သတင်း

ဒီးမောဆို အနောက်ဖက်ခြမ်း စစ်ရှောင်စခန်း (၄)ခု ဆန်ပြတ်လတ်နေ

ဒီးမောဆို အနောက်ဖက်ခြမ်း စစ်ရှောင်စခန်း (၄)ခု ဆန်ပြတ်လတ်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၁၆ ရက်၊ ၂၀၂၃။

ကယား(ကရင်နီ)ပြည်၊ ဒီးမောဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ရှောင်စခန်း (၄)ခုက စစ်ရှောင်ပြည်သူများ ဆန်ပြတ်လတ်နေတာကြောင့် ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်ထံသို့ စစ်ဘေးရှောင်များက လာရောက်အကူအညီ တောင်းထားကြတယ်လို့ ပြောပါတယ်။

ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ရှိသူတစ်ဦး ပြောပြတာက “အခုလောဆယ် ကျနော်တို့ ဆီလာတောင်းတာ စစ်ရှောင်စခန်း( ၄ )ခုပါ၊ အိမ်ထောင်စုက( ၁၅၇)စုလောက်ရှိတယ်၊ လူဦးရေက (၈၀၀) ဝန်းကျင်လောက်ရှိတယ်၊ ဒီအခြေနေတိုင်းဆိုတော့ နောက်ထပ်တခြားစခန်းတွေမှာလည်း ဆန်ပြတ်လတ်မှုတွေ ရှိလာနိုင်ပါတယ်”

ဒီးမောဆိုမြို့နယ် အနောက်ဖက်ခြမ်း စစ်ရှောင်ပြည်သူများအတွက် ကုန်ပစ္စည်းများ သယ်ဆောင်ရန်အတွက် အရေးကြီးသောလမ်းများကို စစ်ကောင်စီတပ်များက တပ်စွဲပြီး စစ်ဆေးရေးဂိတ်များလည်း ထိုင်ထားသောကြောင့် သယ်ယူပို့ဆောင်ရေးအတွက်လည်း အခက်အခဲ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

လက်ရှိ ဒီးမောဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာတော့ ဓာတ်ဆီ (၁)ဂလံ ကျပ် ၁၂၀၀၀၊ ပေါ်ဆန်ကျိုးတစ်အိတ် ကျပ် ၇၅၀၀၀၊ တခြားသောဆန်အမျိုးအစားတွေကတော့ ကျပ် ၈၀၀၀၀ ကျော် ရှိနေတယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ – CJ (ကရင်နီ စစ်ဘေးရှောင်များရဲ့ ယာယီချက်ပြုတ် စားသောက်နေရာ)

Related Articles

Back to top button