သတင်း

သထုံရှိ အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်း၊ဆေးခန်းနှင့် လူနေအိမ်အချို့ပျက်စီး၊ အရပ်သား ၁ဦးသေဆုံး

သထုံရှိ အမြောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်း၊ဆေးခန်းနှင့် လူနေအိမ်အချို့ပျက်စီး၊ အရပ်သား ၁ဦးသေဆုံ

ဖက်ဒရယ်ဂျာနယ် မြန်မာ။

ဇူလိုင် ၁၅ရက်၊ ၂၀၂၃။

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ် (အမတ – ၃၁၄) မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ ကျောင်း၊ဆေးခန်းနှင့် လူနေအိမ်တစ်ချို့ပျက်စီးပြီး အသက် ၆၀ နီးပါးရှိသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် မှ ယနေ့တွင် ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့၊ ညနေ ၁ နာရီခွဲတွင် အဆိုပါ အမြောက်တပ်မှ သထုံမြို့နယ် ရွှေရောင်ပြကျေးရွာအတွင်းသို့ လက်နက်ကြီး ၃ လုံးပစ်ခတ်ရာ အဝန်းကြီးကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး စာသင်ကျောင်း၊ ဆေးခန်းနှင့် လူနေအိမ် ၂လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရပါတယ်။

ဇူလိုင်လ ၇ ရက်နေ့၊ နေ့လယ် ၁၁ နာရီခန့်တွင် အဆိုပါအမြောက်တပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရှိခဲ့သော အသက် ၅၇ နှစ်ရှိ နော်တင်အေးမှာ ဖလံတောင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဥ်မှာပင် သေဆုံးခဲ့ရကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်များမှာ သထုံမြို့နယ်ရှိ KNU အုပ်ချုပ်နယ်မြေများအတွင်းသို့ လက်နက်ကြီးများ မကြာခဏ ပစ်ခတ်ခြင်းကြောင့် အရပ်သားတို့၏ နေအိမ်များ ထိခိုက်ပျက်စီးရသလို အရပ်သားပြည်သူများ သေဆုံးမှုများစွာလည်း ရှိကြောင်း KNU သထုံခရိုင်မှ ထုတ်ပြန်ထားပါတယ်။

Photo – KNU သထုံခရိုင်

Related Articles

Back to top button