တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး က အချက် 6 ချက်တောင်းဆို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက အချက် 6 ချက်တောင်းဆို

ဖက်ဒရယ်ဂျာနယ်၊ အောက်တိုဘာ ၁၅၊ ၂၀၂၁

တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အင်အားကြီးအဖွဲ့ တဖွဲ့ဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက မြန်မာ့တပ်မတော် အနေဖြင့် ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ နိုင်ငံရေးတွင် ပါဝင်နေမှုမှ နှုတ်ထွက်ကြောင်း ကြေညာရန် နှင့် အချက် ၆ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။
“မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ စုံလင်ကွဲပြားမှုနှင့် လွဲမှားစွာ တည်ဆောက်ခြင်း ခံရသော လူမျိုးကြီးဝါဒနှင့် စစ်အာဏာ ရှင်စနစ်အပါအဝင် အာဏာရှင်စနစ် အမျိုးမျိုးကို ဖက်ဒရယ်နိုင်ငံထူထောင်ပြီး ဒီမိုကရေစီစနစ် ကျင့်စဉ်များ လက်တွေ့ကျင့်သုံးခြင်းဖြင့်သာ လက်တွေ့ငြိမ်းချမ်းသော လူ့ဘောင် တည်ဆောက် နိုင်မည်ဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် NCA လက်မှတ်ရေးထိုးခြင်း ၆ နှစ်ပြည့် နှစ်ပတ်လည်နေ့အတွက် ထုတ်ပြန်သည့် အောက်ပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြ တောင်းဆိုထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက် မူရင်းလင့် – https://www.facebook.com/365915613790768/posts/1543941359321515/

Related Articles

Back to top button