သတင်း

သုဝဏ္ဏဝတီမြို့မှာ စစ်ကောင်စီ၏ သတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

သုဝဏ္ဏဝတီမြို့မှာ စစ်ကောင်စီ၏ သတင်းပေးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ဖက်ဒရယ်ဂျာနယ်၊မြန်မာ
နိုဝင်ဘာ ၃၀၊ ၂၀၂၃

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်မှာ စစ်ကောင်စီ ၏ ထောက်တိုင် သတင်းပေးတစ်ဦးက တော်လှန်ရေး တပ်ဖွဲ့များရဲ့ ပစ်ခတ် ရှင်းလင်းမှုကို ခံခဲ့ရကြောင်း ဒေသခံတွေထံမှ သတင်းရရှိပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်မှာ စစ်ကောင်စီ၏ ထောက်တိုင်ဖြစ်တဲ့ သတင်းပေး သန်းနိုင် ဆိုသူအား KNU/KNLA တပ်မဟာ ၁ မှ တပ်ရင်း ၂ လက်အောက်ခံ HRS မြို့ပြပျောက်ကျားတပ်ဖွဲ့မှ ကျည် ၅ ထောင့်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရပါတယ်။

” သူက သတင်းပေးလုပ်နေတာ နှစ်ပေါက်နေပြီး။ အာဏာသိမ်းပြီးနောက်ပိုင်း သန်းနိုင်က ကိုယ်ကျိုးအတွက် တော်လှန်ရေးဆက်နွယ်မှု မှန်သမျှကို ချုပ်ကိုင်နေတာ ” လို့ ဒေသခံတစ်ဦးမှ FJMM ကိုပြောပါတယ်။

အဆိုပါပစ်ခတ်ခံရမှုကြောင့် ဦးသန်းနိုင်၏ ညာဘက်ရင်အုံတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာ သိမ်ဆိပ်တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဦးသန်းနိုင်ဟာ အရင်နှစ် နိုဝင်ဘာက သထုံ-ပကဖ ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ သထုံမြို့နယ်အတွင်း တော်လှန်ရေး အင်အားစုများကို ဦးဆောင်ဖြိုခွင်းသူ (လကရ ၉) မှ ဗိုလ်မှူး ချစ်ဝင်းသူရဲ့ တပည့်ရင်းတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

ဗိုလ်မှူး ချစ်ဝင်းသူနှင့်ပူးပေါင်းပြီး ထောက်ပို့တပ်ဖွဲ့ဝင်များ၊UG များ ကို ဒုက္ခအမျိုးမျိုးပေးပြီး အရပ်သားတွေကိုလည်း ဒုက္ခရောက်အောင် လုပ်ဆောင်ခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

Related Articles

Back to top button