![](https://federaljournalmm.org/wp-content/uploads/2021/09/242988814_190213366525850_438632830552069825_n.jpg)
အပြစ်မဲ့ ပြည်သူတွေကို မထိခိုက်စေဖို့ NUG လူ့အခွင့်အရေး ဝန်ကြီးဌာန က တိုက်တွန်း
ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၁
ပဋိပက္ခ ကာလာမှာ အပြစ်မဲ့ပြည်သူတွေ အထူးသဖြင့် အမျိုးသမီး ကလေး သူငယ် သက်ကြိးရွယ်အို နဲ့ မသန်စွမ်း တွေကို အထူး အကာ အကွယ်ပေး ရမှာ ဖြစ်ကြောင်း NUG လူ့အခွင့်အရေး ဝန်ကြီးဌာန က ဒီကနေ့ ကြေညာချက် ထုတ် တိုက်တွန်း လိုက်သည်။
ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေးပြဌာန်းချက် ဖြစ်ပြီး၊ မည်သည့် အခြေအနေ မျိုး တွင်မှ အပြစ်မဲ့ ပြည်သူတွေကို အကြမ်းဖက်ခြင်း လုပ်ဆောင်ရန် မသင့်လို့ လည်း ဖေါ်ပြထားသည်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ဖွဲ့ဝင်တွေနဲ့ ဒေသ အသီးသီးမှာ ကိုယ်နည်း ကိုယ်ဟန်နဲ့ စစ်ကောင်စီကို တွန်းလှန် နေသူ အဖွဲ့ အားလုံး အနေနဲ့ နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေတွေကို ချိုးဖေါက်ခြင်း မရှိစေရေး အထူးဂရုပြု ကြဖို့ကို လည်း တိုက်တွန်းထားသည်။
![](https://federaljournalmm.org/wp-content/uploads/2021/09/1-3.jpg)
![](https://federaljournalmm.org/wp-content/uploads/2021/09/2-2.jpg)