ဓာတ်ပုံ -CJDC
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဩဂုတ် ၁၂
အာာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ချင်းပြည်ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ၆ လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၉၀၀ ကျော် သေဆုံးခဲ့တယ်လို့ ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီ (CJDC)က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အပါအဝင် ချင်းပြည်နယ် ၉ မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းပြည်ပူးပေါင်းကာကွယ်ရေးကော်မတီဝင် ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲပေါင်း အကြိမ် ၂၂၀ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၉၂၇ ဦး သေဆုံးပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်က ၅၃ ကျဆုံးခဲ့တယ်လို့ ချင်းပြည်ပူးပေါင်းကာကွယ်ရေး ကော်မတီ (CJDC)က သြဂုတ် ၁၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
CJDC ရဲ့ Kalay – Kabaw – Gangaw (CDF- KKG) တပ်ဖွဲ့တွေဟာ ချင်းပြည်နယ် (၉) မြို့နယ်ထဲမှာ မပါဝင်ပေမယ့် CJDC အဖွဲ့ဝင်ဖြစ်တဲ့အတွက် တိုက်ပွဲနဲ့သေဆုံးဇယားထဲမှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ချင်းပြည်ပူးပေါင်းကာကွယ်ရေး ကော်မတီ Chinland Join Defense Committee ဟာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေ စုစည်းထားတဲ့ ကာကွယ်ရေးနဲ့ စစ်ဘက်ဆိုင်ရာ စီမံကွပ်ကဲသော ကော်မတီဖြစ်ပါတယ်။