ကဗျာ

ခွေးရူးကောင်းစား တစ်မွန်းတည့်

  • ခွေးရူးကောင်းစား တစ်မွန်းတည့်

 

မနက်မိုးလင်း ဆိုးသတင်းသည်

နားတွင်းကြားရ စိုးထိတ်လှဖွယ်

အ မင်္ဂလာ အဖြစ်ပါပေ

စစ်အာဏာသိမ်း ပြည်ကိုသိမ်းလို့

လူပိန်းလူယုတ် စစ်ကာချုပ်၏

မင်းလုပ်ချင်သော ရမ္မက်ဇောကြောင့်

ငပေါငတေ ဗိုလ်မြင့်ဆွေက

ငါလေသမ္မတ သူပုန်ထကာ

မအလအား ငဲ့သနား၍

ထောက်ထားပေးရှာ ပြည့်အာဏာကို

အပ်ကာပုံပေး လူ့ငခွေးထံ

ခွေးရူးကောင်းစား တစ်မွန်းတည့် ။

 

  • နွေဦးအာကာ

Related Articles

Back to top button