– မစိမ်းလန်းသေးတဲ့ငြိမ်းချမ်းရေး –
၂၀၂၁ ဖေ ၁ က စလို့
ဒီမင်းမဲ့တိုင်းပြည်မှာ
တည်ငြိမ်အေးချမ်းစွာ နေလိုသည့် ပြည်သူ့ဘဝ
အိမ်ထဲကအိမ်ပြင်မထွက်ရဲ
ဘယ်ဧည့်သည်မှလက်မခံပါဘဲ
သတင်းမှားပေးတဲ့မလိုသူ စေခိုင်းပုံအတိုင်း
ရဲကဝိုင်းလိုက်
စစ်က ဝင်လိုက်
မေးသမျှအမှန်ဖြေသော်လည်း
အဓိကရုန်းဖြိုခွင်း သူက
နယ်မြေရှင်းလင်းရေး ဟုဆိုကာ
ဒလန် ပြောသမျှလက်ခံ မီဒီယာ အသံတွေဆိတ်သုဉ်း
အိပ်ငွေ့ဗုံးတွေ ကျဲကျဲချနေလိုက်တာ။
“ထစမ်း”ဟုအယဥ်ကျေးဆုံးအမိန့် ပေးလို့
မတ်တတ်ရပ်လိုက်ပါတယ်
“ထစမ်း ပါ ဆို ဘာလို့ ရပ်တာလဲ “ဆိုပြီးရိုက်ပါတယ်
ပြန်ထိုင်တော့ လည်း ထပ်ရိုက်
“အမိန့်အာဏာဖီဆန်သလား”တဲ့ဗျာ။
ညဘက်အချိန်မတော် ညမထွက်ရဥပဒေပြဌာန်းပြီး
သူတို့ကိုယ်တိုင်ညထွက် ပိုင်နက်ကျူးလွန်
ဖမ်းဝရမ်းမပါဘဲဖမ်းဆီး
ဆိုင်ကယ်နှစ်ယောက်စီး တွေပစ်သတ်
အင်း….
ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ
လူထု မပါ တဲ့ တဖက်သတ်
ညစ်ပတ်မြဲညစ်ပတ် လျှက်ကမဖြေလျော့
ဂျိုးဖြူငှက် ကိုဖမ်းထားမြဲ။ ။
- နိုင်ယုဝေ