ဧပြီလ – ၁၃ – ၂၀၂၂ ခုနှစ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နိုင်ငံတော်အာဏာကို စစ်တပ်က မတရားသိမ်းယူပြီးနောက် ပြည်သူတစ်ရပ်လုံး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများပြုလုပ်ခဲ့အပေါ် ယနေ့ ဧပြီလ(၁၃)ရက်နေ့ထိ အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ပြည်သူ ( ၁၇၅၀ )ဦး အသက်သေဆုံးခဲ့ရပြီး မတရားဖမ်းဆီးခံခဲ့ရသူ ( ၁၃၂၃၉ )ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရသည်။
- ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝက်ခေါင်းကျေးအနီးတွင် စစ်တပ်နှင့် AAတို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ များဖြစ်ပွါးနေကြောင်း ဒေသခံများက ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၃ ရက်နေ့ နေ့လယ်ပိုင်း မြေပုံမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသည့် မြေပုံ- မင်းပြားကားလမ်းမပေါ်ရှိ ဝက်ခေါင်းကျေးရွာအနီး-တောင်ဖက်အစပ် ဆေးခန်းတစ်ခုအနီးတွင် စစ်တပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်ဟု western news သတင်းဌာနတွင်ဖော်ပြထားသည်။
- ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာ တွင် စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစခန်းကို KNLA၊ KNDO၊ Black Warriors Force (PDF) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။ KNLA ပူးပေါင်း အဖွဲ့က RPG၊ ၇၉ မမ အပါအဝင် လက်နက်ငယ်များဖြင့် လေးကေကျေးရွာရှိ စစ်ကောင်စီစခန်းကို အနီးကပ် ဝင်ရောက်ပြီး အလစ် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း Black Warriors Force က သတင်း ထုတ်ပြန်ထား သည်။
- ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အိုခူးရီဒေသတွင် KNDF၊ KA ၊ KPDF ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့ကြောင်း KNDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာသဖြင့် လေယာဉ်နှစ်စင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကရင်နီပူးပေါင်းတပ် ဘက်က ၇ ဦးကျဆုံးရကြောင်း သိရသည်။ အိုခူးရီဒေသ တိုက်ပွဲတွင် ကျဆုံးသွားသူ ၇ ဦးမှာ KNDF မှ ၅ ဦး၊ KA မှ တစ်ဦးနှင့် KPDF မှ တစ်ဦး ဖြစ်ကြပြီး ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း KNDF တပ်ဖွဲ့ဝင်များထံမှ သိရသည်။
- ချင်းပြည်နယ်နှင့် ချင်းလူမျိုးအတွက်သာမက မြန်မာ တစ်နိုင်ငံလုံးနှင့် အတူ ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ မှ အဖွဲ့အစည်းတည်ထောင်သည့် တစ်နှစ်ပြည့်ဖြစ်သည့် ယနေ့ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။
- ကချင်ပြည်နယ်၊ ပန်ဝါမြို့မှ ဆင်းလာသည့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖြစ်အသွင်ပြောင်းထားသည့် NDA-K တပ်ဖွဲ့ဝင်များကို ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ရာ ပြည်သူ့စစ် ၂ ဦးသေဆုံးပြီး ၄ ဦးကို အရှင်ဖမ်းမိကြောင်း လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း ကချင်သတင်းရင်း မြစ်ထံမှ သိရှိရသည်။ အဆိုပါ NDA-K ပြည်သူ့စစ်များကို KIA တပ်ရင်း ၄၆ နှင့် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ ပူးပေါင်းတပ်တို့က ပြည်သူ့စစ်များ စီးနင်းလာသော ကားများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သေနတ် ၁၀ လက်အပါအဝင် ကျည်ဘောက်များ၊ ဗုံးသီးများနှင့် စစ်အသုံးအဆောင်အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ကချင်သတင်းရင်းမြစ်ကဆိုသည်။
- ဖရူဆိုမြို့နယ်၊မာခရော်ရှေ့ကျေးရွာနှင့်လောကျေခူရွာသစ်ကျေးရွာကြားတွင် ယမန်နေ့ဧပြီ ၁၂ ရက်နေ့က တံတား ပြုပြင်ရန် စစ်ကြောင်းထိုးလာသည့်လေ့ ကျင့် ရေးအမှတ် (14) တပ်မှ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ဖရူဆို (PDF_Hpruso) KA / KNDF B-B04 နှင့် B_15 မဟာမိတ်တပ်ဖွဲ့ တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်မှ ၈ ဦးသေဆုံး ကြောင်း PDF-Hpruso က ထုတ် ပြန်ထားသည်။ ထိုသို့တိုက်ခိုက်ရာတွင် စစ်ကောင်စီ ဘက်မှ အိမ်စီးကား သေးတစ်စီး၊ ဘက်ဖိုး သယ်လာသည့် ဆယ်ဘီး ဒါဘာကားကြီးတစ်စီးနှင့်အတူ ဘက်ဖိုးကားတစ်စီး ဖျက်ဆီးနိုင်ခဲ့ပြီး MA2 တစ်လက်နှင့်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
- ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း စစ်အာဏာရှင်အမြစ်ပြတ်မုချကျဆုံးရေး သပိတ်အမျိုးမျိုး ပြုလုပ် လေ့ရှိသည့် ဟိုပုံးမြို့နေ ပြည်သူများက ယနေ့ ဧပြီလ(၁၃)ရက် သင်္ကြန်အကြိုနေ့တွင် တော်လှန်သင်္ကြန်အိမ်တွင်း သပိတ်လုပ်ဆောင်ကြသည်။ “မြို့ပေါ်က လူငယ်တွေ တောထဲက ရဲဘော်တွေကို ကိုယ်ချင်းစာ အားနာတဲ့စိတ်ထားပြီး စစ်ကောင်စီက ဟန်ပြန်လုပ်တဲ့ သင်္ကြန်ပွဲကို မပါဝင်ဘဲ တော်လှန်ကြပါ”ဟု ဟိုးပုံးလူငယ်တစ်ဦးက တိုက်တွန်းထားရှိသည်။
- ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် M.O PDFတပ်ရင်း B တပ်ခွဲ ၂ မှ”စစ်ခွေးသင်္ကြန် ဆက်တော် လှန်” ခေါင်းစဥ်ဖြင့် ဒီကနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် တောတွင်းတစ်နေရာကနေ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
- တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဒီကနေ့ (ဧပြီလ ၁၃ရက်) သင်္ကြန်အကြိုနေ့မနက်မှာ “စစ်ဘီလူးတွေကျရှူံးဖို့ တော်လှန်သကြန်မှာပါဝင်စို့” စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
- မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း (၂)မှ ရဲဘော်များ ဧပြီလ ၁၃ ရက်နေ့မနက်ပိုင်း တွင် “ဖက်ဆစ်တန်ခူး ဒို့မမြူး၊ဖက်ဆစ်သင်္ကြန် ဒို့တော်လှန်”စာသားများကိုင်ဆောင်ပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
- အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ဧပြီလ ၁၃ ရက် နံနက်တွင် ကလေးမြို့ရှိ တော်လှန်ပြည်သူများသည် ၄၃၀ ရက်မြောက် ပင်မသပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီတက် ဆန္ဒပြကြသည်။
- သင်္ကြန်အကြိုနေ့ဖြစ်သည့် ယနေ့ ဧပြီ ၁၃ ရက်နေ့တွင် စမ်းချောင်းပင်ပသပိတ် စစ်ကြောင်း SC လူငယ်များနှင့် အလုပ်သမားတပ်ပေါင်းစု LA လူငယ်များက အကြမ်းဖက် ဖက်ဆစ် စစ်တပ် အောက်တွင် ပြည်သူအများ ဖိနှိပ်မှု၊ မတရားမှုများ နေ့စဉ်နှင့်အမျှ ခံစားနေရကြောင်း၊ စစ်အာဏာ ရှင် မကျဆုံးသေးသရွေ့ မည့်သည့်ပွဲတော်မျှသည် ပြည်သူကို အခြေမပြု ကိုယ်စားမပြုကြောင်း၊ တောထဲ ရှိ ရဲဘော်များ၊ CDM , ထောင်တွင်းရဲဘော်များနှင့် စစ်ဘေးရှောင်များ အောင်ပွဲဆင်နိုင်မှ သာ ပြည်သူများက သင်္ကြန်ပွဲတော်ကို ဆင်နွဲသွားမည် ဖြစ်ကြောင်း ဖော်ပြသည့် အတာအိုးကမ်းပိန်း ပြုလုပ်ခဲ့ကြသည်။
- စစ်ကောင်စီ၏ ဝါဒဖြန့်ချီရန် စီစဉ်ကျင်းပသော ရေသဘင်ပွဲတော် ပုံရိပ်ယောင်ကို ဆန့်ကျင်သော အားဖြင့် “သွေးစွန်းသကြင်္န် ဒို့တော်လှန်” ဟူသော စာသားအား ရန်ကုန်မြို့တစ်နေရာတွင် ချိတ်ဆွဲခဲ့ သည်။ ထို့အတူ တော်လှန်ရေးဘက်တော်သားပြည်သူများအနေဖြင့်လည်း စစ်ကောင်စီမှ ဦးဆောင် ကျင်းပသည့် သကြင်္န်ပွဲတော်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ၄င်းတို့နဲ့ပတ်သတ်ဆက်နွယ်နေသည့် အသိုင်းအဝိုင်းမှကျင်းပသည့် ပျော်ပွဲရွှင်ပွဲများအား မပူးပေါင်းခြင်းဖြင့် ဆန့်ကျင်သပိတ်မှောက်ကြ ရန် ထပ်မံတိုက်တွန်းလိုက်သည်။
- ယနေ့ ဧပြီလ ၁၃ ရက် ၂၀၂၂ ခုနှစ်၊ သင်္ကြန်အကြိုနေ့တွင် ရန်ကုန်ရှိ သပိတ်အင်အားစုများ၏ တော်လှန်ရေးလှုပ်ရှားမှုများ အနေဖြင့် ရန်ကုန်အတွင်း မြို့နယ်များရှိ လမ်းမများပေါ်တွင် ဆေးနီ ပက်ဖျန်းခြင်းများ၊ ကားတာယာမီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်။ ပြည်သူများကိုယ်တိုင် ခရီးသွား ဟန်လွဲပုံစံဖြင့် ပါဝင်လှုပ်ရှားနိုင်သော လှုပ်ရှားမှုမျိုးဖြစ်၍ ပြည်သူအပေါင်းမှ အင်တိုက် အားတိုက် ပါဝင်လုပ်ဆောင်ကာ ဆေးနီများပက်ဖြန်းခြင်း၊ အမှိုက်များလမ်းမထက်စုပုံခြင်း၊ သွန်ခြင်း၊ ဖြွခင်း၊ တာယာများမီးရှို့ခြင်း စသည်တို့အပြင် တော်လှန်မှု၊ ဖီဆန်မှုကိုပြသသော လှုပ်ရှားမှုများ၊ ပုံရိပ်များ ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့်ကြရန် တိုက်တွန်းထားသည်။
- မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလအတွင်း ရဟန်းသံဃာတော်များ အနေဖြင့် ဆွမ်းခံထွက် စရာမလို ကျောင်းမှာပဲ ရေကန်တော့လာသမျှလက်ခံပြီး အေးအေးဆေးဆေး နေရမည်ဖြစ်သော် လည်း လက်ရှိအခြေ အနေတွင် အာဏာရူးလူတစု၏ အကြမ်းဖက်ဖိနှိပ် သတ်ဖြတ်မှုများကြောင့် ပြည်သူများ ကိုယ်စိတ်နှစ်ပါး ပင်ပန်းဆင်းရဲကြုံနေရသလို သံဃာတော်များကလည်း သင်္ကြန်တွင်း ဆွမ်းခံထွက်နေရကြောင်း မန္တလေး သံဃသမဂ္ဂက ဆိုသည်။ ထို့ကြောင့် သံဃသမဂ္ဂသပိတ် စစ်ကြောင်းသည် ယနေ့ (ဧပြီ ၁၃ ရက်) သင်္ကြန်အကြိုနေ့တွင် “သင်္ကြန်မကျ ဆွမ်းခံကြွသပိတ်” ပြုလုပ်ခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီက ကျင်းပသည့် သင်္ကြန်ပွဲတော်ကိုလည်း ပြည်သူများ သပိတ်မှောက်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
- မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၃ ရက်နေ့ တွင် ကဏ္ဍပေါင်းစုံမှ CDM ဝန်ထမ်းများအား ဂုဏ်ပြုကြောင်းနှင့် ပြည်သူများ၊ PDF ရဲဘော်များ ဘေးအန္တရာယ် ကင်းရှင်းစေရန် ပရိတ်ရွတ် မေတ္တာပို့ပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မေမြို့သူ မေမြို့သားများက တော်လှန်သင်္ကြန်စာသားများကို အိမ်တွင်းသပိတ် Online သပိတ်ပြု လုပ်ခဲ့ပြီး နွေဦးတော် လှန်ရေးမှာ ကျဆုံးသွားတဲ့အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ “အပျော် သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ´´ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
- လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်ကော်မတီဝင်တွေဦးဆောင်ပြီး ဒီနေ့ သင်္ကြန်အကြိုနေ့မှာ မုန့်လုံးရေပေါ် စတုဒီသာလုပ်ရင်း “အလံမလိပ် အသံမတိတ် တော်လှန်သင်္ကြန်သပိတ်” ခေါင်းစဥ်နဲ့ အာဏာရှင် ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။
- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းဒေသ ၅/ လက်ပံတောင်း သပိတ် စစ်ကြောင်းသည် ဧပြီ ၁၃ရက်နေ့တွင် “သင်္ကြန်မှာ ယိမ်းမက တော်လှန် နွေမ”စာသားကို ကိုင်ဆွဲ ကာ ညနေသပိတ်ချီတက်ဆန္ဒပြခဲ့ကြသည်။
- ဆားလင်းကြီးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် “တော်လှန်သင်္ကြန်ဆင်နွှဲကြ ဖက်ဆစ်သွေးနဲ့ ခြေဆေးကြ” စာတန်းကိုင် ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီက ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ထီလင်းမြို့တွင် ပြည်သူများ စုပေါင်းပြီး ယောပြည်သူ့ကာကွယ်ရေးတပ် YDF Htilin Battalion (3)(SSN)က ဆန္ဒပြပြည်သူများ၏ လုံခြုံရေးယူပေးကာ ထီးလင်းမြို့နယ် ကျေးရွာပေါင်းစုံ လူထု သပိတ်စစ်ကြောင်းတွင် “အပျော်သင်္ကြန် ဒို့ ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ” ၊ “သွေးအေး နေမလားမတွေးနဲ့ ပျောက်ကြားထိုးစစ်နွဲနေပီ “စသည့် စာသားများ ကိုင်ဆွဲကာ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။
- ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင် မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- အကြမ်းဖက် စစ်တပ်အမြစ်ပြတ်ဖြုတ်ချရေး ယင်းမာပင်ခရိုင်တွင် ၃၉၉ ရက်မြောက် ရွာပေါင်းစုံ သပိတ်စစ်ကြောင်းဖြင့် ဧပြီ ၁၃ ရက်တွင်လှည့်လည်ချီတက် ဆန္ဒပြကြသည်။
- ယင်းမာပင်မြို့နယ် စုန်းချောင်းရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ပြည်သူကို သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်တပ်၏ အဟောင်ပြ သင်္ကြန်တွင် ပြည်သူများ ပါဝင်ခြင်းမပြုကြရန် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်းအမှတ် ၃၅၀၁ ဘုရင့်နောင်တပ်ရင်းက မေတ္တာရပ်ခံ ပန်ကြားလိုက်သည်။
- ရွှေဘိုရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြ ခြင်းကို ဧပြီ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ချီတက်ခဲ့ကြသည်။
- ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ ပေတရာလမ်းမပေါ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ “ပေတရာ ပေါ်မှာ စီးတဲ့သွေး သြက်န်ရေနဲ့ မဆေးကြော” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်က ပြုလုပ်သည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
- ကနီမြို့နယ်မှာ နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲမှာကျဆုံးသွားခဲ့တဲ့ ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်အောင်ကြီးကို ဂုဏ်ပြုတဲ့အနေနဲ့ အများကောင်းမှု ပေါင်းစု လှူဒါန်းတဲ့ အောင်ကြီးတံတား ဖွင့်ပွဲကို ဒီနေ့ ကျင်းပပါတတယ်။ တံတားဖွင့်ပွဲနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။
- အကြားအာရုံမသန်စွမ်းသူများသပိတ်စစ်ကြောင်း သူတို့က ဦးဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ညသပိတ်ပြုလုပ် နားမကြားသူများ (အကြားအာရုံမသန်စွမ်းသူများ သပိတ်စစ် ကြောင်း ဆရာတော်များ ဦးဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး “အပျော်သင်္ကြန် ဒို့ငြင်းဆန် ဖက်ဆစ်တန်ခူး ဒို့မမြူး အတူလက်တွဲ ရုန်းကန်နွှဲကြ။ အပျော်သင်္ကြန်တို့ငြင်းဆန် တော်လှန်းသင်္ကြန်ပြည်သူ။ နားမကြားသူများ (အကြားအာရုံမသန်စွမ်းသူများခေါင်းစဉ်ဖြင့် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
- မြောင်တွင် ပြည်သူများ စုပေါင်း၍ “စစ်ခွေးတန်ခူး ဒေါင်းမမြူး စစ်ခွေးသင်္ကြန် ဒို့တော်လှန်” စာသားနှင့် အတူ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး မြောင်မြို့နယ် သပိတ် စစ်ကြောင်း ချီတက်ခဲ့ကြသည်။
- စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းရေးတို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC တို့ ပူးပေါင်းပြီးငွေတိုက် စာချုပ်ရောင်းချပေးနေ ကြောင်း PNFC Facebook page မှာဖော်ပြထားပါတယ်။ ငွေတိုက်စာချုပ်ကို ပြည်တွင်း၊ ပြည်ပမှာ စတင်ရောင်းချပေးနေပြီဖြစ်ပြီး ဝယ်ယူအားပေးနိုင်ပြီလို့ ဖော်ပြထားပါတယ်။
- စစ်ကိုင်းတိုင်း မုံရွာမြို့ အောင်သပြေလမ်းမှာ ဧပြီလ(၁၃)ရက် သင်္ကြန်အကြိုနေ့ မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲ(၂) ယောက်မောင်းနှင်လာတဲ့ကားကို Monywa TheBoys (မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တပ်ရင်း(၂)ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့)က လိုက်လံပစ်ခတ်ရာ ရဲ (၁) ယောက် သေသွားတယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ အပြင် ထွက်သွားလာတာတွေ မပြုလုပ်ကြဖို့ ကိုလည်း ဒေသခံတော်လှန်ရေးအဖွဲ့တွေက သတိပေး ထုတ်ပြန်ထားပါတယ်။
- မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်တောင်ပိုင်းရှိ သက္ကယ်ကျင်းကျေးရွာနှင့် ကိုင်းမကျေးရွာတို့ ယနေ့ နံနက် ၉ နာရီကျော်ဝန်းကျင်မှစတင်၍ အကြမ်းဖက် စစ်တပ်က မီးရှို့နေကြောင်း ဒေသခံ များက ပြောဆိုသည်။ “သက္ကယ်ကျင်းကျေးရွာလည်း မီးရှို့ခံနေရတယ်။ မီးများတယ်။ စစ်ခွေးတွေ ရှို့နေတာ။ ကိုင်းမရွာလည်း မီးရှို့ခံနေရတယ်။ ဒီနေ့ မနက်၉ နာရီကျော်လောက်က စရှို့တာဗျ။ သက္ကယ်ကျင်းရွာ အရှေ့ ပိုင်းနဲ့ အလယ်ပိုင်းကို စရှို့တာ။ ခုထိမီးမငြိမ်းသေးဘူး။ ခုကိုင်းမပါ ဆက်ရှို့ နေပါပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုခဲ့အကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထား သည်။
- ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ လွှစင်ရွာမှ ဒေသခံ ပြည်သူပိုင် နေအိမ် ၂ လုံး ယနေ့ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) နံနက် အစောပိုင်းတွင် မီးရှို့ ဖျက်ဆီးခံခဲ့ရ ကြောင်း သိရသည်။ ” စကစနဲ့ ပျူစောထီးတွေ မီးရှို့တာ၊ ဦးနီနဲ့ ဦးစီတို့ အိမ်တွေကို။ မနေ့ (ဧပြီလ ၁၂ ရက်)ကလည်း နွားဘန်းကြီးရွာက CDM ဆရာမရဲ့အိမ်လည်း မီးရှို့ခံရသေးတယ်။” ဟု ဒေသခံတစ်ဦး က ပြောသည်။
- ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ ဆက်သွယ်ထားသော အာရှလမ်းမ တောနော်ရေတံခွန် အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂိတ်များချကာ ဖြတ်သန်းသွားလာသော ကားမှန်သမျှကို တားပြီး ကားပေါ်ပါလာသမျှ ဖုန်းများ၊ ငွေများကို လုယူနေကြောင်း သတင်းရရှိ သည်။ ယနေ့ ဧပြီလ ၁၃ ရက်နံနက်၌ ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်ခဲ့ပြီး တောနော်ရေ တံခွန်အနီးတွင် ကားမီးရှို့ခံလိုက်ရသည့် ဖြစ်စဉ်ကို အသေးစိတ် သိရှိသူတစ်ဦးက ပြောဆိုသည်။
- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် တောတောင်များမှ သွယ်တန်းယူသည့် ရေများခမ်းလာသောကြောင့် သုံးရေမရှိသည့် ပြဿနာနှင့် ကြုံတွေ့လာတော့ မည့် အခြေအနေနှင့် ရင်ဆိုင်လာရကြောင်း သိရသည်။ လက်ရှိ ကျေးလက်မှ ပြုလုပ်ပေးထားသည့် တောင်ပေါ်ရေ သွယ်တန်းယူသော နေရာမှ တစ်ရွာလုံးနီးပါး ရယူနေရသောကြောင့် မလောက်ငှ ဖြစ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။
- အာဏာသိမ်း စစ်ကောင်စီ၏ လက်ထက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ တော်ကော့(ပြင်)ဘုန်းကြီးကျောင်း အတွင်း၌ ယနေ့ ဧပြီလ ၁၃ ရက်၊ သင်္ကြန်အကြိုနေ့အထိ ရက်ရှည်ကြာ လောင်းကစားမျိုးစုံကို စစ်တပ်နှင့် နီးစပ်သူများက အပေးအယူများ ပြုလုပ်ပြီး တရားဝင်သဖွယ် ဖွင့်လှစ် ခွင့်ပြုပေးထား ကြောင်း သိရသည်။
- ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဧပြီ ၁၃ ရက် မနက်ပိုင်းက စစ်ကောင်စီက ဖိအားပေးပြုလုပ်တဲ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို စစ်ကောင်စီခန့်ဝန်ကြီးတွေနဲ့ NON-CDM ဝန်ထမ်းတွေပဲ တက်ရောက်ခဲ့ပြီး မြို့ပေါ်လမ်းတွေမှာတော့ ရေကစားသူတောင် မရှိဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။ “ဒီနှစ် သင်္ကြန်က အဖြစ်ပဲလုပ်တာပါ။ အပေါ်က ဖိအားတွေက များတယ်။ လုံခြုံရေးအခြေအနေကြောင့် သီရိကွင်းမှာ လာလုပ်တာလည်း ဖြစ်မယ်။ ဖွင့်ပွဲတောင် ဝန်ထမ်းတွေနဲ့ ဖွင့်ရတာ။ ဒီအချိန် ဘယ် ပြည်သူမှတက်မှာလည်း မဟုတ်ဘူး။ အကြံအဖန်နဲ့ လုပ်ယူရတဲ့ ပျော်ရွှင်မှုက ဘယ်လို ပျော်ရွှင်မှာလဲ” အပြည့်စုံဖတ်ရန် http://burmese.dvb.no/archives/527591
- ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များ အထိုင်ချထား သည့် ဇွဲတွန်စစ်ဆေးရေးဂိတ်ကို ယနေ့ နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဝင်ရောက်တိုက်ခိုက်ရာ မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။ ဇွဲတွန်စစ်ဆေးရေးဂိတ်အား ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Khayan) နှင့် ပဲခူးခရိုင် PDF တပ်ရင်း ၁၊ တပ်ခွဲ ၂ (ကဝ KPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း လည်း ဒေသတွင်း မီဒီယာတခုဖြစ်သည့် Khayan Channel နှင့် ပဲခူးခရိုင် PDF တို့က ဆိုထားသည်။
- တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်က ဆောက်လုပ် ထားသော သင်္ကြန် မဏ္ဍပ် ၄ ခုတွင် ဖျော်ဖြေရေး တီးဝိုင်းများ မရှိသောကြောင့် စစ်တပ်က ဖမ်းဝရမ်းထုတ်မည် ခြိမ်းခြောက်ကာ တီးဝိုင်း လိုက်ငှားနေကြောင်း သိရသည်။ ” အရင်ဆုံး ဖုန်းဆက် လာပြီး ငွေကိုလို သလောက်ပြော လာတီးပေးရင်ရပြီ လို့ပြောတော့ အဖွဲ့သားတွေကို မေးပေးမယ် ပြောခဲ့တယ်။ ထပ်ပြီး ဖုန်းဆက် လာတော့ ဒီနှစ် မတီး ဖြစ်တော့ဘူး။ ပြောတာကို စိတ်တိုပြီး လာမတီးရင် ဝရမ်း ထုတ်ပစ်မယ်ပြီး ဖုန်းချသွားတယ်” အမည်မဖော်လိုသော တီးဝိုင်းတစ်ခုမှ အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
- မကွေးတိုင်း ပခုက္ကူမြို့မှာ ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ဒေသကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ PKU N PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
- ရန်ကုန်၊ မန္တလေးမြို့တွင် အကြမ်းဖက်စစ်ကောင်စီဘက်တွင် ရပ်တည်ပြီး စစ်တပ်သင်္ကြန် စည်းကားစေရန်အတွက် ဖျော်ဖြေကြသော ရန်အောင်၊ မေသန်းနု၊ အမေများအဖွဲ့၊ မန်းလေး မြို့မတီးဝိုင်းနှင့် တခြား အနုပညာရှင်နှင့်အဆိုတော်များကို ဆန့်ကျင် သပိတ်မှောက် စတင်လှုပ်ရှား ကြသည်။ စစ်တပ်၏ ရက်စက်မူကြောင့် အသက်ပေးခဲ့ရသည့် နွေဦးအာဇာနည်များ၊ တောတွင်းရှိ PDF ,CDMများ၊ မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်များ၊ ထောင်တွင်းရဲဘော်များ၊ စစ်ဘေးရှောင်များကို စာနာထောက်ထားပြီး စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆက်လက်တိုက်ပွဲဝင်သွားမည့် ပြည်သူ များသည် တော်လှန်သင်္ကြန်အဖြစ် သာ ဆင်နွဲသွားမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။
- စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာအနီးတွင် အဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယနေ့(ဧပြီ ၁၃ ရက်) မနက် ၁၀ ခန့်မှစတင်ပြီး တိုက်ပွဲများ ပြင်း ထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ်က ယမန့်နေ့(ဧပြီ ၁၂ ရက်)က ကလေးမြို့အနောက်မြောက်တွင်ရှိသည့် PDF(ကလေး) ၊ တပ်ရင်း ၃ ၏စခန်းတစ်ခုကို ဝင်ရောက်သိမ်းပိုက်ထားခြင်းကြောင့် ယနေ့တွင် ဒေသခံကာကွယ်ရေးတပ်များက စခန်းကို ပြန်လည်သိမ်းပိုက်ရန် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
- သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ အသက် (၁၆) နှစ်အရွယ် ကျောင်းသားတစ်ဦး ရေချိုးဆင်းရာ ရေနစ်သေဆုံးခဲ့ကြောင်းသိရှိရသည်။ ယနေ့ ဧပြီ (၁၃) ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ထို အလာင်းကို ရေနစ်ရာ ပေ (၂၀) အကွာမှာ တွေ့ရှိခဲ့ကြောင်း နယ်စည်းမခြား ပရဟိတ ထံမှ သိရှိရ သည်။ ထို ကျောင်းသားသည် သီပေါမြို့ ဇာတ်စုရပ်ကွက်က ဒေသခံ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။