ကဗျာ

မှန်းတ ငါတို့တိုင်းပြည်

– မှန်းတ ငါတို့တိုင်းပြည်

မိစ္ဆာတို့ အာဏာမက်ပြီး

မတရား အာဏာမသိမ်းခင်ကလေ

ငါတို့တိုင်းပြည်ကြီးပေါ့

လူကြီး လူငယ်တွေ

ဝိုင်းလို့ ရုန်းလို့ ရွှေပြည်တော်ကြီးကို

တန်းတူရေး၊ ဖွံ့ဖြိုးရေး

လူ့အခွင့်အရေးတွေနဲ့

သာယာလို့ စည်ပင်လို့ရယ်။

 

အခုနေများ

နေရာတိုင်းမှာ မီးခိုးငွေ့တွေ ပြာငွေ့တွေ၊

နေရာတိုင်းမှာ ဗုံးသံတွေ သေနတ်သံတွေ

ကျောင်းနေရမဲ့ ကလေးတွေ

တောထဲမှာ ပြေးလွှားကြောက်လန့်နေရလို့ရယ်။

 

အိမ်ပြန်ချင်တောင် အိမ်မရှိတော့တဲ့ဘဝ။

စာကျက်ချင်တောင် စာအုပ်မရှိတဲ့ဘဝရယ်လို့

ဘယ်ကလေးတွေက တွေးခဲ့ဖူးမလဲ။

 

အလုပ်ခွင်မှာ အင်နဲ့ အားနဲ့ ကြိုးစားကြရမဲ့

လူငယ်တွေလည်း

တောကြီးမျက်မဲ တောင်အထပ်ထပ်ထဲမှာ

လက်နက်ကိုင်လို့ ကိုယ့်တိုင်းပြည်က

အသားထဲက လောက်ကောင်ကို

ပြန်သတ်နေရမယ်လို့

ဘယ်ထင်ခဲ့ကြမလဲ။

 

တရားစခန်းမှာ နေဝင်ချိန်အတွက်ပြင်ဆင်ကြရမဲ့ အမယ်အိုကြီးလည်း

နောက်ဆုံး နားကပ်ကိုချွတ်

သားထောင်ဝင်စာအတွက် အစားအသောက်တွေပို့

သောကတွေ ဝေပြီး

မျက်ရည်အပြိုင်ပြိုင်ကျနေရမယ်လို့

ဘယ်လို ကြိုသိခဲ့ကြမလဲလေ၊။

 

လက်သည် တရားခံ ရန်သူ ဘယ်သူလဲဟေ့…

မတော်အာဏာကိုမက် လက်နက်အားကိုးနဲ့

အာဏာသိမ်းချင်တဲ့ စစ်တပ်

ဗီဇယုတ်တဲ့ စစ်တပ်

အမျိုးနိမ့်တဲ့ စစ်တပ်

ခွေးကတတ်က စစ်တပ်…။

 

  • ကံ့ကော်ဖြူ

Related Articles

Back to top button