သတင်း

ဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ထွက်ပြေးသွားတဲ့ သံသယတရားခံကို ပြန်လည် ဖမ်းဆီးရမိ

ဆရာမ ဒေါ်နှင်းယုနွယ် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ထွက်ပြေးသွားတဲ့ သံသယတရားခံကို ပြန်လည် ဖမ်းဆီးရမိ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၂၆၊ ၂၀၂၃။
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က ဆရာမဒေါ်နှင်းယုနွယ်သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ထွက်ပြေး သွားတဲ့ အဓိက သံသယတရားကို ပြန်လည်ဖမ်းဆီးရရှိထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။
မောင်မောင်အေးကို ဒီနေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ ရက္ခိုင့် တပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထုတ်ပြန်ထားပါတယ်။
ဆရာမဒေါ်နှင်းယုနွယ် အသတ်ခံရမှုနဲ့ပတ်သက်ပြီး အဓိက သံသယရှိသူနှစ်ဦးနဲ့ ဆက်စပ်သံသယရှိသူ ၁ ဦးတို့ကို စစ်ဆေးနေ့စဉ်အတွင်း တာဝန်ကျတပ်ဖွဲ့ဝင်တွေရဲ့ ပေါ့ဆမှုကြောင့် အဓိက သံသယရှိသူ မောင်မောင်အေးဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၉ နာရီခွဲအချိန်တွင် ထွက်ပြေးသွားတယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန် ထားပါတယ်။

ဆရာမ‌ဒေါ်နှင်းယုနွယ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က ကျွန်းပေါ်ပေါက်တောကျေးရွာကနေ ပန်းဖိုပြင်ကျေးရွာသို့ စာပြဖို့သွားစဉ် လမ်းခုလတ်တွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေတာ ဖြစ်ပါတယ်။

Related Articles

Back to top button