တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

PNLO ဗဟိုကော်မတီဝင်သစ်များ ရွေးချယ်တင်မြောက်

ဖက်ဒရယ်ဂျာနယ်၊ ဇွန် ၃

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNOL) က တတိယအကြိမ်မြောက်ညီလာခံအပြီး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်သစ်(၉)ဦးနှင့် ဗဟိုကော်မတီဝင် (၁၉)ဦး ကို ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြောက်နိုင်ခဲ့ကြောင်း (PNLO) သတင်းပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
“ဗဟိုအလုပ်မှုဆောင် အဲဒါက ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ကိစ္စပေါ့၊ ရွေးကောက်ပွဲရဲ့စည်းမျဉ်း စည်းကမ်းဆိုတော့ ကျနော်တို့က ဒီမိုကရေစီနည်းကျစွာ ရွေးချယ်တင်မြှောက်တဲ့စနစ်ပေါ့နော်၊ အဲဒီစနစ် ကျင့်သုံးတဲ့အခါကျတော့ ဒါကတော့ အပြောင်းအလဲတော့ရှိတာပေါ့” ဟု PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်းက ဖက်ဒရယ်ဂျာနယ်သို့ ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNOL) ကမဲပေးရွေးချယ်တဲ့ စနစ် နှင့် စုပေါင်းခေါင်းဆောင်မှု စနစ်ကို ကျင့်သုံးသာ ဖြစ်ပါတယ်။

“အဓိကကတော့ ကျနော်တို့ကအများဆန္ဒနဲ့ စုပေါင်းခေါင်းဆောင်မှုစနစ်နဲ့သွားတာကိုး၊ ကျနော်တို့ PNLO ဆိုတာက ဥက္ကဌရဲ့သဘောဆန္ဒတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ အားလုံး CEC ထဲမှာမှ ညှိလို့မရရင် CC ပေါ့ အဲဒီလိုမျိူး မဲပေးတဲ့စနစ်နဲ့သွားကျတာဆိုတော့ ဘယ်လိုပဲပြဿနာ သဘောထား ကွဲလွဲနေပါစေ နောက်ဆုံး တော့ အများစုရဲ့သဘောဆန္ဒကို လိုက်လျောရတာတော့ ရှိတာပေါ့” ဟု PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်းက ဖက်ဒရယ်ဂျာနယ်သို့ ဆက်ရှင်းပြပါတယ်။

အများက စိတ်ဝင်စားနေတဲ့ ဗဟိုအလှုပ်အမှုဆောင် ကော်မတီဝင်ဟောင်းဖြစ်ကြသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ ခွန်မြင့်ထွန်းတို့ ဘယ်မှာဆက်ပါကြသလဲလို့ မေးရာမှာတော့ ……

“ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ နဂိုကတည်းက ဝင်ပြိုင်တာတော့မပါပါဘူး။ သို့သော်လည်း ကျနော်တို့ကသူ့ကို ရှေ့ဆောင်နာယကကြီးအဖြစ် ခန့်ထားတာတော့ရှိတယ်။ ခွန်မြင့်ထွန်းကတော့ ကျနော်တို့ CC မှာ ပြန်ပါပါတယ်” ဟု PNLO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်မင်းသိမ်းက ဖက်ဒရယ်ဂျာနယ်သို့ ဆက်ပြောပါတယ်။

ယခုထပ်မှန် ရွေးချယ်တင်မြောက်ထားသည့် ဗဟိုကော်မတီဝင်များသည် ဥက္ကဌ ဗိုလ်ချုပ်ခွန်သူရိန်၊ ဒုဥက္ကဌ(၁) ခွန်ထွန်းတင်၊ ဒုဥက္ကဌ(၂) ဗိုလ်မှူးချုပ် ခွန်ကျော်ထင်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး ခွန်အောင်မန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူး ခွန်မင်းသိမ်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) နန်းယဉ်ယဉ်စိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၃)ဦးနှင့် ဗဟိုကော်မတီဝင် (၁၀)ဦး တို့ဖြစ်ကြပြီး ဗဟိုကော်မတီဝင် ထိပ်ပိုင်းခေါင်းဆောင်များတွင် အပြောင်းအလဲ များစွာမရှိပဲ ရွေးချယ် တင်မြောက်ထားနိုင်ကြောင်းလည်း သိရပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNOL) NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး ဲ NCA လမ်းကြောင်းပေါ်မှ အပြောင်းအလဲမရှိပဲ ဆက်လက် ရပ်တည်သွားမယ်လို့ သိရပါတယ်။

Related Articles

Back to top button