သတင်း

အာရက္ခအိမ်မက် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ညီနောင်မဟာမိတ်အဖွဲ့ဝင်တို့ ဆန္ဒပြု

အာရက္ခအိမ်မက် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ညီနောင်မဟာမိတ်အဖွဲ့ဝင်တို့ ဆန္ဒပြု

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၁၀ ၊ ၂၀၂၅
 
ဒီကနေနေ့ ဧပြီလ ၁၀ ရက်မှာ ကျရောက်တဲ့ ရခိုင့်တပ် (AA) ရဲ့ ၁၆ နှစ်မြောက် တပ်တည်ထောင်နေ့ နှစ်ပတ်လည် အခမ်းအနားကို ညီနောင်မဟာမိတ်များဖြစ်တဲ့ ကိုးကန့်တပ် (MNDAA) နှင့် တအောင်းတပ် (TNLA) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြပါတယ်။
 
အဲဒီ ဂုဏ်ပြုသဝဏ်လွှာနှင့်အတူ ရခိုင့်တပ် (AA) ရဲ့ အကောင်အထည်ဖော်နေတဲ့ အာရက္ခအိမ်မက်(Arkan Dream) အမြန်ဆုံး အလုံးစုံ အကောင်အထည် ဖော်နိုင်ပါစေဖို့ ညီနောင်မဟာမိတ်အဖွဲ့တို့က ဆန္ဒပြုထားကြတာပါ။
 
ဒါ့အပြင် အဲဒီ အာရက္ခအိမ်မက်(Arkan Dream) နိုင်ငံရေးရည်မှန်းချက်ကို ရခိုင်ပြည်သူများရဲ့ လက်ထဲသို့ မကြာမီအချိန် မုချမသွေ ရောက်ရှိ ရခိုင့်တပ် (AA)က လုပ်ဆောင်ပေးနိုင် တော့မည်ဖြစ်ကြောင်းကိုလည်း ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းအားပေး ပြောဆိုထားပါသေးတယ်။
 
ဒါ့ကြောင့် အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးခရီးကြမ်းမှာ အာရက္ခအိမ်မက်(Arkan Dream) ကို အကောင် အထည်ဖော်ဖို့ မရပ်မနား ကြိုးပမ်းနေကြေသော ရခိုင်သူရဲကောင်းများနဲ့ ရခိုင်ပြည်သူလူထုများကို လေစားဂုဏ်ယူ ပါကြောင်း ညီနောင်မဟာမိတ် MNDAA နှင့် TNLA တို့က ဂုဏ်ပြုပြောဆိုပါတယ်။

Related Articles

Back to top button