အင်တာဗျူး

နိုင်ငံခြားရင်းနှီမြုပ်နှံမူစီမံကိန်းကြီးများနှင့် တိုင်းရင်းသားဒေသခံတို့၏ အကျိုးခံစားခွင့်

လက်ရှိမြန်မာနိုင်ငံတွင်းလုပ်ကိုင်နေသည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းများ နှင့် ဒေသခံတိုင်းရင်းသားတို့၏ အကျိုးခံစားခွင့်နှင့်ပတ်သတ်၍ ဒသတွင်းလတ်တလောဖြစ်ပေးသည့် အခြေအနေ၊ဒေသခံများစိုးရိမ်နေ သည့်အကြောင်းအရာနှင့် ဖြေရှင်းဆောင်ရွက်စေချင်သည့်အချက်များကို အလွှာပေါင်းစုံုံ၊နယ်ပယ် ပေါင်းစုံမှ ဒေသခံပြည်သူများအား ဆက်သွယ်မေးမြန်းချက်များကို စုစည်းဖော်ပြအပ်ပါသည်။

ကိုဟိန်းထက် (ထားဝယ်)

မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ (တွဲဖက်အတွင်းရေးမှူး)

အဓိကကတော့ ကျွန်တော်တို့ရေနက်ဆိပ်ကမ်းက နအဖအစိုးရခေတ်ကတည်းက အခြေတည်ခဲ့တဲ့ စီမံကိန်းတစ်ခုလို့ပြောလို့ရတယ်။ တကယ်စပြီးအကောင်အထည်ဖော်တာက ဦးသိန်းစိန်အစိုးရလက်ထက် ရောက်မှပါ။ ခုချိန်ထိ ဒီစီမံကိန်းကလောလောလတ်လတ်ဖြစ်နေလားဆို မဖြစ်သေးဘူးပေါ့ဗျ။ မြေ ပြင် အခြေ အနေမှာရော၊ ဒေသခံလူထုကြားမှာရော လူ့အခွင့်အရေးစံနှုန်းတွေ နိုင်ငံတကာစံနှုန်းတွေနဲ့ မကိုက်လို့ဆိုပြီး ကန့်ကွက်ဆန္ဒပြမူတွေကြုံခဲ့ရပြီးတော့ စီမံကိန်းကလည်း ယနေ့အချိန်ထိအောင် အောင်မြင်မြင် ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးပေါ့။ နောက်တစ်ခုက စီမံကိန်းကိုတာဝန်ယူဆောင်ရွက်ခဲ့တဲ့ ထိုင်းကုမ္ပဏီအနေနဲ့ ရင်းနှီးမြုပ်နှံမူအပိုင်းတွေမှာလည်းမေးခွန်းထုတ်စရာတွေ အများကြီးရှိတာပေါ့။ စီမံကိန်းကိုအကြောင်းပြုပြီးတော့ ရင်းနှီးမြုပ်နှံမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကို ဖိတ်ခေါ်တဲ့ဟာတွေ လည်း ခုချိန်ထိ အဆင်ပြေတာမတွေ့ရသေးဘူး။ ထိုင်း-မြန်မာအပါအဝင်ဂျပန်ကိုသူတို့ဖိတ်ခေါ် ကမ်းလှမ်းပြီးတော့ လုပ်နေတာတွေ့ရတယ်။ ယနေ့အချိန်ထိတော့ ဂျပန်ကုမ္ပဏီတွေရင်းနှီးမြုပ်နှံမယ့် သူတွေ ဒီရေနက်ဆိပ်ကမ်းအပေါ်မှာ လာရောက်လေ့လာနေတာတော့ တွေ့ရတယ်။ ဒါပေမဲ့ဒီအပေါ်မှာ လုံးဝအပြည့်အဝ လာရောက်ရင်းနှီးမြုပ်နှံမယ်ဆိုတဲ့အထိတော့ မကြားရသေးဘူး။ စီမံကိန်းဧရိယာ ဟာဆိုရင် ကျေးရွာပေါင်း(၁၀)ရွာကျော်လောက်မှာရှိပြီး လူဦးရေသောင်းချီရွေ့ပြောင်းပေးရမယ့် စီမံကိန်းဧရိယာတစ်ခုဖြစ်တယ်ပေါ့။ အမှန်တိုင်းပြောရရင် စီမံကိန်းကို စပြီးအကောင်အထည်ဖော် ကတည်းက ပွင့်လင်းမြင်သာမူမရှိဘူး။ အစိုးရအနေနဲ့လည်း ဒေသခံပြည်သူလူထုတွေသိရှိအောင် ချပြခြင်းမရှိဘူး၊ ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ သုံးသပ်ရတာပေါ့။ဒီအကျိုးဆက်က ဘာတွေ ဆက်ဖြစ်လာလဲဆိုတော့ စီမံကိန်းအကောင်ထည်ဖော်တဲ့အခါ လူထုကြားထဲမှာသို့လောသို့လောနဲ့ စီမံကိန်းအပေါ် ယုံကြည်မူပျက်ပြားလာတယ်။ အစိုးရနဲ့ဒေသခံလူထုကြားမှာ နားလည်မူတည်ဆောက်ဖို့ အင်မတန်မှခက်ခဲလာတယ်။ စီမံကိန်းဧရိယာအတွင်းမှာ ကျရောက်နေသူတွေကို အိမ်ယာအစားထိုးပေး တာတွေလုပ်တယ်။ အခြားလျော်ကြေးပေးတာတွေလုပ်တယ်။ လျော်ကြေးပေးတာရော အိမ်ရာအစား

ထိုးပေးတာရော တကယ့်ကိုက်ညီမူမရှိဘူးပေါ့။ ဒေသခံတွေအတွက် ဆိုးကျိုးတွေပဲဖြစ်လာတယ်ပေါ့။ ခုန က စီမံကိန်းဧရိယာအတွင်းမှာနေထိုင်သူတွေက ဥယျာဉ်ခြံလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းကိုအဓိကမှီပြီးလုပ်တဲ့ ဒေသခံတွေဖြစ်တယ်။ ခုချိန်မှာ စီမံကိန်းမအောင်မြင်ဘူး၊ ရပ်နေတယ်ဆိုတဲ့အနေအထားတစ်ခုမှာတောင် ဒေသခံတွေက ဆိုးကျိုးတွေအများကြီးရှိလာတယ် ဆိုတဲ့ဟာမျိုးပေါ။ ဒေသခံတွေရဲ့စားဝတ်နေရေးနဲ့ ဘဝ ရပ်တည်မှုအတွက် စိန်ခေါ်မှုပြဿနာပေါင်းသောင်းခြောက်ထောင်ခုချိန်ထိရင်ဆိုင်နေရတုန်းပဲရှိသေး တယ်။  စီမံကိန်းကိုပြန်စတော့မယ်ဆိုတဲ့ လေသံတွေပစ်လာတယ်။ စတော့မယ့်အနေအထားမှာလည်း တကယ်ရင်းနှီးမြုပ်နှံသူတွေက ဘယ်သူတွေလဲ။ ဒေသခံတွေအတွက်ရော ဘာအကျိုးကျေးဇူးတွေရှိမလဲ၊ ဆိုးကျိုးတွေက ဘာတွေရှိလာနိုင်မလဲ။ နောက်တစ်ခုက ဒေသခံအသံတစ်ခုတည်းမဟုတ်ဘဲ ဒေသ အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသံတွေလည်းရယူပြီး သူတို့အနေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်ဆိုပြီးတော့ ကျွန်တော်ကတော့ အဲလိုပဲမြင်တယ်။ ဖက်ဒရယ် ဒီမိုကရေစီရလာလည်း တိုင်းရင်းသားဒေသခံအကျိုးခံစားခွင့် ပိုမိုရရှိမယ်ဆိုတာ ကျွန်တော်ကတော့ မယုံဘူးဗျ။ ဘာလို့ဆို တိုင်းရင်းသားတွေကြားထဲမှာ စီမံကိန်းတွေနဲ့ပတ်သတ်တဲ့သိရှိမှုတွေက အင်မ တန်မှအားနည်းတယ်လို့ ကျွန်တော်ယူဆတယ်။ ဖက်ဒရယ်ဒီမိုကရေစီလို့ပြောရင် ကျွန်တော်တို့ ဒီအသိုင်းဝိုင်းလောက်ကပဲ အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတာကိုး။ တကယ့်ဒေသတွေမှာ သိရှိနားလည်မှု အင်မတန်မှအားနည်းတယ်။ ဖက်ဒရယ်ဒီမိုကရေစီဟာ ကျွန်တော်တို့တိုင်းပြည်အနာဂတ်အတွက် ဘယ်လောက်အရေးကြီးကြောင်း ဖက်ဒရယ်ရမှဌာနေတိုင်းရင်းသားတွေအတွက်ရသင့်ရထိုက်တဲ့ အခွင့်အရေးဘယ်လောက်ရှိလဲ၊ ဘယ်လိုဖြစ်လာမယ်ဆိုတာတွေကို ခုချိန်မှာ တကယ့်အောက်ခြေ မြေပြင်မှာ ရှိတဲ့ဒေသခံတွေ သိရှိမှုနည်းပါးတယ်လို့ယူဆတယ်။ ဒီစီမံကိန်းတွေဟာ အနာဂတ်မှာဒေသခံ တွေအတွက် ဘယ်လောက်ထိအကျိုးဖြစ်နိုင်မယ်ဆိုတာ ကျွန်တော်ကတော့သိပ်ပြီးမယုံရတဲ့အခြေ အနေမှာရှိတယ်။အဓိကတော့ စီမံကိန်းတွေအကောင်အထည်ဖော်တဲ့နေရာမှာ အစိုးရအနေနဲ့ (၁) ဒေသခံတွေရဲ့အခွင့်အရေးနဲ့ ဌာနေတိုင်းရင်းသားအခွင့်အရေးကို လေးစားတန်ဖိုးထာဖို့ (၂) စီမံကိန်းအကောင်အထည်ဖော်တဲ့နေရာမှာ နိုင်ငံတကာစံနှုန်းတွေအတိုင်းကိုလိုက်နာဆောင်ရွက်ဖို့ (၃) ဒေသခံဌာနေတိုင်းရင်းသားတွေချည်းမဟုတ်ဘဲ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေ၊ဒေသခံနိုင်ငံရေး ပါတီတွေ၊ တက်ကြွလှုပ်ရှားသူတွေစသည်ဖြင့်ဒီလူတွေနဲ့တွေ့ဆုံအဖြေရှာပြီး စီမံကိန်းတွေကို လုပ်ဆောင်သင့်တယ်လို့အကြံပြုချင်တယ်။

အိုက်ထွန်းမင်း – ဆက်သွယ်မေးမြန်းသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button