သတင်း

“ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အတိုင်းအဝိုင်းအနေဖြင့် NUG အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အနေဖြင့် အသိအမှတ်ပြုသင့်ကြောင်း ဥပဒေ အထောက်အကူပြု ကွန်ရက်မှ ထောက်ခံတင်ပြ”

“ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အတိုင်းအဝိုင်းအနေဖြင့် NUG အား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ အနေဖြင့် အသိအမှတ်ပြုသင့်ကြောင်း ဥပဒေ အထောက်အကူပြု ကွန်ရက်မှ ထောက်ခံတင်ပြ”

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၁ ရက်၊ ၂၀၂၁

  • (၁) အစိုးရ၏ အဓိပ္ပါယ် ဆိုတာဘာလဲ။

လူ့သမိုင်းတွင် အစိုးရဟူ၍စတင်ပေါ်လာသည့် အချိန်ကထဲက ယနေ့အထိ အစိုးရ၏အရင်းခံအကျဆုံး တာဝန်မှာ ပြည်သူလူထု၏လုံခြုံမှု ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ခေါင်းဆောင်များက ပြည်သူလူထုအပေါ် နိုင်ငံတကာအဆင့်ပြစ်မှုကြီးများ ကျူးလွန်ကြောင်း ကုလသမဂ္ဂ အဆင့်ကပင် တရားဝင်နည်းလမ်းတကျ စွပ်စွဲထားသည်။ စစ်ကောင်စီအာဏာသိမ်းသည့် ဖေဖော်ဝါရီလ (၁) ရက်နေ့ ကစ၍လည်း ပြည်သူလူထုအပေါ် ဆက်တိုက်ဆို သလိုပင် နိုင်ငံတကာအဆင့် ပြင်းထန်သည့် ပြစ်မှုကြီးများ ဆက်လက်ကျူးလွန်ဆဲဖြစ်သည်။ နိုင်ငံတကာ ရာဇဝတ်ကောင်အဆင့်သို့ ကျရောက်နေပြီဖြစ်သော အဆိုပါ စစ်ခေါင်းဆောင်များအား ကုလသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာနိုင်ငံ၏ အစိုးရအနေဖြင့် လုံးဝ အသိအမှတ် မပြုသင့်ပါ။ NUG သည် ယင်းနှင့်ပြောင်းပြန်ပင် လူထုကို ကာကွယ် စောင့်ရှောက်နိုင်ရန် ဘက်ပေါင်းစုံမှနေ၍ ကြိုးစားလျက်ရှိသည် ဖြစ်ကြောင်း ဥပဒေ အထောက်အကူပြု ကွန်ရက်မှ နှိုင်းယှဉ် ထောက်ပြထားသည်။

  • (၂) အစိုးရတရပ်၏ တရားဝင်မှုအဓိပ္ပါယ် ဘာလဲ။
  • (၃) အစိုးရတရပ်ရပ်ကို အသိအမှတ်ပြုသင့်မသင့်အား ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုသည့် ဘက်မှနေ၍ စဉ်းစားသင့်ခြင်း ဆိုတာ ဘာလဲ။
  • (၄) နိုင်ငံတကာဥပဒေများ၊ နိုင်ငံတကာဥပဒေ၏ စံချိန်စံညွန်းများ၊ နိုင်ငံတကာပြစ်မှုဆိုင်ရာဥပဒေ၊ နိုင်ငံ တကာလူသားချင်း စာနာထောက်ထားသည့်ဥပဒေ နှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ အတည်ပြု ကျင့်သုံးခွင့်ရစေရန် တာဝန်ရှိခြင်း ဆိုတာ ဘာလဲ။
  • (၅) အာဏာသိမ်းစစ်ကောင်စီက အိမ်စောင့်အစိုးရ (Caretaker Government) အဖြစ်ကြေငြာ ရပ်တည်မှုသည် ဥပဒေအရ တရားမဝင်ခြင်း ဆိုတာ ဘာလဲ။
  • (၆) ရွေးကောက်ပွဲအရ တရားဝင်မှု (De jure) နှင့် နယ်မြေကို ထိန်းချုပ်နိုင်မှုအရ တရားဝင်မှု (De facto) အခြေခံများမှနေ၍ အစိုးရတရပ်၏ တရားဝင်မှုကို သုံးသပ်ရန်လိုအပ်ခြင်း ဆိုတာ ဘာလဲ။
  • (၇) COVID-19 အန္တရာယ်မှ နေ၍ လူထု၏အသက်ဘေးကို ကာကွယ်စောင့်ရှောက်ရန် NUG အစိုးရတွင် အခွင့်အလမ်းများ ပိုမိုပြည့်စုံခြင်း ဆိုတာ ဘာလဲ။
  • (၈) NUG အားတရားဝင်အစိုးရအနေဖြင့် ကုလသမဂ္ဂ နှင့် နိုင်ငံတကာကအသိအမှတ်ပြုပါမူ ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာများနှင့် ဆက်စပ်ကာ ကုလသမဂ္ဂငြိမ်းချမ်းမှုထိမ်းသိမ်းရေးလုပ်ငန်းစဉ်များ (UN Peace Keeping Operations) ထံမှ အကူအညီများတောင်းခံနိုင်ဘွယ်ရှိခြင်း ဆိုတာ ဘာလဲ။

ပြုပြင်ရန် လိုအပ်ချက်များ

၁။ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ လိုအပ်ချက် ဆိုတာ ဘာလဲ။

၂။ NUG အစိုးရ၏ သက်တမ်း အတွင်း အစိုးရ တခုအနေဖြင့် ခိုင်းမာအောင် ဘယ်လို တည်​ဆောက်သင့်သလဲ။

၃။ CRPH ကို ဖျက်သိမ်းသင့်လား၊ ဘာကြောင့်လဲ။

၄။ တိုင်းပြည်ကို ကိုယ်စားပြုပြီး ဘဏ္ဍာငွေရှာဖွေခြင်းအား ဖက်ဒရယ်ပြည်ထောင်စုလွှတ်တော်၏ ကြီးကြပ်အတည်ပြုချက်၊ ပြည်နယ်ကိုယ်စားလှယ်များပါ၀င်ဖွဲ့စည်းထားသော ပြည်ထောင်စုဘဏ္ဍာရေး ကော်မတီ၏တာဝန်ခံမှုတို့ဖြင့် NUG အစိုးရကသာ တာဝန်ယူသင့်ခြင်းက ဘယ်လို ဖြစ်သင့်သလဲ။

၅။ NUCC ၏ အခန်းကဏ္ဍ ဘယ်လောက် ခိုင်းမာဖို့လိုလဲ၊ ဘာတွေ ဆောင်ရွက်ရမှာလဲ။

၆။ လွတ်လပ်သော တရားစီရင်ရေး နှင့် တရားစီရင်ရေးအရ သုံးသပ်သော အခွင့်အာဏာကို ဘယ်လို ကျင့်သုံးသင့်သလဲ။

၇။ ဘဏ္ဍာရေးအရ ဖက်ဒရယ်ပြည်ထောင်စု အခြေခံမှ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ဘယ်လို ဆောင်ရွက်သင့်သလဲ။

အစရှိသည့် အကြောင်းအရာ ကဏ္ဍများဖြင့် တိုက်တွန်း အကြံပြုချက်များ နှင့်အတူ ထောက်ခံတင်ပြထားသည်ကို တွေ့ရသည်။ အကြောင်းအရာ ကဏ္ဍများအလိုက် သိရှိနိုင်ရန် အသေးစိတ်ကို ထုတ်ပြန်ကြေငြာချက် မူးရင်းတွင် ဖတ်ရှုနိုင်သည်။

ဖက်ဒရယ် ဂျာနယ်

စက်တင်ဘာ ၁ ရက်၊ ၂၀၂၁

Original PDF Link –

https://drive.google.com/file/d/1Y1THdgm5DSSORw_uxoEFzeRc_TVknXMR/view?fbclid=IwAR0o8aWAFeGRJoRfASiz_geJuHx0rFuhioPGZ-z74klpb0hrF2ml4fD4eco

Related Articles

Back to top button