ဓါတ်ပုံ – KBC
ဖက်ဒရယ်ဂျာနယ် မြန်မာယ၊ ဇန်နဝါရီ ၁၁၊ ၂၀၂၃
ဖမ်းဆီးခံရပြီး တလကျော်အကြာ ယမန်နေ့ ဇန်နဝါရီ ၁၁ရက်နေ့က သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနား အကျဉ်းထောင်တွင်း ရုံးထုတ်ခဲ့ပေမယ့် မိသားစုဝင်များ အဝေးကနေသာ မြင်တွေ့ခွင့် ရခဲ့ကြတယ်လို့ သိရပါတယ်။
သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကျန်းမာရေး စစ်ဆေးကုသဖို့ မန္တလေးလေဆိပ်ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားမယ့် ခရီးစဉ်အတွင်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။
ရုံးထုတ်ချိန်မှာတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို တစ်စုံတစ်ရာ စစ်ဆေးခြင်းမရှိသေးပဲ ရှေ့နေ့များဖြင့် တွေ့ဆုံခွင့်သာ ပေးခဲ့ပြီး ချုပ်ရက်ရမန်သာ ထပ်တိုးယူသွားခဲ့သလို မိသားစုဝင်များကလည်း အဝေးကနေသာ မြင်တွေ့ခွင့်ရရှိခဲ့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) အသိပေး ထုတ်ပြန်ပါတယ်။
ဆရာတော်ကိုတော့ စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)အပြင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) စတဲ့ အမှု ၂ ခုဖြင့် အမှုဖွင့်တရားစွဲဆိုကာ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နောက်ထပ် ရုံးချိန်းပေးလိုက်တယ်လို့ သိရပါတယ်။
သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ခရစ္စမတ်ကာလကိုတော့ စစ်ကြောရေးမှာတာ ဖြတ်သန်းခဲ့ရပြီး နှစ်သစ်ကူးနေ့ကိုတော့ အကျဉ်းထောင်အတွင်း ခါးတီးစွာဖြတ်သန်းခဲ့ရတာလို့ မိသားစုဝင်တဦးက လူမှုကွန်ရက်ကတဆင့် ပြောဆိုပါ တယ်။
သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် (KBC) ရဲ့ ဥက္ကဌဟောင်း ဖြစ်ပြီး လက်ရှိမှာတော့ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသလို ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ WMR ဥက္ကဋ္ဌလည်း တာဝန်ယူနေသူဖြစ်ပြီး ကချင်လူထုကြား လူသိများ ထင်ရှားပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ အားထုတ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။