ဓါတ်ပုံ – စီဂျေ
ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၁၅
မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ အမှတ် (၆) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းဆောင် တစ်ဆောင် ယနေ့ နံနက် နှစ်နာရီခွဲခန့်က မီးလောင်ပျက်စီးသွားကြောင်း သိရပါတယ်။
ဘယ်သူတွေက မီးရှို့သွားတယ်ဆိုသာ သေချာမပြောနိုင်ပေမယ့် လောင်ကျွမ်းတဲ့ မီးအရှိန်ကို မှန်းဆကြည့်ခြင်းအားဖြင့် ဓါတ်ဆီ၊ ဒီဇယ် တခုခု လောက်ကျွမ်းလွယ်တဲ့အရာ အသုံးပြုသွားတဲ့ သဘောတွေ့ရကြောင်း ရပ်ကွက်နေပြည်သူ တဦးက ဖက်ဒရယ်ဂျာယ်သို့ ပြောပါတယ်။
“ဘယ်သူတွေက မီးရှို့သွားတယ်ဆိုသာ သေချာမပြောနိုင်ဘူးပေါ့ ဒါပေမယ့် မီးကအရှိန်အရမ်းပြင်းတယ်၊ လောင်သွားတဲ့ပုံစံကို မှန်းဆကြည့်မယ်ဆိုရင် ဓါတ်ဆီ၊ ဒီဇယ် တခုခု လောက်ကျွမ်းလွယ်တဲ့ အရာ အသုံးပြုသွားတဲ့ သဘောတွေ့ရတယ်၊ ဘာလို့လဲဆိုတော့ အောက်ခြေအထပ်က အုတ်တက်ထားတဲ့ အဆောင်ဖြစ်တယ်။ ဝါရာရှော့ ဆိုရင်လည်း အဲလောက်ထိ အမြန်လောင်မသွားနိုင်ဘူး အခုဟာက မနက်ပိုင်း (၂)နာရီ ကျော်လောက်မှာ မီးအရှန်ပြင်းနေပြီ သိပ်မကြာဘူး အဆောင်တခုလုံး ပြာကြသွားသာ ဟုတ်တယ်” ဟု ပြောပါတယ်။
ယခုလက်ရှိတွင် မန်ခိန် အမှတ် (၆) အ.ထ.က ကျောင်းသည် ကျောင်းသား လူငယ်အချို့နဲ့ စာသင်ကြားဖွင့်လှစ်ထားကြောင်းလည်း သိရပါတယ်။
တဖန် အဲဒီရပ်ကွက်က Mytel တာဝါတိုင် တစ်ခုလည်း ဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများက ဆိုပါတယ်။