သတင်း

ငလျင်ကြောင့် ဒေသသုံးခုမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

ငလျင်ကြောင့် ဒေသသုံးခုမှာ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော

 
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၂၈၊ ၂၀၂၅
 
မြန်မာနိုင်ငံက ဒေသခံ သုံးခုမှာ ဒီကနေ့ မတ် ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၇ ဒသမ ၇ ပြင်းအားရှိ မြေငလျင်ကြောင့် သေဆုံးသူ သေဆုံးသူ ၁၄၄ ဦးရှိပြီး ၇၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ကောင်စီဥက္ကဋ္ဌက ဒီကနေ့ မတ်လ ၂၈ ရက်ညမှာ နိုင်ငံပိုင်မီဒီယာကတစ်ဆင့် ပြောပါတယ်။
 
မြေငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ဦး၊ စစ်ကိုင်းမြို့မှာ ၁၈ဦး၊ ကျောက်ဆည်မှာ ၃၀ ဦး၊ စုစုပေါင်း ၁၄၄ ဦး သေဆုံးခဲ့ရပြီး နေပြည်တော်မှာ ဒဏ်ရာရသူ ၄၃၂ ဦး၊ စစ်ကိုင်းမှာ ၃၀၀ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
 
သေဆုံးမှုနဲ့ ဒဏ်ရာရမှုက ဒီထက်တိုးလာစရာရှိနိုင်တာကြောင့် တချို့နေရာတွေမှာလည်း တိုက်တွေ ပြိုကျတဲ့အခြေအနေတွေ ရှိနေလို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကျွန်တော်တို့လုပ်နေဆဲဖြစ်ပါတယ်လို့ ထည့်သွင်း ပြောဆိုပါသေးတယ်။
 
ဒါ့အပြင် ပြည်ပအကူအညီတွေရဖို့လည်း လမ်းဖွင့်ထားပြီး လက်ရှိမှာ အိန္ဒိယ နဲ့ အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး စင်တာ (AHA Centre) တို့က အကူအညီတွေပေးဖို့ ကမ်းလှမ်းလာတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
 
မန္တလေးမြို့ အရှေ့မြောက်ဘက် ၁၂ မိုင်အကွာကို ဗဟိုပြုပြီး ဒီကနေ့ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ၇ ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့ပြီး အဲဒီ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများတဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ နေပြည်တော်ကောင်စီနယ်မြေတွေကို စစ်ကောင်စီရဲ့ အမျိုးသား သဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကတော့ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
 
Photo: MRTV – (စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတ်လ ၂၈ ရက် ညပိုင်းက မြေငလျင် နဲ့စပ်လျဉ်းပြီး MRTV က တစ်ဆင့်ပြောကြားစဉ်။)

Related Articles

Back to top button