် ယခုရက်ပိုင်းအတွင်း ရပ်ကွက်အလိုက် ဧည့်စာရင်းလိုက်လံ စစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်လာနေသည်ဟု မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

ရပ်ကွက်အတွင်း ဧည့်စာရင်း ဝင်ရောက်စစ်ဆေးရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀ အိမ်မှူး၊ ရာအိမ် မှူးများအပါအဝင် စစ်ကောင်စီ၏ စစ်သားနှင့် ရဲများလည်း လိုက်ပါ စစ်ဆေးမှုများပြုလုပ်နေကြောင်း အမည်မဖော်လိုသူ မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ Read More

၂၄။ နိုင်ငံရေးသဘောထားကွဲလွဲမှုဖြစ်ပြီး CDF – မတူပီကို တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်း

ချင်းပြည်နယ်၊ ချင်းတော်လှန်ရေးအင်အားစုများကြား နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် မတူပီမြို့အခြေစိုက် CDF – မတူပီ တပ်ဖွဲ့သည် ချင်းလဲန်းကောင်စီ (CC)နှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) တို့တွင် ပူးပေါင်းပါဝင်ရန် သဘောထားကွဲလွဲပြီးနောက် တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ Read More

၂၅။ ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင်အဖွဲ့များ ဝင်/ထွက်ခြင်းမပြုလုပ်ဖို့ CDF – မင်းတပ်ထုတ်ပြန်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ခွင့်ပြုချက် မရှိဘဲ လက်နက်ကိုင်ဆောင်၍ ဝင်ထွက်သွားလာခြင်း၊ တပ်ရင်းတပ်ဖွဲ့များ ဖွဲ့စည်းခြင်းနှင့် စခန်းချခြင်း ပြလုပ်သူများကို ပြတ်ပြတ်သားသား အရေးယူသွားမည် ဖြစ်ကြောင်း CDF – မင်းတပ်က သတင်းထုတ်ပြန်သည်။ Read More

၂၆။ အာဏာသိမ်း ၃ နှစ်အတွင်း စစ်သားဦးရေ ၄၀ ခန့် CDF-Hakha ထံ အလင်းဝင်

စ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကာလအတွင်း ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်နှင့် ဟားခါးမြို့နယ်အတွင်းမှ စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲ အယောက် ၄၀ ခန့်သည် ၎င်းတို့ထံသို့ အလင်းဝင်ရောက်လာကြောင်း CDF-Hakha မှ တာဝန်ရှိသူကပြောသည်။ Read More

၂၇။ စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံ

အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပ ဒေကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ် ၄၀၀ ကျော် KNU သထုံခရိုင်ထံ ဝင်ရောက်ခိုလှုံနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ Read More

၂၈။ လားရှိုး ဒေသခံများကို အလှည့်ကျရေခပ်၊ ဆိုင်ကယ်ငှားရမ်းပေးရန် TNLA မှအတင်းစေခိုင်းနေ

သျှမ်းပြည် လားရှိုးမြို့နယ် ဒေသခံများကို အလှည့်ကျရေခပ်ပေးရန်နှင့် ဆိုင်ကယ်ငှားရမ်းပေးရန်အတွက် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှအတင်းစေခိုင်းနေကြောင်း စုံစမ်းနေကြောင်းသိရသည်။ Read More

၂၉။ ညီနောင်မဟာမိတ် (၃)ဖွဲ့ နှင့် စစ်ကောင်စီကြား သျှမ်းမြောက်အပစ်ရပ်စဲရေး ထပ်မံဆွေးနွေး

တရုတ် ကြားဝင်စေ့စပ်မှုဖြင့် ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတို့အကြား သျှမ်းပြည်မြောက်ပိုင်း အပစ်ရပ်စဲရေး ဆက်လက်ခိုင်မာရန်အတွက်  တရုတ်နိုင်ငံ ကူမင်းမြို့တွင် ထပ်မံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ နယ်စပ်ကုန်သွယ်ရေး အပါအဝင် အခွန်ကောက်ခံမည့် ကိစ္စရပ်များကို တရုတ်နိုင်ငံ ကူမင်းမြို့တွင် မတ်လ ၁ ရက်မှ ၃ ရက်အထိ ထပ်မံတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။ Read More

၃၀။ အပစ်ရပ် “ဟိုင်ဂင်သဘောတူညီချက်မှာ ရခိုင်ပြည်မှာ ရှိတဲ့ AA ကမပါသေးဘူး” လို့ ဒု-စစ်ဦးစီချုပ်ပြော

“အပစ်ရပ်စဲရေးဟိုင်ဂင်သဘောတူညီချက်အထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AAနဲ့ပဲ သက်ဆိုင်နေတယ်။ ရခိုင်ပြည်ဖက်မှာ ရှိတဲ့ AA ကမပါသေးဘူးဗျ” Read More

၃၁။ စစ်မှုထမ်းဥပဒေကြောင့် AA ထံခိုလှုံလာသူများကို အတင်းအကျပ် စစ်မှုမထမ်းခိုင်းဟုဆို

အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့ စစ်မှုထမ်းဥပဒေကြောင့် ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ရာ ဒေသများသို့ ခိုလှုံရန် ရောက်ရှိလာသူများအား ကာယကံရှင်၏သဘောဆန္ဒမပါဘဲ ရက္ခိုင့်တပ်တော်ထဲ စစ်မှုမထမ်းခိုင်းဟု ယမန်နေ့က သတင်း စာရှင်းလင်းပွဲတွင် ဦးခိုင်သုခကပြောသည်။ Read More

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

**  ပြီး **

Related Articles

Back to top button