သတင်း

ဖက်ဒရယ်ဒီမိုကရေစီအုတ်မြစ် ချမှတ်နိုင်ရေး မဟာဗျူဟာလုပ်ငန်းစဉ် အဆိုပြုစာတမ်း LAN ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီအုတ်မြစ် ချမှတ်နိုင်ရေး မဟာဗျူဟာလုပ်ငန်းစဉ် အဆိုပြုစာတမ်း LAN ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

မတ် ၁၇၊ ၂၀၂၅

စစ်အာဏာရှင်စနစ်ကို အပြီးသတ်တိုက်ဖျက်နိုင်ရုံသာမက တော်လှန်ရေးကာလအတွင်းပင် ဖက်ဒရယ် ဒီမိုကရေစီ အုတ်မြစ်ကို ချမှတ်နိုင်ရေး (ဒုတိယ) မဟာဗျူဟာလုပ်ငန်းစဉ် အဆိုပြုချက် စာတမ်းကို ဥပဒေအထောက်အကူပြုကွန်ရက် (LAN) က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ဖွဲ့စည်းလည်ပတ်လာသည်မှာ လာမည့် ဧပြီလတွင် ၄ နှစ်တင်းတင်း ပြည့်ပြီဖြစ်ပြီး ဝောာ်လှန်ရေးကာလ ၅ နှစ်သက်တမ်း ရောက်လာချိန် NUG, PDF နှင့် တိုင်းရင်းသား ခုခံစစ်ဆင်အဖွဲ့အစည်းများ အနေဖြင့် ပြုပြင်ပြောင်းလဲသင့်သည်များ၊ ဖြစ်ပေါ်နေသည့် ပြဿနာများကို မည်သို့ချဥ်းကပ်ဖြေရှင်းသင့်ကြောင်း ဤ (ဒုတိယ) အကြံပြုချက်စာတမ်းတွင် သုံးသပ်အကြံပြု ထုတ်ပြန်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်စနစ်ကို ခုခံစစ်ဆင်နွှဲပြီး ဖက်ဒရယ် ဒီမိုကရေစီ အုတ်မြစ်ချနိုင်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေစဥ်မှာပင် လူထု၏အရင်းခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံသားတိုင်းနှင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသားဖြစ်ရန် ကြိုးပမ်းနေကြသူတိုင်းအတွက် အခမဲ့ ဆေးဝါး ကုသခွင့်နှင့် စစ်ဘေးသင့်၍ထွက်ပြေးတိမ်းရှောင်နေကြရသည့် IDPs များအတွက် ဘဝရပ်တည် နိုင်ရေး လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိခွင့်တို့က ဖြည့်ဆည်း ပေးနိုင်ရေးဟာ လက်ရှိကာလတွင် ရှေ့တန်းအရောက်ဆုံးသော ပြဿနာဖြစ်လာတယ်လို့ LAN က ထောက်ပြထားပါတယ်။

အလားတူ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရေးအခြေခံမှနေ၍ မြေယာ၊ သစ်တောနှင့် သဘာဝသယံဇာတအမျိုးမျိုးတို့မှ ရရှိသောဝင်ငွေများအား စနစ်တကျစီမံခန့်ခွဲပြီး အထက်ပါ ထောက်ပြချက်ဖြစ်တဲ့ လူထု၏ အခွင့်အရေး (၂) ရပ်ကို မည်ကဲ့သို့ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းကို ယခု (ဒုတိယ) မဟာဗျူဟာ အဆိုပြုချက် စာတမ်းမှာ အသေးစိတ် တင်ဆက်ထားတယ်လို့ LAN က ဆိုပါတယ်။

လင့်ခ်ကိုနှိပ်ပြီး အပြည့်အစုံစာတမ်းကို ဒေါင်းလုတ် ရယူဖတ်ရှုရန် –

CLICK HERE TO DOWNLOAD – 2nd Strategy Paper (16 March 2025)

Related Articles

Back to top button