သတင်း

နေ့စဉ်သတင်းအကျဉ်း

ဇွန်လ – ၈ – ၂၀၂၂ ခုနှစ်

  • စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသည့် ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီတပ်မှ အကြမ်းဖက် ပစ်သတ်မှုကြောင့် ယနေ့ ဇွန်လ (၈)ရက်နေ့အထိ အသက်သေးဆုံးခဲ့ရသည့်ပြည်သူပေါင်း (၁၉၀၉)ဦးအထိ ရှိခဲ့ကြောင်းသိရသည်။ ထို့အပြင် မတရားဖမ်းဆီးခံရသူ(၁၄၀၄၆)ဦးအထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းခံရဆဲမှာ ( ၁၀၉၈၉)ဦးထိရှိနေသေးကြေင်း AAPP မှ ထုတ်ပြန်ထားသည်။

 

  • ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်ထိန်းချုပ်နယ်မြေ ဒေါင်းတောင်(လက်ပံပင်ရွာနှင့် ဘိုက္ကားကျေးရွာအကြား) တွင် ယနေ့မန်နေ့ ဇွန်လ (၇)ရက်နေ့ နံနက် (၈)နာရီခွဲဝန်းကျင်က စစ်အင်အားအပြည့်ဖြင့် မောင်းနှင် လာ သော စစ်ကောင်စီယာဥ်တန်းကို ကရင့်အမျိုးသားလွတ်မြောက် ရေး တပ်မတော် (KNLA) နှင့်ပူးပေါင်း တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ (၁၀) ဦးသေဆုံးကာ၊ (၁၅) ဦးထိခိုက်ဒဏ်ရာ ရသည်ဟု ကေအဲန်ယူ မှ သတင်းထုန်ပြန်သည်။ အဆိုပါ စစ်ကောင်စီ ယာဥ်တန်းသည် စစ်အင်အား အပြည့်ဖြင့် ပဲခူးမှ သထုံဖက်သို့ ဦးတည်မောင်းနှင်လာ ခြင်းဖြစ်ပြီး ဒေါင်းတောင် သို့အရောက်တွင် KNLA ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် စစ်ကောင်စီနှင့် KNLA တပ်များ မိနစ်အနည်းငယ်အကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး KNLA နှင့်ပူးပေါင်းအဖွဲတို့ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်းသိရသည်။

 

  • ရှမ်းပြည်နယ်၊ မိုင်းရှူးနယ်အတွင်းက SSPP တပ်စခန်းသုံးခုကို ဇွန်လ ၁၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားရန် အကြမ်းဖက်စစ်ကောင်စီဘက်က အကြောင်းကြားထားကြောင်းသိရှိရသည်။ အကြမ်းဖက် စစ်ကောင်စီသည် စစ်ဆင်ရေးလမ်းဖောက်လုပ်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် မိုင်းရှူးနယ်အတွင်းက SSPP တပ်စခန်းသုံးခုကို ဖယ်ရှားရန် SSPP ထံ အကြောင်းကြားထားခြင်းဖြစ်သည်။ “စခန်းကို ဆုတ်ခိုင်း တာ အချိန်အခါလည်းမဟုတ်ဘူး။ သူတို့လည်း သွားစရာရှိတာသွား၊ ကျွန်တော်တို့လည်း သွားစရာရှိသွား။ မရှိတဲ့ပြဿနာကို အခုလို လုပ်ပြီး မလိုလားတာတွေဖြစ်စေချင်လို့ ပြောရင် ဘယ်ကောင်းမလဲပေါ့။ အခုတော့ ရွှေ့ပေးပါဆိုတဲ့ ကိစ္စနဲ့တော့ မကောင်းဘူးပေါ့”ဟု SSPP ၏ ဒုတိယဗိုလ်မှူးကြီး စိုင်းစု က ပြောသည်ဟု MPA သတင်းဌာနတွင်ဖော်ပြထားချက်အရသိရသည်။

 

  • ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာအနီးရှိ တောက်ပကြယ်ကုမ္ပဏီလုပ်ကွက်တွင် ယမန်နေ့က ပျောက်ဆုံး သွားသော ကျောက်ရှာဖွေသူရေမဆေးသမားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ပြန်လည် ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။ တောက်ပကြယ် ကုမ္ပဏီလုပ်ကွက်တွင် ကျောက်စိမ်း ဝင်ရောက်ရှာဖွေ ရာမှ ကျင်းစောင့်များက လိုက်လံဖမ်းဆီးသဖြင့် ထွက်ပြေးစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောဆိုကြောင်း The 74 Media တွင်ဖော်ပြထားသည်။ “သူက သူ့သူငယ်ချင်း တွေနဲ့ကျောက်ရှာသွားတာ။ သူတို့လိုက်လို့ပြေးကြရင်းနဲ့ သူတစ်ယောက်ထဲကျန်ခဲ့တာ သူ့သူယ်ချင်းတွ ရောက်လာတယ်။ အလောင်းကိုက ဒီမနက်ကတွေ့တာ ရေနစ်ထားတာဆိုတော့ ရေထဲကနေ ပေါ်လာတယ်” ဟုပြောသည်။

 

  • ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုလမ်းမပေါ်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သိမ်းဆည်းထားသည့် ယခင် ယုဇနကုမ္ပဏီ ပိုင်ဆိုင်ခဲ့သောမြေယာများကို လာမည့် ၂၀၂၃ ခုနှစ်တွင် ဒေသခံပြည်သူများကို လယ်ယာမြေအဖြစ် ခွဲဝေပေးရန် စတင်စီစဉ်နေပြီဟု သိရသည်။ ယခင်ယုဇနကုမ္ပဏီထံမှ KIO သိမ်းယူခဲ့ သော တစ်နှစ်ပြည့် လွန်ခဲ့သည့် ဧပြီလတွင် ဟူးကောင်းဒေသ ကျေရွာအလိုက် လယ်ယာခွဲဝေရေး ကော်မတီများဖွဲ့ကို KIO ဦးဆောင်ကာစတင်ဖွဲ့စည်းထားပြီး ဒေသခံ အိမ်ထောင်စုတစ်ခုတွင် မြေ ၅ ဧက နှုန်းဖြင့် ခွဲဝေပေးရန် စီစဉ်နေပြီဟု နောင်းမီကျေးရွာလယ်ယာမြေခွဲဝေရေး ကော်မတီဝင်တစ်ဦးက KNG သတင်းဌာနကို အတည်ပြု ပြောဆိုထားသည်ဟုဆိုသည်။ “လာမယ့် နှစ်မှာ ယုဇနကုမ္ပဏီကိုမောင်းထုတ် လိုက်တဲ့နောက် ကျန်နေတဲ့ မြေယာတွေကို ခွဲဝေပေးဖို့ဖြစ်တယ်။ ဒီနှစ်မှာတော့ မလုပ်နိုင်တော့ဘူး။ တစ်ချို့က ယုဇနကုမ္ပဏီထွက်သွားတာနဲ့ အဲ့မြေနေရာမှာ လယ်ယာလာလုပ်ထားတဲ့နေရာတွရှိနေတယ်။ သူတို့သိမ်းယူလိုက်ပြီးမှ မြေယာတွေပြန်ယူမယ်။ ပြီးရင် ကော်မတီဖွဲ့ပေးထားတာလည်းမကြာသေးဘူး။ အားလုံးပြီးမှသာ ခွဲဝေရေးတွေ စဖို့ KIO က ပြောဆိုထားတယ်” ဟု ပြောဆိုသည်။

 

  • တနင်္သာရီတိုင်းထဲမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း ဒေသတွင်း တိုက်ပွဲ တွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော် ရှိနေတယ်လို့ ဒေါန တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေဟာ တနင်္သာရီ၊ ထားဝယ်၊ ပုလော စတဲ့မြို့နယ်တွေက အများဆုံးရှိနေတယ်လို့ဆိုပါတယ်။ “တနင်္သာရီမြို့နယ်ဘက်မှာ စစ်ရှောင်စုစုပေါင်း ၈၀၀၀ ကျော်ရှိပါတယ်။ တနင်္သာရီတိုင်းတစ်ခုလုံးဆိုရင် စစ်ရှောင်စုစုပေါင်း ၁၅,၀၀၀ နဲ့ ၂၀,၀၀၀ ကြားမှာ ရှိပါတယ်ဗျ။ အဲဒီဘက်မှာ စခန်းနဲ့ နေတာမျိုးကမရှိဘူး။ ဒါကြောင့် သူတို့လာရှောင်တဲ့ အနီးနားပတ်ဝန်းကျင် ကျေးရွာတစ်ဝိုက်က ရွာတွေကို စုပေါင်းပြီး ကော်မတီ တစ်ခုဖွဲ့ပြီး လိုအပ် တာတွေကို ကူညီပေးနေတယ်ဟု ပြောပါတယ်။

 

  • ဇွန်လ (၂) ရက်နေ့မှစပြီး လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးအုပ်စု၊ လင်ဖုံကြီးနှင့်ကုန်းမှီ ကျေးရွာဖက်သို့၊ အကြမ်းဖက် စစ်ကာင်စီတပ်များ စစ်ကြောင်းထိုးလာသောကြောင့်  ကရင်နီပူးပေါင်းတပ်တို့ ဇွန်လ (၂) ရက်နေ့တွင် ကုန်းမှီကျေးရွာ နှင့် ဇွန်လ (၃) ရက်နေ့ ဒေါတနောရေထွက်ပေါက် အနီးတို့တွင် နှစ်ဖက်ထိ တွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၄င်းကျေးရွာရှိ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း နေအိမ်များကို မီးရှို့ခြင်းများပြုလုပ်ခဲ့သည့်အပြင် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။ ဇွန်လ ပထမအပတ်၊ ကရင်နီပြည်တဝှမ်းဖြစ်ပွားသော တိုက်ပွဲများ အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား (၂၆) ဦးသေဆုံးခဲ့ပြီး  ယာဥ်(၃) စီးမီးလောင်ခဲ့ပြီး၊ KNDF မှ လက်နက်အချို့နှင့် ယာဥ် (၂) စီးတို့ကို သိမ်းဆည်းရမိ ခဲ့ပါသည်။ KNDF မှ ဇွန်လ (၃) ရက်နေ့၊ ဒေါတနောရေထွက်ပေါက်တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်များကို ခုခံတိုက်ခိုက်ရင်း၊ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။

 

  • မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကျတ်ထိုးရဲကင်းစခန်းကို ပခုက္ကူ PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဇွန်လ ၈ ရက် နံနက်တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား၊ ရဲနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံးကြောင်း ပခုက္ကူ PDF က သတင်းထုတ်ပြန်သည်။ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ဒေသကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့များက ၄၀ မမ ဗုံးပစ်လောင်ချာများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး အဆိုပါ စခန်းကို သိမ်းပိုက်ရန် ကြိုးပမ်းစဉ် စစ်ကား ၁ စီးဖြင့် စစ်ကူ ရောက်လာသောကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ အရေးပေါ် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရှိရသည်။ တိုက်ပွဲတွင် PDF ၁ ဦး ကျဆုံးခဲ့ပြီး မြစ်ခြေဘက်မှ ထွက်လာသည့် စစ်ကား ၁ စီးနှင့် ကမ္မဘက်မှ ထွက်လာသည့် ရဲကား ၁ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ပခုက္ကူ PDF ကထုတ်ပြန်သည်။

 

  • တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်သပိတ်ကော်မတီဝင်များ ၊ အခြေခံပညာကျောင်းသားလူငယ်များ၊ LGBT များ နှင့်တော်လှန်ရေးလူငယ်များ ပူးပေါင်းကာ ယနေ့တွင် သရက်ချောင်းမြို့နယ်အတွင်း အရှုံး မပေးမချင်း ငါတို့နိုင်တယ် သပိတ်ခေါင်းစဥ်ဖြင့် လမ်းပေါ်ချီတက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့သည်။

 

  • ထားဝယ်ခရိုင် လောင်းလုံံးမြို့နယ်အတွင်းရှိ ကျေးရွာ တစ်ရွာတွင် ယနေ့ ဇွန်လ ၈ ရက်၌ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဒေသခံ ပြည်သူများ ဦးဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • လေးမြို့ ပင်မ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် “ငါတို့ကလေး ငါတို့ သွေး မရိုင်းစေရ ဝိုင်းဝန်းကူညီကြ” စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ပရိတ်ရွတ် မေတ္တာပို့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များက ယနေ့ ဇွန်လ ၈ ရက်နေ့တွင် “ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့နှင့် အတူ ရပ်တည်ပါသည်။ သူတို့သည် ပြည်သူ့အလင်းတန်း ပြည်သူ့ သူရဲကောင်း များ သာဖြစ်သည်” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မန္တလေးတွင် ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်ကာ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

  • မုံရွာတွင် လက်ပံတောင်းတောင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် “ကျွန်ပညာရေး တို့အားမပေး ပညာတန်ဆောင် အလင်းရောင် ဖက်ဒရယ် ခေတ်ကို တို့ထူထောင်” စာတန်း ကိုင်ဆောင်ကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

 

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၅၄ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီ တက်မှု ဇွန် ၈ ရက်တွင် ပြုလုပ်ခဲ့သည်။

 

  • ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ်တွင် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ယင်းမာပင်မြို့နယ် စုန်းချောင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

 

  • ချင်းတွင်မြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ CDM ပြုလုပ်ထားသော ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များပူးပေါင်း၍ စစ်ကျွန်ပညာရေးမှာ ကျောင်းမတက်ဘဲ ပါဝင်ရန်နှင့် ကျေးလက်ဒေသများ ပြာပုံဘဝ ရောက်ရှိနေသည့်အချိန်တွင် မြို့ပြများတွင် ကျောင်းများ ပြန်ဖွင့်ကာ တက်ရောက်နေကြသည်ကို တွေ့ရ၍ ကျေးလက်နေပြည်သူများမှ လွန်စွာဝမ်းနည်းကြေကွဲ ကြောင်း၊ စစ်ကျွန်ပညာရေးတွင် မပါဝင်ရန် ကျေးလက်ဒေသမှ ပြည်သူများက တိုက်တွင်းကြောင်းနှင့် သပိတ်ချီတက်ခြင်းကို ယနေ့ ဇွန် ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

 

  • တောင်ကုတ်မြို့နယ်၊ တဲမောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် မနေ့က ဇွန်လ ၇ ရက်နေ့က မျက်နှာကြက်ပြိုကျမှုကြောင့် အလယ်တန်းပြဆရာမတစ်ဦး ဦးခေါင်းဒဏ်ရာရရှိသွားသည်ဟု သိရသည်။ ဆရာမ ဒေါ်ခင်မေဇော်မှာ အတန်းချိန်ပြီး၍ ဆရာ၊ ဆရာမ နားနေဆောင်တွင် ထိုင်နေစဥ် ထိုသို့ပြိုကျလာခြင်းဖြစ်ပြီး ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိသွားကာ တောင်ကုတ်ပြည်သူ့ဆေးရုံ ကြီးတွင် ငါးချက်ချုပ်ထားရပြီး ဓာတ်မှန် ရိုက်ကူးထားသည်ဟု ၎င်းထံက သိရသည်။

 

  • စစ်အာဏာသိမ်းပြီးတဲ့နောက် CDM ပြုလုပ်ခဲ့တဲ့ အခြေခံ ပညာဝန်ထမ်းတွေကို စစ်ကောင်စီက မေလ နောက်ဆုံးအပတ်ကစလို့ ပြန်လည်ခေါ်ယူနေပြီး မနေ့ ဇွန်လ ၇ ရက်အထိ နိုင်ငံအနှံ့ ဝင်ရောက်လာသူ ပညာရေးဝန်ထမ်း ၂၉၆၀ ဦးရှိပြီလို့ စစ်ကောင်စီဘက်ကထုတ်ပြန်ပါတယ်။ ဒါ့အပြင် ၄င်းတို့ စစ်ကောင်စီ ထံ ထပ်မံပြန်လည် ဝင်ရောက်လိုတဲ့ ဝန်ထမ်းတွေအတွက် ၃ ကြိမ်မြောက်အဖြစ် ဇွန်လ ၁၄ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးထားပြီး လမ်း ခရီးအခက်အခဲကြောင့်ကြန့်ကြာနေတာတွေရှိတယ်လို့လည်းဆိုပါတယ်။

 

  • မကွေးတိုင်း ရေစကြိုမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၆ နှင့် ခလရ ၂၅၈ တို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၆ ရက်နေ့ နံနက် ၁ နာရီခန့်အချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း Yesagyo PDF တပ်ဖွဲ့ထံမှ သိရသည်။ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း ခလရ ၂၅၆ နှင့် ခလရ ၂၅၈ တပ်ရင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အလန့်တကြား အော်ဟစ်ပြေးလွှား သံများ ဆူညံခဲ့ပြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

  • မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်းတပ်များက ယမန်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးပြီး စက်သေနတ် ၁ လက်ရရှိကြောင်း မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။ ဇွန်လ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အချိန် မြစ်ခြေ-ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဆိပ်ဖြူမြောက်ပိုင်း ပူးပေါင်းတပ်ဖွဲ့တို့က ထမ္မကောက်ကျေးရွာရှိ စစ်တပ်စခန်းကို သွားရောက် တိုက်ခိုက်ကြောင်း၊ စစ်သား ၁၀ ဦးသေဆုံးပြီး MA 2 စက်လက်နက် ၁ လက်ရရှိကြောင်း၊ PDF များဘက်မှ ရဲဘော် ၁ ဦးကျဆုံးပြီး ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သတင်းထုတ်ပြန်ချက်က ဆိုသည်။

 

  • မကွေးတိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းတွင် ခလရ ၅၅၃ မှ စစ်သား ထက်မြတ်စိုးကို သင်္ကန်းဝတ်ဖြင့် ဘုန်းကြီး ယောင်ဆောင်ပြီး မိုင်းကွင်းများ လိုက်လံ ကြည့်စစ်ဆေးနေစဉ် ဖမ်းမိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော် PRA က သတင်းထုတ်ပြန်သည်။ ပုလဲ-ဂန့်ဂေါလမ်းတွင် PRA ထောင်ထားသည့် မိုင်းကွင်းများ ကို ဆိုင်ကယ် ၁ စီးဖြင့်  ဘုန်းကြီး ၂ ပါးက လိုက်လံ လှည့်လည် ကြည့်ရှုနေသည်ကို တွေ့ရှိရ၍ မသင်္ကာ မှုဖြင့် စစ်ဆေးသောအခါ  ခလရ ၅၅၃ မှ တပ်သား ထက်မြတ်စိုးက ဘုန်းကြီးယောင်ဆောင် သင်္ကန်းဝတ် ထားခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ကျန် သင်္ကန်ဝတ်တစ်ဦးကိုလည်း ဆက်လက် စစ်ဆေးနေကြောင်း PRA မှ ဗိုလ်ဂျပန်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

#Federal_Journal

#Daily_News

https://www.facebook.com/federaljournal

https://federaljournalmm.org/

Related Articles

Back to top button