သတင်း

ညီနောင်မဟာမိတ်များမှ ပူးပေါင်းလှုပ်ရှားသွားမည်ဖြစ်ကြောင်း People’s Defence Force (Kalay) နှင့် Zomi Federal Union/PDF (Zoland) ပူးတွဲ ထုတ်ပြန်ချက်

ဖက်ဒရယ်ဂျာနယ် (စက်တင်ဘာ ၂၆)
People’s Defence Force (Kalay) နှင့် Zomi Federal Union/PDF (Zoland) တို့သည် နွေဦးတော်လှန် ရေးစတင်သည့်နေ့မှစ၍ အတူတကွလက်တွဲလုပ်ဆောင်ခဲ့ကြသော သွေးချင်းညီနောင် များမှ ပေါက်ဖွားလာသည့် တော်လှန်ရေး အဖွဲ့အစည်းများ ဖြစ်ကြပါသည်။
ပြည်သူထဲမှပေါက်ဖွားလာသည့် မိမိတို့အဖွဲ့အစည်းများသည် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်‌ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်အစစ်အမှန်ရရှိရေး၊ ပြည်သူ့အာဏာ ပြည်သူ့လက်ဝယ် တွင် အပြည့်အဝရှိရေး စသည့် ရည်မှန်းချက်များအတွက် မဆုတ်မနစ်တိုက်ပွဲဝင်သွားရန် သန္နိဌာန်ချ ထားသည်ဖြစ်ရာ အကြမ်းဖက်စစ်ကောင်စီနှင့်တကွ ပြည်သူ့ဆန္ဒမပါဘဲ စစ်အာဏာရှင်ကဲ့သို့ပြုမူသည့် အဖွဲ့အစည်းများအားလုံးကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သည်။
တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်နှင့် ကလေး ကဘော်ဒေသများအတွင်း တော်လှန်ရေးအဖွဲ့အသီးသီးနှင့် PDF အဖွဲ့များကို နှောက်ယှက်ကာ အကြမ်းဖက်စစ်ကောင်စီကို တနည်းနည်းဖြင့် ပူးပေါင်းကြသည့် အိန္ဒိယ၊ မြန်မာ နယ်စပ်တလျှောက်ရှိ လူပုဂ္ဂိုလ်များနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ပြည်သူ့ ဆန္ဒအားဆန့်ကျင်လျှက် ဆက်လက်ပြုမူ လှုပ်ရှားမည်ဆိုပါက မိမိတို့ညီနောင်မဟာမိတ်များမှ ပြန်လည် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။
ထို့အပြင် တွန်းဇံမြို့နယ်၊ တီးတိန်မြို့နယ်၊ ကလေး ကဘော်ဒေသများအတွင်း အကြမ်းဖက် စစ်ကောင်စီ ကို ပူးပေါင်းကြသည့် လူပုဂ္ဂိုလ်များ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ် နေသူ များ၏ အချက်အလက်များ၊ လှုပ်ရှားမှုများအားလုံးကို စုံစမ်း မှတ်တမ်းတင်ထားပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

Related Articles

Back to top button