သတင်း

ထိုင်းနိုင်ငံရှိ CI ထုတ်ပေးရေး ဌာနများတွင် နိုင်ငံရေးသမားများနှင့် CDM ဝန်ထမ်းများကို တင်းကြပ်မှုရှိ

ထိုင်းနိုင်ငံရှိ CI ထုတ်ပေးရေး ဌာနများတွင် နိုင်ငံရေးသမားများနှင့် CDM ဝန်ထမ်းများကို တင်းကြပ်မှုရှိ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
မတ်လ ၁၂ရက်၊ ၂၀၂၄

ထိုင်းနိုင်ငံအတွင်း မြန်မာသံရုံးမှတစ်ဆင့် CI ( Certificate of Identity) ထုတ်ပေးရေးဌာနများတွင် CDM ဝန်ထမ်းများနှင့် တော်လှန်ရေးနယ်ပယ်မှု ပြည်သူများကို တင်းတင်းကြပ်ကြပ် စိစစ်လျှက်ရှိနေကြောင်း CI ထုတ်ပေးရေးဌာနနဲ့ နီးစပ်သူများထံမှ သိရပါတယ်။

CI လာရောက် လျှောက်ထားသူများမှ မသင်္ကာသူများကို သေချာစိစစ်မေးမြန်းပြီး တော်လှန်ရေးနဲ့ ဆက်နွယ်နေသူများ၊ CDM ဝန်ထမ်းများ နှင့် ၅၀၅ ထုတ်ခံထားရသူများကို CI ပြုလုပ်ပေးခြင်း မရှိကြောင်း သိရပါတယ်။

” သူတို့ သေချာစိစစ်တယ်။ မှတ်ပုံတင်နံပါတ်တွေကို တိုက်စစ်တာတွေ ပြုလုပ်တယ်။ စစ်ဆေးလို့ CDM ဝန်ထမ်းတွေ၊ ၅၀၅ သမားတွေဆိုရင် CI မလုပ်ပေးပဲ ပြန်လွှတ်လိုက်တယ် ” လို့ CI ဌာနနဲ့ နီးစပ်သူတစ်ဦးမှ FJMM ကိုပြောပါတယ်။

အဆိုပါ စစ်ဆေးရေး အဖွဲ့ကို နေပြည်တော်မှ ရဲမှူး၊ လဝက နဲ့ အကောက်အခွန် ဌာနမှ တာဝန်ရှိသူများမှ ဦးဆောင်ပြုလုပ်လျှက်ရှိနေကြောင်း သိရပါတယ်။

မှတ်ပုံတင်ထဲမှာ အစိုးရ ဝန်ထမ်းဖြစ်ခဲ့ဖူးသူတစ်ဦးဦး CI လာလုပ်မည်ဆိုပါက အလုပ်ထွက်ခဲ့ကြောင်း ထောက်ခံစာပါမှ CI ပြုလုပ်ပေးမည်ဖြစ်ကြောင်း နီးစပ်သူထံမှ သိရပါတယ်။

လက်ရှိမှာ CI လာလုပ်ရင်း မလုပ်ပေးပဲ ပြန်လွှတ်ခံရတဲ့ သူတွေလည်း အများအပြားရှိနေတယ်လို့ သူက ပြောပါတယ်။

CI ( certificate of identity ) က နိုင်ငံကူးလက်မှတ်အမျိုးအစားတစ်ခုထဲ အပါအဝင်ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအတွင်း ကူးသန်းသွားလာနိုင်ရန်အတွက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများကို ထုတ်ပေးတဲ့ အထောက်အထားအမျိုးအစားတစ်ခုဖြစ်ပါတယ်။

Related Articles

Back to top button