သတင်း

ခမရ – ၄၀၉ ကို ဒရုန်းဖြင့် တိုက်ခိုက်

ခမရ – ၄၀၉ ကို ဒရုန်းဖြင့် တိုက်ခိုက်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၄၊ ၂၀၂၄

တနင်္သာရီတိုင်း၊ ကလိန်အောင်နှင့် ကျောက်ရှပ်ကျေးရွာကြားရှိ ခမရ – ၄၀၉ တပ်ရင်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြကြောင်း ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့၊ နံနက် ၈ နာရီအချိန်မှာ ၈၁ အမ ဗုံးသီး ၅ လုံးကိုအသုံးပြုပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် တပ်ရင်း၏ အရာရှိရိပ်သာအပါအဝင် အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးမှု ရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။

ဗုံးကြဲတိုက်ခိုက်နေစဥ်မှာ စစ်ကောင်စီတပ်မှ ဒရုန်းကို လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများအပြင် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါစစ်ဆင်ရေးကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ ၄) ၏ ဒရုန်းတပ်ဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် T1 မှ မြေပြင်ချေမှုန်းရေးကွန်မန်ဒိုတပ်ဖွဲ့ နှင့် ရေဖြူတပ်ပေါင်းစုအဖွဲ့တို့မှ ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

အဆိုပါစစ်ဆင်ရေးအတွင်း ဒေါနတပ်ခွဲ – ၄ မှ အမျိုးသမီးစစ်သည်တော်များမှလည်း ရှေ့တန်းစစ်မျက်နှာပြင်သို့ ပထမဆုံးအကြိမ် လိုက်ပါတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Photo – ဒေါနစစ်ကြောင်း

Related Articles

Back to top button