
နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက်(ပြန်လည်မိတ်ဆက်ခြင်း)
မိတ်ဆက် – ဒီတပတ် နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ် မှာတော့ “ပြန်လည်မိတ်ဆက်ခြင်း“ ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းဆက် ဆက်လက်ထုတ်လွင့် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။
အခုအစီအစဉ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ ဝမ်ဆန်ဝါး (Vansangva – အမြင့်ပျံငှက်) ဝိုင်းတော်သားများက နိုင်ငံရေး လူထုအသိပညာပေး အစီအစဉ်ကနေ လေ့လာ သိရှိခွင့်ရရှိ စေဖို့နဲ့ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးမှာ အထောက်အပံ့ ဖြစ်စေဖို့ မျှော်ရည်ကာ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ပင်တိုင်ဟောပြော တင်ပြပေးနေသူ ဆရာဆလိုင်းကစ်(ပ်)၏ ကျန်းမာရေး အခြေအနေအကြောင့် အပတ်စဉ်ကနေ လစဉ် တစ်လ တစ်ကြိမ်တနင်္ဂနွေနေ့ ညနေတိုင်း မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာရဲ့ သတင်းကွန်ရက် စာမျက်နှာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်းကွန်ရက် စာမျက်နှာတို့ကနေ တပြိုင်နက် ပုံမှန်ပြန်လည်ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
အခုအစီအစဉ်ကို တိုက်ရိုက် ထုတ်လွင့် တင်ဆက်ခွင့်ပြုခဲ့တဲ့ မိတ်ဖက် သတင်းမီဒီယာများနဲ့ အဖွဲ့အစည်းများကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက အထူးကျေးဇူးတင်ရှိပါတယ်။
နိုင်ငံရေး လူထုအသိပညာပေး ဟောပြောမှု အခန်းဆက် အစီအစဉ်နှင့် စပ်လျဉ်း ပြီး ပိုမိုသိရှိလိုတဲ့ အကြောင်းအရာရှိပါက federaljournalnews@gmail.com / Federal Journal Facebook Chat Box, Comments တို့ကနေလည်း လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#FJMM_Lecture_series
#Vansangva_Episodes
#Transformation_Movement_For_Bottom_up_Federalism