သတင်း

စစ်အာဏာသိမ်းမှုကာလ ရက်ပေါင်း ၅၈၂ အတွင်း အရပ်သားပြည်သူ သတ်ဖြတ်ခံရမှု ၂၂၆၅ ဦး အထိရှိလာ

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ စက်တင်ဘာ ၆

AAPP ၏ စက်တင်ဘာလ (၅) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံး စစ်အာဏာသိမ်းမှု ကာလ ရက်ပေါင်း ၅၈၂ အတွင်း အရပ်သားပြည်သူ ၂၂၆၅ ဦးအထိ သတ်ဖြတ်ခံခဲ့ရတယ်လို ဆိုပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံရသူပေါင်း ၁၅၃၅၃ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲက ပြန်လည်လွတ်မြောက် လာသူ စုစုပေါင်း(၃၀၇၉) ဦး ရှိခဲ့တယ်လို ဆိုပါတယ်။ အလားတူ မတရား ဖမ်းဆီးခံထားရသူများထဲက ၁၄၃၀ ဦးဟာ ထောင်ဒဏ် အသီးသီး ချမှတ်ခြင်းခံထားရတယ်လို သိရပါတယ်။

နွေဦးတော်လှန်ရေးနှင့် ဆက်စပ်ပြီး စစ်ကောင်စီက မျက်ကွယ်သေဒဏ်အဖြစ်(၁၂၅)ဦးကို ပြစ်ဒဏ်ချမှတ် ထားပြီး အဲဒီထဲက (၄၂) ဦးကိုတော့ မျက်ကွယ်သေဒဏ် ကွက်မျက်လိုက်ပြီလို AAPP ရဲ့ ထုတ်ပြန်ချက် အဆိုအရ နားလည်ရပါတယ်။

ကိုးကား – AAPP

Related Articles

Back to top button