သတင်း

မုန်တိုင်းဒဏ်ကြောင့် ထူထောင်ရေးတွေ မလုပ်နိုင်သေးတဲ့ ရခိုင်ဒေသ ရေဘေး‌ဒဏ်ကိုထပ်မံ ခံစားနေရ

မုန်တိုင်းဒဏ်ကြောင့် ထူထောင်ရေးတွေ မလုပ်နိုင်သေးတဲ့ ရခိုင်ဒေသ ရေဘေး‌ဒဏ်ကိုထပ်မံ ခံစားနေရ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၈ ရက် ၊ ၂၀၂၃။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်အများစုဟာ ပျက်စီးဆုံးရှုံးမှုများစွာကို ခံခဲ့ကြရပါတယ်။
အဲဒီလိုပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်မ‌တည်ဆောက်‌နိုင်သေးတဲ့ ရခိုင်ပြည်ဟာ ရေဘေးဒဏ်တွေကို ထပ်မံခံစားနေကြရပါတယ်။
‌မိုးအဆက်မပြတ်ရွာသွန်းမှု ဒီရေကြီးမှုတွေကြောင့် ‌ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစတဲ့မြို့နယ်တွေမှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေကြီးမှုတွေဖြစ်ပွားနေပါတယ်။
ဩဂုတ်လ ၄ ရက်နေ့မှစ၍ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဟာ မလျော့နည်းတဲ့အတွက် အဲဒီဒေသက လူတွေဟာ စားရေ‌၊ သောက်ရေးတွေ အခက်အခဲဖြစ်နေကြသလို ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ ‌မင်းပြားမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ယောက်က ပြောပါတယ်။
” လူတွေကတော့ ကုန်းမြင့်တဲ့ နေရာတွေမှာ သွားပြီးတော့ ရှောင်နေကြတယ်။ ‌ကျနော်တို့ရွာက လေးမြို့မြစ်အနားမှာရှိတာပါ။ လေးမြို့မြစ်ရေ တက်နေတာ သုံးရက်၊ လေးရက်လောက်ရှိပြီးဆိုတော့ စားရေး၊ သောက်ရေးတွေကလည်း အဆင်မ‌ပြေတော့ဘူး။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း မရကြဘူး” လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ်လ ၆ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ပြင်ယောင်းကျေးရွာမှ သားမိနှစ်ဦးဟာ ရေကြီးမှုကြောင့် ရေနစ်မြုပ်သေဆုံးခဲ့ကြရပါတယ်။
ဒီလိုမျိုး ရေကြီးမှုတွေကြောင့် အဆိုပါ မြို့နယ်များမှာရှိတဲ့ စပါးခင်းတွေဟာ ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးသွားနိုင်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။
မြောက်ဦးမြို့နယ် လေညှင်းတောင်၊ ညောင်ပင်လှ၊ ဆင်အိုးချေစတဲ့ကျေးရွာတွေမှာလည်း ရေလွှမ်းမိုးမှုတွေကြောင့် ကျွဲ၊ နွား အကောင်ရေ ၃၀၀ ကျော်ခန့် မျော့ပါသွားတယ်လို့ သိရပါတယ်။

ဓါတ်ပုံ – CJ

Related Articles

Back to top button