သတင်း

နေ့စဉ်သတင်းအကျဉ်း

ဧပြီလ – ၃ – ၂၀၂၂

မြန်မာနိုင်ငံအတွင်း ယနေ့ ဧပြီလ (၃)ရက်နေ့ ဒေသအသီးသီးမှ သတင်အချက်အလက်များကို ဖက်ဒရယ်ဂျာနယ်မှ စုစည်းတင်ပြခဲ့ပါသည်။

  • NCA အနှစ်သာရကို ဆက်လက်စွဲကိုင်ပြီး ချမှတ်ပြီးတဲ့ နိုင်ငံရေး ရည်မှန်းချက်ကို အခြေခံပြီးတော့ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာသွားဖို့ ဆုံးဖြတ်တယ် လို့ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ PPST က ထုတ်ပြန်လာပြန်ပါတယ်။ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယ ပိုင်း)ကို မတ်လ ၂၉ ရက်ကနေ ဧပြီလ ၃ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြီးနောက် ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။

 

  • ကရင်နီပြည်မှာ ဧပြီလ ၂ရက်နေ့အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့သူ နှစ်ဦးဆီကနေ မူးယစ် ဆေးဝါး လေးသောင်းကျော်ကို KA၊ KNDF B-12 တို့က ဖမ်းဆီးရမိပြီး သိန်းနှစ်ရာကျော် တန်ဖိုး ရှိ တယ်လို့သိရပါတယ်။ ထို့အပြင် ဒီကနေ့ မတ်လ ၃ရက်နေ့မှာ အသွားအလာပြုလုပ်နေတဲ့ အိမ်စီး ကား တစ်စီးကို စစ်ဆေးပြီး WY အမျိုးအစား မူးယစ်ဆေးဝါး အလုံး သုံးထောင်ကို တွေ့ရှိခဲ့ပြီး ဖျက်စီးခဲ့တယ်လို့ KNDF B-09ထုတ်ပြန်ထားပြီး ဖမ်းဆီးရမိတဲ့ ရောင်းဝယ်သူနှစ်ဦးနဲ့ WY မူးယစ် ဆေးဝါးတွေကို သက်ဆိုင်ရာ ကရင်နီပြည်ရဲဌာန ( KSP ) ကို လွဲပြောင်းပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

  • စစ်ကောင်ကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ မပါဝင်ဖို့ တိုက်တွန်းတဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒီနေ့နေ့လယ်ပိုင်းက ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာရှိတဲ့ လူငယ်တွေ ပြုလုပ် ခဲ့ကြပါတယ်။

 

  • ကလေးမြို့ပင်မသပိတ်စစ်ကြောင်းက ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ၄၂၀ ရက်မြောက် ‘အပျော် သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ’ ဘန်နာကိုင်ဆောင်ကာ ချီတက်ပြီး စစ်အာဏာ ရှင် ဆန့်ကျင်ရေး ဆန္ဒပြကြသည်။

 

  • ရန်ကုန်မြို့၌ ယနေ့ညနေတွင် “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်” ခေါင်းစဉ်ဖြင့် ချီတက် ဆန္ဒပြခဲ့ကြ သည်။ အဆိုပါ သပိတ်ကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ ဦးဆောင်ကာ ပြည်သူ လူထုနှင့် အတူ လူငယ်များသမဂ္ဂ၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု၊ LGBT Community Yangon၊ Youths Association of Thingangyun၊ Labour Alliance အဖွဲ့ဝင် CTUM,STUM၊ တကသကျောင်းသားဟောင်းများ အင်အားစုတို့ ပူးပေါင်း၍ ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

 

  • မန္တလေးမြို့မှာ မန္တလေးသပိတ်အင်အားစုက စစ်အာဏာရှင်ဆန့်ကျင်တဲ့လူငယ်တွေစုပေါင်းပြီး ဒီကနေ့ (ဧပြီလ ၃ ရက်)မှာ မိစ္ဆာဝါဒီ နိဂုံးချုပ်ရမည်”စာတန်းကိုင်ဆောင်ကာ အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီ ပြုတ်ကျရေး လမ်းမတွေပေါ် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ်စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဧပြီလ ၃ရက်နေ့တွင် “ပရမ်းပတာ အနိုင်ကျင့်နေသော စကစကို ရဲရဲရင့်ရင့်ကြံ့ကြံ့ခံ ဆန့်ကျင်ရင်း ဆက်လက်တော်လှန် အောင်ပွဲအလံလွှင့်မယ်” ခေါင်းစဉ်ဖြင့် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ ကြောင်းသိရသည်။

 

  • မုံရွာမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ လူငယ်များဦးဆောင်ကာ ယနေ့ ဧပြီလ ၃ ရက်နေ့တွင် ”ဖိနှိပ် မှုဟူသမျှ ဖြိုခွဲကြ အလုပ်သမား သပိတ်ကို ဝန်းရံကြ” စာတန်းအား မုံရွာမြို့ ပြည်ထောင်စုလမ်းပေါ် ကျောင်းတစ်ခုရှေ့တွင် ချိတ်ဆွဲခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဧပြီလ ၃ ရက်နေ့တွင် “ငါတို့အားလုံး သွေးမအေး ဖက်ဆစ် တော်လှန်ရေး” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသကျေးရွာ တစ်ရွာတွင် ယနေ့ ဧပြီလ ၃ရက်နေ့၌ “တော်လှန်သင်္ကြန်ကို ဆင်နွှဲကြ ဖက်ဆစ် သွေးနဲ့ ခြေဆေးကြ” ဖက်ဆစ် စစ်တပ် တော်လှန် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နဲ့ ဒေသခံပြည်သူတွေပါဝင်တဲ့ လူထုသပိတ်ကို ဧပြီ ၃ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။ လူထုသပိတ်စစ်ကြောင်းမှာ “ဖက်ဆစ်ဝါဒ အမြစ်ဖြတ်ဖို့ လူထုတရပ်လုံးထကြွတော်လှန်စို့´´ ဘန်နာစာသားတွေ ကိုင်​ဆောင်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

 

  • ယင်းမာပင် အရှေ့ခြမ်းနှင့် ဆားလင်းကြီး မြောက်ခြမ်းရှိ ပြည်သူများ စုပေါင်း၍ ၃၈၉ ရက်မြောက် နေ့ ရွာပေါင်းစုံသပိတ် စစ်ကြောင်းကို ယနေ့ ဧပြီ ၄ ရက်နေ့တွင် စစ်ကောင်စီဆန့်ကျင် တော်လှန် ရေးချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၃ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဧပြီလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • အကြမ်းဖက် စစ်တပ် ရမ်းကားခြင်းကြောင့် ထွက်ပြေး တိမ်းရှောင် နေရသည့် တောင်ပျောက် တိုက်နယ် ပြည်သူများအတွက် ယနေ့ ဧပြီလ ၃ရက်နေ့တွင် သရက်ချောင်းရှိ တော်လှန်လူငယ်များ ဦးဆောင်ကာ “အားတင်းထားပါ တောင်ပျောက်ရာ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် ချေမှုန်းရေး လူငယ်များ ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ကရင်နီ(ကယား)ပြည်ရှိ ဒီးမော့ဆိုမြို့နယ် ၆ မိုင် ဒေါစဲရွာအတွင်း ယနေ့ဧပြီ ၃ ရက် မနက် ၃:၀၀ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ ခဲ့ ပြီး နေအိမ်များပျက်စီးသွားကြောင်း Karenni’s Voice ကသတင်းဖော်ပြထားသည်။ ထိုလက်နက် ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်အချို့ လက်နက်ကြီး ထိမှန် ပျက်စီးခဲ့သလို ရွာအတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည် ၁ လုံးလည်း ကျန်ရှိနေခဲ့ကြောင်းသိရသည်။

 

  • ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာမှ မြို့လှကျေးရွာဘက်သို့ ဧရာဝတီမြစ် အတိုင်း စုန်ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်နှင့် ရိက္ခာတင် စက်လှေ ၄ စီးကို ယနေ့ ဧပြီလ ၃ ရက် နံနက် ၆ နာရီခွဲတွင် မြို့လှ PDF က စောင့်ကြိုပစ်ခတ်ရာ စက်လှေ ၁ စီး နစ်မြုပ်သွားကြောင်း၊ စစ်သား ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သတင်းရရှိသည်။

 

  • မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA နဲ့ စစ်ကောင်စီတပ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးခရိုင်၊ ဒါမိုင်းဖိုးမှာ ဧပြီလ ၃ ရက်နေ့ ဒီနေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ MNDAA တပ်မဟာ ၅၁၁ တပ်ဖွဲ့ဝင်တချို့နဲ့ စစ်ကောင်စီ တပ်မ ၉၉ တပ်ရင်း ၄၂ဝ တို့ဟာ မုံးကိုးခရိုင် ဟူဂန်ကျေးရွာနဲ့ ရွှေချစ်ဝင်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း The Kokang Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

 

  • ရှမ်းမြောက် လားရှိုးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်က အသက်(၁၄)နှစ်အရွယ် တအာင်း ကလေးငယ်တစ်ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ ပျောက်ဆုံးသွားတဲ့ ကလေးငယ်ဟာ လွေးအမ်ကြူကြူခိုင် (၁၄ နှစ်)ဖြစ်ပြီး လားရှိုးမြို့ ရပ်ကွက်(၁၂)မှာ နေထိုင်သူ ဖြစ်ပါတယ်။

 

  • စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်း ချောင်ဒေသ ထုံးကြီးကျေးရွာအနီးမှာ ဧပြီလ (၃)ရက် နေ့လည်(၂)နာရီ၀န်းကျင်က ဒေသခံ တော်လှန်ရေးအဖွဲ့တွေနဲ့ စကစ တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစ (၁၅)ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကလေး၀မြို့ကနေ ကနီနယ် လာပို့ရွာအနီးမှာ ရှိတဲ့ တပ်ဆက်သွယ်ရေးစခန်းကို ရိက္ခာပို့ပြီးပြန်လာတဲ့ အင်အား(၈၀)၀န်းကျင်ပါ စကစ ကား(၄)စီးကို ပဒေသာမိုင်း(၃)လုံး၊လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာလို့ KLG PDF ကထုတ်ပြန် ထားပါတယ်။

 

  • မကြာခင်ကျရောက်တော့မယ့် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ အာဏာသိမ်း စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပဖို့စီစဉ်နေပြီး ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် သင်္ကြန်ကို ပါဝင်ခြင်းမပြု့ဘဲ ပြင်းပြင်းထန်ထန်သပိတ်မှောက်ကြဖို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)က ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

 

  • အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် ‘အပျော်သင်္ကြန်နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို လုံးဝ မပူးပေါင်း၊ မပါဝင်ခြင်းဖြင့် သပိတ်မှောက်ကြရန် ပြည်သူလူထု ကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။

 

  • ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့ပေါ်က စစ်‌ရှောင်စခန်းတွေမှာ နေစရာ နဲ့ စားစရာ အခက်အခဲကြောင့် ထပ်မံရှောင်တိမ်း လာသူတွေအချို့ကို လှည့်ပြန် ခိုင်း‌နေရကြောင်း စစ်ရှောင် စခန်းတာဝန်ရှိသူတွေနဲ့ အကူ အညီ ပေးနေသူတွေ ဆီက သိရပါတယ်။ “ဒီကြားထဲမှာ ဆန်နဲ့ ဆီ အရမ်းခက်ခဲနေတယ်။” လို့ စစ်ရှောင် စခန်း‌က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ လူဦးရေ ထပ်တိုးလာနေတာကြောင့် သူတို့ကို ထားဖို့ တခြားနေစရာလည်း မရှိ‌ တော့လို့ ပြန်လှည့်ပြန် ခိုင်း‌နေရတာ လို့ဆိုပါတယ်။

#Federal_Journal_Myanmar

#Daily_Ethnic_News_Collection

Related Articles

Back to top button