ဓါတ်ပုံ – CJ
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေလ ၂၁ရက်၊ ၂၀၂၃။
ကျိုက်ထိုမြို့နယ်ရှိ ကင်မွန်းချောင်းကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို မေလ ၁၉ရက်နေ့ညနေတွင် စစ်ကောင်စီတပ်သားများက ဖျက်စီးခဲ့ပြီး မေလ ၂၀ရက်နေ့ညဘက်တွင်လည်း နောက်ထပ် လည်းတစ်ခုကို ထပ်မံဖျက်စီးလိုက်ကြောင်း ဒေသခံတွေထံမှ သိရပါတယ်။
မေလ ၂၀ရက်နေ့ ညနေ ၅နာရီကျော်လောက်တွင် စစ်ကောင်စီတပ်သားများမှ ကား ၃စီးဖြင့် ဝင်းကလောလမ်းဆုံမှ ဝင်လာခဲ့ပြီး ဝင်းကလောကျေးရွားကို ဝင်သည့်လမ်းအား လုံခြုံရေး အပြည့်ချကာ ဘတ်ဟိုးဖြင့် ည ၇နာရီလောက်တွင် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
အဆိုပါလမ်းကို ဖျက်စီးရာတွင် စစ်ကောင်စီ အင်အား ၆၀ ခန့်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် လုံခြုံရေး အပြည့်ယူ၍ ဖျက်စီးခဲ့ကြောင်းသိရပါတယ်။
အဆိုပါ ဖျက်ဆီးခံရသည့်လမ်းမှာ ကင်မွန်းစခန်း-ကျိုက်ထိုကားလမ်းမကြီးမှ ဝင်းကလောကျေးရွာသို့ဖြတ်ကာ တံတားချောင်း၊ ဆောင်နိုင်ကြီး၊ ကဒိုင်တွတ်၊ မိုးဘောစတဲ့ ကျေးရွာများဘက်သို့ သွားလာနေသည့် အဓိကျသော လမ်းမကြီးတစ်ခု ဖြစ်ပြီး ဘီးလင်းမြို့နယ်နဲ့လည်းဆက်သွယ်ထားပါတယ်။
စစ်ကောင်စီတပ်များမှ လမ်း ၂ခုလုံးကို ဖျက်စီးလိုက် ပြည်သူများ သွားလာရေး ခက်ခဲမှုများနှင့် ကြုံတွေ့လျှက်ရှိပါတယ်။