ဆောင်းပါး

လူထုထောက်ခံမှုလိုနေသည့် နိုင်ငံရေးပါတီများ

၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပ္လေနှင့် စတင်ခဲ့သောမြန်မာ့နိုင်ငံရေးအပြောင်းအလဲကိုပုံဖေါ်ခဲ့သည့် ၂၀၁၀အထွထွေရွေး ကောက်ပွဲအလွန် တွင် ပြည်သူလူထုသည်နိုင်ငံရေးအပြောင်းအလဲတစ်ခုကို အမျှော်လင့်ကြီးမျှော်လင့်ခဲ့ကြသည်။ ပြည်သူလူထုမျှော်လင့်ခဲ့သည့်အတိုင်း ၂၀၁၀အထွေထွေရွေးကောက်ပွဲအလွန်အစိုးရအဖြစ်တက်လာသည့် USDPအစိုးရသည် အပြောင်းအလဲ အတော်များများကိုဆောင်ရွက်ပေးခဲ့သည်။ သို့သော်လူထုမျှော်လင့်သည့် အတိုင်းအတာတစ်ခုအထိ USDPအစိုးရ၏ အပြောင်းအလဲက ရောက်ရှိလာခဲ့ဟန်မရှိချေ။ စစ်အာဏာရှင်များ၏ အရိပ်၊ အငွေ့အသက် ပါဝင်နေသည့်အစိုးရဟုမြင်နေငြဖြစ်နိုင်သလို အတိုက်အခံ ပါတီ NLDအပေါ်အမျှော်လင့်ကြီး မျှော်လင့်နေမှုကြောင့်လည်းဖြစ်နိုင်သည်။ ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပဒ၏ ပေးထားချက်၊ ကန့်သတ်ချက်အခြေအနေများ ကို မကျေမနပ်လက်မခံနိုင်ခြင်းလည်း ပါဝင်ပါလိမ့်မည်။

၂၀၁၂တွင် NLD ပါတီသည် အများပြည်သူလက်ခံခြင်း၊မခံခြင်းထက် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပ္လေပြင်ဆင်ရေးလှုပ်ရှားမှုဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ပေါက်မှ လွှတ်တော်အတွင်းဝင်ရောက်ကာနိုင်ငံရေးလှုပ်ရှားမှုတစ်ရပ်ကိုစတင်လိုက်သည်။ NLD ကိုယ်စားလှယ်များ လွှတ်တော်တွင်းဝင်ရောက်ပြီးခဲ့ပြီးနောက်ပိုင်း လွှတ်တော်ပြင်ပလှုပ်ရှားမှုအဖြစ် ၂၀ဝ၈အခြေခံ ဥပ္လေပြင်ဆင်ရေး လူထုသဘောထားကောက်ခံသည့်လှုပ်ရှားမှု ဆောင်ရွက်ခဲ့သော်လည်း မကြာခင်အသံပြန်တိတ် သွားသည်ကိုတွေ့ရသည်။ လှုပ်ရှားမှုမှာအရှိန်အဟုန်ကောင်းခဲ့သော်လည်း လွှတ်တော်တွင်းတွင်အောင်မြင်မှုမရခဲ့ပေ။ နောက်ပိုင်းတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပ္လပြင်ဆင်ရေး/အသစ်ရေးဆွဲရေးထက် ၂၀၁၅အထွေထွေရွေးကောက်ပွဲ အနိုင်ရရှိရေး မဟာဗျူ ဟာဘက် တဖြည်းဖြည်းကူးပြောင်းသွားခဲ့ပြီး ရွေးကောက်ပွဲအလွန်သို့မျှော်လင့်ချက် ပေးထားခဲ့သည်။

NLD ပါတီသည် ပြောင်းလဲချိန်တန်ပြီ ဆိုသည့်ြွေကးကြော်သံနှင့်အတူ ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် တောင်ပြို ကမ်းပြိုအနိုင်ရရှိခဲ့သည်။ြွေကးကြော်သံနဲ့အတူ NLD အစိုးရတက်လာပြီးနောက်  ပြည်သူလူထု၏မျှော်လင့်ချက်မှာ NLDပါတီ၏ တောင်ပြိုကမ်းပြိုအနိုင်ရရှိမှုနှင့်အတူ ယခင်ကထက်ပိုမိုမြင့်တက်လာခဲ့သည်။ စစ်အာဏာရှင်အရိပ်အငွေ့နှင့် USDP ကို စိတ်ပျက်နေသည့်လူထုသည် ပိုကောင်းသည့်အပြောင်းအလဲကို ဖော်ဆောင်ပေးလိမ့်မည်ဟု NLDပါတီကိုယုံကြည်ြှု ထောက်ခံမဲ ပေးခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် အစိုးရတာဝန်ယူပြီးနောက်ပိုင်း လူထုမျှော်လင့်ထားသည့် အပြောင်းအလဲများကို ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းများမရှိသလို ဖွဲ့စည်းပုံပြင်ဆင်ရေး/အ သစ်ရေးဆွဲရေးလည်း အခြားပိုအရေးကြီးသည့်ပြသြနာများအောက်တွင် မှေးမှိန်သွားခဲ့ရသည်။ ထိုသို့ဖြစ်ရခြင်းမှာ ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံဥပ္လေ၏ ပေးထားချက်၊ ကန့်သတချက်များကြောင့်လည်းဖြစ်နိုင်သည်။ NLD ကိုယ်တိုင်မှာလည်း ၂၀ဝ၈ဖွဲ့စည်းပုံကို ပိုမိုနီးကပ် စွာထိတွေ့သဘောပေါက် နားလည်ခဲ့ကြဟန်တူသည်။

၂၀၁၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများနှင့် ၂၀၁၂၊ ၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲများ၏ ရလ္လ်များကြောင့် အကွဲကွဲအပြားပြားဖြစ်နေသည့် လူမျိုးတူတိုင်းရင်းသားပါတီများ ၂၀၁၇ခုနှင့်နှောင်းပိုင်းတွင် ပေါင်းစည်းရေးအသံများ အရှိန်ကောင်းလာခဲ့ပြီး ၂၀၁၈ခုနှစ်တွင် အချို့ပါတီများပေါင်းစည်းလာနိုင်သည်ကိုတွေ့လာရသည်။ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တစ်လျှောက်လုံးကိုခြုံကြည့်ရလျှင် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများအနေဖြင့် မြန်မာ့နိုင်ငံရေးဇတ်ခုံတွင် ဖြတ်လျှောက်ခန်းသာသာအခန်းကဏ္ဍတွင်သာတွေ့ရသည်ကများနေသည်ဖြစ်ရာ တိုင်းရင်းသားနိုင်ငံရေးပါတီများ ပေါင်း စည်းလာနိုင်ခြင်းအားဖြင့် ပိုအရေးပါသည့်နိုင်ငံရေးအခန်းကဏ္ဍကပါဝင်နိုင်ရေး ကြိုးပမ်းမှုအဖြစ်တွေ့ရသည်။ ထို့ကြောင့် တိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်အနိုင်ရရှိရေး အထူးသဖြင့် မိမိတို့ ပြည်နယ်လွှတ်တော်တွင်းအောင်နိုင်ရေးကို မျှော်မှန်းထားကြောင်းတွေ့ရသည်။ထို့အပြင် ပြည်ထောင်စုလွှတ်တော်တွင် လည်း တိုင်းရင်းသားပါတီများမဟာမိတ်အင်အားဖြင့် ရသင့်ရထိုက်သည့်နေရာများတွင် အနိုင်ရရှိနိုင်ရေးဦးတည်ချက် ထားရှိလာသည့်ကိုလည်း တွေ့မြင်နေရသည်။

မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို ဦးဆောင်ဦးရွက်ပြုမည်ဟြုွေကးကြော်ထားသည့် NLDပါတီအစိုးရတက်လာပြီး နောက်ပိုင်း နိုင်ငံတွင်း နိုင်ငံရေးအခင်းအကျင်းအနည်းငယ်အပြောင်းအလဲရှိလာခဲ့ပြီး နိုင်ငံရေးမျက်နှာစာ အခင်းအကျင်းတွင်လည်း နိုင်ငံရေး အိုင်ကွန်များ အများအပြားပေါ်ပေါက်လာသည်ကိုတွေ့ရသည်။ အပြောင်းအလဲကာလတွင် ပေါ်လာတတ်သည့် အပြောင်းအလဲကိုလိုလားသူ အရပ်ဘက်နိုင်ငံရေးအိုင်ကွန်(icon)များဖြစ်သည်။ အဆိုပါနိုင်ငံ ရေးအိုင်ကွန်များကိုကြည့်မည်ဆိုပါက ပြည်နယ်္လေသမှတိုင်းရင်းသားများထက် ပြည်မနေ(ဗမာ)များက ပိုများနေသည်ကို တွေ့ရမည်ဖြစ်ပြီး ထိုအထဲတွင် နိုင်ငံရပ်ခြားမှပညာသင်ပြန်လာသူများအပြင် ယခင်စစ်အာဏာရှင်များနှင့်နီးကပ်စွာနေ ခဲ့ကြဖူးသူများကိုလည်း တွေ့ရမည်ဖြစ်သည်။ သို့ရာတွင် အဆိုပါနိုင်ငံရေးအိုင်ကွန်များမှာ္လေါ်ဆောင်ဆန်းစုကြည်၏ ကြီးမားသောပုဂိုလ်ရေးဩဇာနှင့် NLD ပါတီ၏လူထုအပေါ်နိုင်ငံရေးဩဇာအလွန်အကျွံလွှမ်းမိုးနိုင်မှုတို့ကြောင့် မြန်မာ့ နိုင်ငံရေးမျက်နှာစာတွင် လက်လှမ်းမီမှုအားနည်းသွားဟန်ရှိပြီး လူထုရှေ့ထင်ပေါ်သင့်သလောက် ရောက်မလာခဲ့ပေ။ ပြည်နယ်တိုင်းရင်း္လေသများတွင်လည်း နိုင်ငံရေးတွင်ဦးဆောင်နိုင်သူ နိုင်ငံရေးအိုင်ကွန်များရှိသင့်သလောက်ရှိသော်လည်း နိုင်ငံရေးအလွှာတစ်ခုတွင်ပိတ်မိနေပြီး လူထုရှေ့မားမားမတ်မတ်ထွက်ပေါ်လာနိုင်သူမရှိသလောက်ဖြစ်နေသည်ကို တွေ့ရ သည်။ အားရကျေနပ် ဖွယ်လူထုထောက်ခံအားပေးမှုများ ရရှိနိုင်ရေးမှာအလှမ်းဝေးနေပါသေးသည်။

ထို့ကြောင့် လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် အနိုင်ရပါတီကိုယ်တိုင်ပုံရိပ်ကျဆင်းလျက်ရှိသည်။ အခြားနိုင်ငံရေး ပါတီများမှာ ၂၀၂၀အထွေထွေရွေးကောက်ပွဲအတွက်စိုင်းပြင်းနေကြသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း နိုင်ငံရေးမျက်နှာစာတွင်လက်ရှိအခြေအနေထက်ပိုမိုနေရာရရှိရေးအတွက် မဟာဗျူဟာအပြောင်းအလဲများဖြင့် ပေါင်း စည်း ရေးလုပ်လာကြသည်။ နိုင်ငံရေးအိုင်ကွန်များအနေဖြင့် မည့်သည့်နည်းလမ်းများဖြင့်လူထုရှေ့ထွက်ပေါ်လာမည် ကို စောင့်ကြည့်ရမည်ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍနှင့် နိုင်ငံရေးပါတီအချင်းချင်းကြားနိုင်ငံရေးယှဉ်ပြိုင်မှုအလေ့အထများကို ပြည်သူလူထုအနေဖြင့် အခြေခံကျကျနားလည်လက်ခံနိုင်ရေးလည်းအလွန်ပင်အရေးကြီးဖော်ပြအပ်ပါသည်။

ထွန်းမင်း(ဥပဒေ)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button