သတင်း

သိမ်ဇရပ်အခြေစိုက် ခမရ ခြေမြန်တပ်ရင်း(၂၀၇ )က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားများထိခိုက်ကာ အသက်ဆုံးရှုံးမှုဖြစ် 

ဓါတ်ပုံ – CJ
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၉၊ ၂၀၂၃
 
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သုံးခွကျေးရွာ အတွင်းသို့ သိမ်ဇရပ်အခြေစိုက်ခမရ ခြေမြန်တပ်ရင်း (၂၀၇ )က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက် ည၇နာရီခွဲကျော်အချိန်က လက်နတ်ကြီး ၈ လုံးဆင့်ဖြင့် ပစ်ခတ်ခဲ့လို့ ဒေသခံ အရပ်သားပြည်သူများ ထိခိုက်ကာ အသက်ဆုံးရှုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
အဆိုပါ ခြေမြန်တပ်ရင်း ခမရ (၂၀၇ )ဟာ အဲဒီဒေသမှာ စစ်ရေးတင်းမာမှာ တစုံတရာမရှိဘဲ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
 
အကြောင်းမဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျဉ်ဟာ သိမ်ဇရပ်မြို့ သုံးခွကျေးရွာ ရောဘာခြံမိသားစုဝင် ၉ ဦးရှိတဲ့ စာရင်းငှားတို့၏ အိမ်ဘေး ၂လုံးခန့်ကျရောက်ပြီး ၆ဦး ထိခိုက် ဒဏ်ရာရရှိကာ ၂ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
 
အသက်ဆုံးရှုံးခဲ့တဲ့သူများဟာ အသက် ၂၈ နှစ် အရွယ် လူလတ်ပိုင်းတစ်ဦးနှင့် အသက်မပြည့်သေးတဲ့ ၅ နှစ်အရွယ် ကလေးတစ်ဦးကတော့ ဆေးရုံ၌ ဆေးကုသမှုခံယူနေစဥ်အတွင်း ဆုံးပါးခဲ့ရတာပါ။
 
အလားတူ အသက်မပြည့်သေးကြတဲ့ ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ညပေါင်ဒဏ်ရာရပြီးယောက်ျားလေး ၇နှစ်အရွယ် တင်ပါးထိမှန်ခဲ့ကြပြီး လူလတ်ပိုင်းဖြစ်ကြတဲ့ ၁၈ နှစ်အရွယ် အမျိုး သမီးတစ်ဦး လက်နတ်ကျည်စ ထိမှန်၊ ၃၉နှစ်အရွယ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အသက်၄၀ ကျော်ဖခင်ဖြစ်သူမှာတော့ ပြင်းထန်စွာ ဝမ်းဗိုက်ထိမှန်ခဲ့တာကြောင့် စိုးရိမ်ရတယ်လို့ သိရပါတယ်။
 
ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို သိမ်ဇရပ် တိုက်နယ်ဆေးရုံသို့ ဦးစွာပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်နေသည့်အတွက် ကျိုက်ထိုဆေးရုံသို့ ထပ်မံလွှဲပြောင်းခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ကလည်း သိမ်ဇရပ် အ​မြှောက်တပ် (၃၁၀ )မှ သိမ်ဇရပ် ကျောက်ဖျာ ကျေးရွာအတွင်းနှင့် အနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကျေးရွာ ၆ ရွာ ထပ်မနည်း လက်နတ်ကြီး ကျရောက်ပေါက်ကွဲမှု ရှိခဲ့သလို နေအိမ် (၄)လုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button