သတင်း

နေ့စဉ်သတင်းအကျည်း

ဧပြီလ – ၈ – ၂၀၂၂ ခုနှစ်

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီသည် စစ်အာဏာရှင်မလိုလားသည့် ပြည်သူများကို အကြောင်းမဲ့ပစ်သတ်မှုကြောင့် ယနေ့ ဧပြီလ (၈)ရက်နေ့ အသက်သေဆုံးသူ ( ၁၇၃၅ )ဦးအထိရှိပြီဖြစ်ပါသည်။ ထို့အပြင် မတရားဖမ်းဆီးခံခဲ့ရသူ ( ၁၃၁၇၂ )ဦးအထိရှိခဲ့ပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် ထွက်ပြေးသိမ်း ရှောင်နေရသူ ( ၁၉၇၆ )ဦးအထိရှိခဲ့ကြောင်း AAPP ၏ ထုတ်ပြန်ချက်အရသိရှိရသည်။

  • ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ် ရေး တပ် (PDF) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့ကို ထောက်ခံခြင်းနှင့် စစ်အာဏာ ရှင် စနစ် အမြစ်ဖြတ် ချေမှုန်းရေး ပြည်သူ ၃၀၀ ကျော် ယနေ့ ဧပြီလ ၈ ရက်တွင် ချီတက် ဆန္ဒပြ သပိတ်မှောက် ကြသည်။ ဆန္ဒပြ ပြည်သူများက “ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ” ၊ “တိုင်းရင်းသားတပ်တွေ တိုက်ပွဲတိုင်းမှာ နိုင်ပါစေ” ၊ “NUG အစိုးရ ဒို့အစိုးရ” ၊ “အကြမ်းဖက် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ” ၊ “အားတင်းထားပါ စစ်ကိုင်းရေ မင်းတို့နောက်မှာ ငါတို့ရှိ တယ်”၊ “အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင် အဖွဲ့ အသေဆိုးနဲ့ သေပါစေ’’၊ “စစ်အာဏာရှင်အမြစ် ဖြတ် ချေမှုန်းရေး ဒို့အရေး” ၊ “ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး” ၊ “ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး” ၊ “နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရ မည်” စသည့် ကြွေးကြော်သံများဖြင့် ချီတက် ကြသည်။

 

  • အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး စစ်ကိုင်းတိုင်း ကလေးမြို့ရှိ တော်လှန်ပြည်သူ များသည် ယနေ့ ဧပြီလ ၈ ရက်နေ့တွင် ၄၂၅ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ချီ တက်ဆန္ဒပြကြသည်။

 

  • ယနေ့ ညနေခင်းတွင် “ပုံမှန်မဟုတ်တဲ့ စနစ်ကို သတိမူကြ ဝါးမျိုခံရတဲ့ ဘဝမှ တွန်းလှန်ကြ “, “ထောင်တွင်းသပိတ် ဝန်းရံကြ တော်လှန် သင်္ကြန်ကို ဆင်နွှဲကြ”, “ဘယ်အခြေနေပဲရောက်အောင် ဒုက္ခပင်လယ်တွေပေးလဲ ငါတို့တွေ သွေးအေးမသွားဘူး” နှင့် “Revolution Is Not A Festival” ဟူသောစာသားတို့ကို ကိုင်ဆောင်ကာ လူထု လှုံ့ဆော်ရေး ဖက်ဆစ်ဆန့်ကျင်ရေး ပြောက်ကျား သပိတ်ကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်သူများမှ ရန်ကုန်လူထု ​၏ သပိတ်သင်္ကေတ အလံတော်ကိုင်စွဲကာ ချီတက်ခဲ့သည်။

 

  • ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၈ရက်နေ့တွင် “မတရား လုယူထားမှတော့ ဘယ်လိုနည်းနဲ့ ပြန်ရရ ရအောင်တိုက်ယူရမှာတရားသော သူတွေရဲ့ သမိုင်းပေး တာဝန်ပဲ” ခေါင်းစဉ်ဖြင့် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော်များ ဦးဆောင်ကာ “အပျော်သင်္ကြန် ဒို့ငြင်းဆန် တော်လှန် သင်္ကြန် ပြည်သူ့အသံ” ခေါင်းစဉ်နှင့် ယနေ့ ဧပြီ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး အသံမတိတ်တဲ့ ပြည်ခွန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အာဇာနည်တို့သွေး ရဲရဲတောက်နေတဲ့ မုံရွာမြို့အထင် ကရ အာဇာနည်လမ်းမပေါ်မှာ မုံရွာလူငယ် များအစည်း အရုံးနဲ့ ရပ်ကွက်သပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီး အာဏာရှင်ကိုဆန့်ကျင်ကြောင်း ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။ “အပျော်သင်္ကြန် တို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ” ဆိုတဲ့စာသားကို သပိတ်တပ်ဦးအရှေ့ကနေလွင့်ထူပြီး ချီတက်ခဲ့တာဖြစ်တယ်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၈ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေးနှင့် စစ်တပ်က ပြုလုပ်သည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ဆားလင်းမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု က ၃၉၄ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု ဧပြီ ၈ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာ ၃ ရွာမှ သပိတ် စစ်ကြောင်းများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။ ဒါ့အပြင် အခြားကျေးရွာတစ်ရွာတွင်လည်း “လောင်ကျွမ်းမှုထက် ပိုပျင်းတဲ့တော်လှန်မှုနဲ့ လူထု လာပြီ” စာတန်းကိုင်ဆောင်ကာ ယနေ့ ဧပြီလ ၈ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အနောက်မြောက် လွင်ပြင်ဒေသ ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၈ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • ဗကသများအဖွဲ့ချုပ် နှင့် ရတကသတို့ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၁ အမှတ် ၁၁ အား တောင်ငူခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၁) တောင်ငူကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ဧပြီလ ၈ ရက်နေ့၌ တောင်ငူမြို့ ပြည်သူလူထုထံသို့ ဖြန့်ဝေခဲ့သည်။

 

  • တန့်ဆည်မြို့နယ် ပင်မ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၈ ရက်နေ့တွင် စစ်ကောင်စီ က ပြုလုပ်မည့် သင်္ကြန်ပွဲ ပြည်သူများ မပါဝင်ကြရန် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက်စစ်အုပ်စုက လုပ်ကြံဖန်တီးနေတဲ့ အတု အယောင် “အပျော်သင်္ကြန်” နဲ့ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်တွေကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့ ကြွေးကြော်သံနဲ့ ယနေ့ မုံရွာမြို့ လူငယ်များနဲ့ ရပ် ကွက်လူထုသပိတ်က ချီတက်ကြပါတယ်။ အပျော်သင်္ကြန်မဟုတ်တဲ့ တော်လှန်သင်္ကြန်မှာ တော် လှန်ရေးကာလနဲ့ လိုက်ဖက်ပြီး တော်လှန်ရေးကို အထောက်အပံ့ ဖြစ်မယ့်၊ သင်္ကြန်ရနံ့ သင်္ကြန်ဓလေ့နဲ့ လည်းလိုက်ဖက်တဲ့ လူထုလှုပ်ရှားမှုများဖြင့် ဆင်နွှဲဖြတ်သန်း ကြဖို့ ဖြစ်တယ်။

 

  • ကရင်နီပြည် လွိုင်ကော်မြို့နယ် ငွေတောင်ရွာသစ် တိုက်ပွဲအတွင်းအလယ်ပိုင်းတိုင်း အထူးစစ်ဆင် ရေးရဲ့ စနိုက်ပါအဖွဲ့က စစ်ကောင်စီတပ်ရဲ့ စနိုက်ပါတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို ပစ်သတ်နိုင်ခဲ့ပါ တယ်။ ဧပြီလ ၆ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ဖက်ကတစ်ဦးနဲ့ မနေ့ ဧပြီလ ၇ ရက် တိုက်ပွဲမှာ စစ်ကောင်စီရဲ့ စနိုက်ပါသမားကို ပစ်ခတ်သုတ်သင်နိုင်ခဲ့တယ်လို့ အလယ်ပိုင်း တိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။

 

  • လေယာဥ်၊ ရဟတ်ယာဥ်၊ တိုက်လေယာဥ်၊ လက်နက်တိုက်၊ လက်နက်စက်ရုံ၊ တင့်ကားနဲ့ သံချပ်ကာ ကားတွေကို ဖျက်ဆီးနိုင်သူ၊ ယာဥ်နဲ့တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူတွေကို ကျပ်သိန်း ၂ ထောင်က နေ သိန်း ၁ သောင်းအထိ ဆုငွေ ပေးအပ်မယ်လို့ NUG က ကြေညာခဲ့ပါတယ်။

 

  • ကချင်ပြည်နယ် ဖားကန့်မြို့အတွင်း ကေအိုင်အေမှ စာထုတ်ပြန်သည့်နေ့မှစပြီး အရက်ဘီယာ စသည့် စစ်ကောင်စီပိုင်ထုတ်ကုန်များ ရောင်းဝယ်ဖောက်ကားမှု လျော့ကျလာကြောင်း ဒေသခံ တဦးက ပြောသည်။ “ကေအိုင်အိုက တားမြစ်ထားတဲ့စစ်ကောင်စီပိုင်ထုတ်ကုန်တွေတော့ မရောင်း သလောက်ရှိနေပြီ မြို့မှာရော မှော်ဘက်မှာရော မရောင်းတော့ဘူး”ဟု ဒေသခံ တဦးကပြောသည်။ ဖားကန့်မြို့တွင် ကေအိုင်အေ မှ စစ်ကောင်စီပိုင်ထုတ်ကုန်များကို ရောင်းချသည့် ဈေးဆိုင်များတွင် ဝင်ရောက် ဖမ်းဆီးစစ်ဆေးခြင်းများတော့ မပြုလုပ်သေးကြောင်း သိရသည်။

 

  • ကုန်စုံဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်ရောင်းချမှု ရှိမရှိနဲ့ စျေးဆိုင်ထဲ တင်သွင်းရောင်းချတာတွေ မပြု​လုပ်ကြဖို့အတွက် အသိပေးစာနဲ့ ထပ်မံ အသိပေးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ် (KNDF)ရဲ့ B-14 က မနေ့ ဧပြီလ ၇ ရက် ည ၈ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။

 

  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊နမ့်ခမ့်မြို့နယ်၊ ပန်ဆေးတောင်အတက်လမ်းတွင် သင်္ချိုင်း ကတော့ရန်တက်လာသည်တဲ့ ပန်ဆေးပြည်သူ့စစ်များအား TNLA တပ်မှ ပစ်ခတ်ရာ ပြည်သူ့စစ် ၃ဦးသေဆုံးကာ၊ ၅ဦးဒဏ်ဂာရရှိကြောင်း ဒေသခံများမှညသိရသည်။ ဧပြီလ ၇ ရက်နေ့ နေ့လည် ၁၁နာရီဝန်းကျင်တွင်သင်္ချိုင်းကတော့ရန်တက်လာသည့် ပြည်သူ့စစ်ကားအား TNLA တပ်မှတားဆီး ရာ ရပ်ပေးခြင်းမရှိသည့်အတွက် ပစ်ခတ်ခံလိုက်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။

 

  • စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် ဧပြီလ ၇ ရက်​နေ့က စစ်ကောင်စီတပ်များကို PDF(Kalay)မှ နှစ်နေရာတွင် မိုင်းဆွဲတိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ၆ ဦးခန့် သေဆုံးခဲ့ကြောင်း PDF (Kalay)မှ ထုတ်ပြန်ထားသည်။ PDF(Kalay)၏တိုက်ခိုက်ခြင်းခံရပြီ နောက်စစ်ကောင်စီတပ်မှ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ပြည်သူတစ်ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

 

  • မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကြောင့် စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင် လာကြသည့် မြို့နယ်အသီးသီးမှ စစ်ဘေးရှောင် ၄၀၀ ခန့်မှာ စစ်ကောင်စီထံမှ ထောက်ပံ့မှု တစ်စုံ တစ်ရာမရရှိသဖြင့် စားဝတ်နေရေးခက်ခဲနေကြသည်။ အဆိုပါစစ်ဘေးရှောင်များမှာ ရသေ့တောင်မြို့နယ်၊ အောင်ဇေယျ၊ ရေစိုးချောင်း၊ ပြိန်းတော စသည့်ကျေးရွာများနှင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ဘူးသီးတောင် ၊ပလက်ဝမြို့နယ်များမှဖြစ်ကြပြီး လက်ရှိတွင် စစ်တွေမြို့ ဗုဒ္ဓမော်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြသည်။ ယခင်က လူကယ်ပြန်မှ ဆန်နှင့်တခြားစားနပ်ရိက္ခာများ ထောက်ပံ့ပေးမှုရှိသော်လည်း ပြီးခဲ့သည့်သုံးလခန့်မှစတင်ကာ ထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့သည်။ လက်ရှိတွင် WFP မှ ထောက်ပံ့သည့် ထောက်ပံ့ကြေးငွေ ၁၆၀၀၀ ကျပ်ကိုသာ အားကိုးနေရသဖြင့် မိသားစုစားဝတ်နေရေးခက်ခဲနေသည်ဟု ဆိုကြသည်။

 

  • အရှိုချင်းတပ်နဲ့ PRA မဟာမိတ်ပူးပေါင်းတပ်များ ခြေကုတ်ယူထားသောစစ်ဒေသအား အကြမ်းဖက် စစ်ကောင်စီတပ် မှ စစ်ရဟတ်ယဥ် (၂)စီး၊ ဂျက်ဖိုက်တာ (၁) စီး နှင့် မြေပြင်အမြှောက်တပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း Asho CDF ကထုတ်ပြန်ပါတယ်။

 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးအနားကျေးရွာများတွင် တိုက်ပွဲများပြင်းထန်သော်လည်း ယခုနှစ်သင်္ကြန်စည်ကားရန်အတွက် ကော့ကရိတ်မြို့ထဲတွင် စစ်ကောင်စီက ဗဟိုမဏ္ဍပ်ကြီး စတင်ဆောက်လုပ်လျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။ ပြီးခဲ့သည့် လအနည်းငယ်မှစ၍ ယခုအချိန်ထိ မြို့၏ အနီးအနားကျေးရွာများတွင် နယ်မြေခံ ကရင်အမျိုး သားလွတ်မြောက် ရေးတပ်မတော်-KNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ နေ့စဉ်လိုလို ဖြစ်ပွား၍ သောင်းနှင့်ချီသော ဒေသခံများ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော်လည်း တစ်ဖက်တွင် မြို့ထဲ၌ ပျော်ပွဲရွှင်ပွဲနှင့် သင်္ကြန်စည်ကားရန်အတွက် စစ်ကောင်စီဘက်က ဖျော်ဖြေရေး မဏ္ဍပ်ကြီးများ ဆောက်လုပ်နေခြင်းလည်း ဖြစ်သည်။

 

  • ရန်ကုန်မြို့လယ်ခေါင် မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်အနီး စစ်ကားနှင့်ဘန်ကာကို ယနေ့ ညနေ ၄ နာရီ ၁၇ မိနစ်အချိန်တွင် Dark Shadow(YGN) အဖွဲ့ က ဗုံးခွဲတိုက် ခိုက်ကြောင်း အဆိုပါအဖွဲ့မှ ရဲဘော် တစ်ဦးက ပြောသည်။ ဧပြီလ ၈ ရက်နေ့ ညနေ၄ နာရီ ၁၇ မိနစ်အချိန်တွင် ကျောက်တံတားမြို့နယ် ၊မဟာဗန္ဓုလလမ်းမပေါ်ရှိ ဆူးလေမြို့တော်ခန်းရှေ့ရှိ၊ ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်အနီး စစ်ကောင်စီ ထောက်ပို့ကားများနှင့်ဘန်ကာအနီးကို ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြပျောက်ကြား Dark shadow (YGN)က ပြောသည်။

 

 

Related Articles

Back to top button