သတင်း

ဖက်ဒရယ်ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့ အဆင်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံ ကျင်းပ

ဖက်ဒရယ်ဂျာနယ် မြန်မာ

မေလ ၁၂ရက်၊ ၂၀၂၃။

ဖက်ဒရယ်ပညာရေးစနစ်ကိုအကောင်အထည်ဖော်နိုင်ရန်အတွက် နွေဦးတော်လှန်ရေးကာလအတွင်း အဆင့်မြင့်ပညာရေး ကဏ္ဍ ပထမအကြိမ် ညီလာခံကျင်းပခဲ့ကြောင်းကို ဒီကနေ့ ညနေပိုင်းမှာ ညီလာ ခံ ဖြစ်မြောက်ရေး ကော်မတီက အွန်လှိုင်းကနေတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

“နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေး ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်ပြီး ရှေ့ဆက်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရန်၊ ဖက်ဒရယ်ပညာရေးစနစ် တည်ဆောက်နိုင်ရန်၊ တိုင်းရင်း သားအားလုံး၏သဘောတူညီချက်များ ရယူ၍ စနစ်တကျ ဆက်လက်ပူးပေါင်းဆောင်ရွက် နိုင်မည့် နည်းလမ်းများကိုဖော်ထုတ်ရန်” ရည်ရွယ်ချက်ဖြင့် ညီလာခံကျင်းပရခြင်းဖြစ်ကြောင်း ကော်မတီတာဝန်ရှိသူတွေက ပြောပါတယ်။

ညီလာခံကို ဧပြီလ ၂၁ရက်နေ့မှ ၂၅ရက်နေ့အထိ ၅ရက်တာ ကျင်းပခဲ့ပြီး အခန်း ကဏ္ဍ ၁၈ခုကိုဆွေးနွေးခဲ့၍ ပူးပေါင်းလုပ်ဆောင်ရမည့် ရလဒ် ၄၉ ချက် ထွက်ပေါ်လာခဲ့ကြောင်း သိရပါတယ်။

ညီလာခံကို (၁) တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများ၊ ဖက်ဒရယ်ကျန်းမာရေးပညာရှင်ကောင်စီ၊ (၂) တက္ကသိုလ်ကောင်စီများ၊ (၃) အဆင့်မြင့်ပညာရေးကွန်ရက်များ၊ (၄) ကျောင်းသားသမဂ္ဂများ၊ (၅) ဆရာသမဂ္ဂများ၊ (၆) အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ (၇) ဘာသာရပ်ဘုတ်အဖွဲ့များ၊ (၈) Joint Coordination Committees (JCCs)၊ (၉) National Unity Consultative Council (NUCC)၊ (၁၀) နိုင်ငံတကာသံတမန်များ၊ (၁၁) Arizona State Universityနှင့် (၁၂) Rohingya Community တို့မှ တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါတက်ရောက်သူများမှ (၁) တိုင်းရင်းသားပညာရေးအဖွဲ့အစည်းများနှင့် ဖက်ဒရယ်ကျန်းမာရေးပညာရှင်ကောင်စီ၊ (၂) တက္ကသိုလ်ကောင်စီများ၊(၃) အဆင့်မြင့်ပညာရေးကွန်ရက်များ၊ (၄) ကျောင်းသားသမဂ္ဂများ၊ (၅) ဆရာသမဂ္ဂများ၊ (၆) အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ (၇) ဘာသာရပ်ဘုတ်အဖွဲ့များနှင့် (၈) Joint Coordination Committees စသည့် ကိစ္စရပ်များကို ညီလာခံမှာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Related Articles

Back to top button