သတင်း

လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီက ကျေးရွာ (၂၀)ကျော်ကို မီတာခဆောင်ဖို့ သတိပေး

လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီက ကျေးရွာ (၂၀)ကျော်ကို မီတာခဆောင်ဖို့ သတိပေး

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

နိုဝင်ဘာ ၆၊ ၂၀၂၃။

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာ(၂၀)ကျော်ကို စစ်ကောင်စီက မီတာခ ပေးဆောင်ဖို့ ပြီးခဲ့တဲ့ (၂)လကတည်းက အသိပေးအကြောင်းထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တဘက်ကလည်း ကယား(ကရင်နီ)ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ပြည်နယ်လုံး အတိုင်းတာဖြင့် စစ်ကောင်စီကို မီတာခမဆောင်ကြဘဲ သပိတ်မှောက်ထားကြပါတယ်။

ယခုအခါတွင် လွိုင်ကော်မြို့ပေါ် တချို့ရပ်ကွက်တွေမှာတော့ စစ်ကောင်စီကို မီတာခ ပြန်လည် ပေးဆောင်နေကြတယ်လို့ သိရပါတယ်။

လွိုင်ကော်ဒေသခံတစ်ဦး ပြောတာက “ကျွန်တော်တို့ရွာကတော့ အာဏာသိမ်းပြီးကတည်းက မီတာခမဆောင် တာ (၂) နှစ်ကျော်နေပြီး၊ မီးကလည်းပုံမှန်မရပါဘူး၊ ကြားတာကတော့ မီတာခကို မပေးဆောင်တဲ့ (၂)ကျော်ကဟာပြန်ပေးဆောင်ရမယ်လို့ကြားတယ်၊ အဲလို (၂)နှစ်ကျော်ဟာတွေကို အကုန်ပေးဆောင် ရမယ်ဆိုတော့ တစ်အိမ်ကို (၁) သိန်းကျော်လောက် ကျနိုင်တယ်၊ မရှိဆင်းရဲသား တွေအတွက်တော့ အဆင်မပြေဘူးပေါ့နော်”

စစ်ကောင်စီတာဝန်ရှိသူများမှ လွိုင်ကော်မြို့နယ်ရှိ ကျေးရွာ(၂၀)ကျော်က ရွာလူကြီးတွေကို ခေါ်တွေ့ပြီး မီတာခပေးဆောင်ဖို့အတွက် အသိပေးခဲ့တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီမှ အသိပေးထားတာ (၂) လကျော်ကြာခဲ့ပေမယ့် မီတာခကို မဆောင်ကြသလို ပေးမယ်လို့ လည်း စစ်ကောင်စီကို အကြောင်းမပြန်ခဲ့ဘူးလို့ ကျေးရွာတာဝန်ရှိသူတစ်ဦးမှ ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကယား (ကရင်နီ) ပြည်နယ်တွင် လွိုင်ကော်မြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေကို စစ်ကောင်စီမှ လျှပ်စစ်မီးဖြတ်တောက် ထားတယ်လို့လည်း သိရှိရပါတယ်။

Related Articles

Back to top button