တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

(No. 40, June 3, 2022)

 

၁။ ကေအန်ယူ၏ အုပ်ချုပ်ရေးလုပ်ငန်းများတွင် စွက်ဖက်နှောင့်ယှက်မှုမလုပ်ရန် စစ်ကောင်စီတပ်ကို သတိပေး
3 June, 2022

ကေအန်ယူရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်စွက်ဖက် နှောင့်ယှက်တာတွေ ရပ်တန့်ဖို့ စစ်ကောင်စီလက် အောက်ခံ ဗိုလ်မှူးချုပ်တယောက်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) က သတိပေးလိုက်ပါတယ်။ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် စကခ ၂၀ က ဗိုလ်မှူးချုပ်ကိုကိုလွင်ကို KNLA က အထူး သတိပေးလိုက်တဲ့ အကြောင်း တပ်မဟာ ၂ ဌာနချုပ်က နေ ၆ လပတ် တပ်မှူးများအစည်းအဝေးအပြီး ဇွန် ၃ ရက်က ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ လူထုရဲ့ လုပ်ငန်း ခွင်သွားလာရေးနဲ့ ကုန်စည်ရိက္ခာ သယ်ယူပို့ဆောင်ရေးတွေကို စစ်ကောင်စီက နှောင့်ယှက်ဟန့်တား စစ်ဆေး နေတာတွေ ရပ်တန့်ဖို့ကိုလည်း သတိပေးထားပါတယ်။

တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေထဲမှာ ရှိပြီးသားဖြစ်တဲ့ ကေအန်ယူရဲ့ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ ပညာရေး၊ ကျန်းမာ ရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတ ထိန်းသိမ်းကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးတာ၊ တရားစီရင်ရေး၊ သစ်တောနဲ့ လယ်ယာကိစ္စရပ်တွေ၊ အခွန်တော်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်တွေ စတဲ့ ဌာနဆိုင်ရာကိစ္စအဝဝကို စစ်ကောင်စီက ဝင်ရောက်နှောင့်ယှက် စွက်ဖက်တာမလုပ်ဖို့ သတိပေး ထုတ်ပြန်လိုက်တာပါ။ ဒါတွေကို ဆက်လုပ်နေရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို တာဝန်မယူဘူးလို့လည်း ဆိုထားပါတယ်။ ကေအန်ယူနဲ့ စစ်ကောင်စီတပ်တွေ အကြား အခု သီတင်းပတ်တွေအတွင်း မကြာခဏထိတွေ့ ပစ်ခတ်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ http://burmese.d vb.no/ar chives/536630

၂။ ဖရူဆိုတိုက်ပွဲတွင် ဒရုန်းပစ်လက်နက် အပါအဝင် လက်နက်ခဲယမ်းအချို့ ကရင်နီပူးပေါင်းတပ် သိမ်းဆည်းမိ
3 June, 2022

ကရင်နီ (ကယား)ပြည်နယ်၊ ထားလဲနဲ့ နန်းဖဲကျေးရွာအကြား ဇွန် ၂ ရက်က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်ကောင်စီကား တပ်ရဲ့ ကား ၂ စီးကို ဖျက်ဆီးခဲ့ပြီး ဒရုန်းပစ်ချတဲ့လက်နက် အပါအဝင် လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ကရင်နီပူး ပေါင်းတပ်ဘက်က သတင်းထုတ်ပြန်ပါတယ်။ ဖရူဆိုနဲ့ ဖားဆောင်းမြို့နယ်ကို ရိက္ခာသွားပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်း ကို ခြုံခို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးခဲ့သလို အခုလို လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

မေလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီတပ်က ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့နယ်နဲ့ ဖယ်ခုံမြို့နယ် တို့မှာ ထိုးစစ်အရှိန်မြှင့်သလို စစ်ကောင်စီတပ်ဟာ ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ လွိုင်ကော်နယ်စပ်တို့အပြင် ဖယ်ခုံအရှေ့ဘက် ကမ်းတို့ မှာ နယ်မြေစိုးမိုးရေးအတွက် အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ ပင်လောင်းမြို့ နယ် သသာန်ကူး၊ လွန်းကဲနဲ့ ကထန်းရွာသစ်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ PNO တပ်တွေ လှုပ်ရှားနေပြီး ကျေးရွာတွေ အတွင်း နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးတာ၊ ကက်သလစ်မယ်တော်ဂူကို ဖျက်ဆီးခဲ့ကြောင်းလည်း KNDF က သတင်းထုတ် ပြန်ပါတယ်။ http://burmese.dvb.no/archives/536627

၃။ ဖားကန့်တွင် ရေမဆေးသမားတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံရ
3 June 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားပြင်ကျေးရွာတွင် ယမန်နေ့က ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦး သံတိုင်ဖြင့် ထိုးသတ်ခံလိုက်ရကြောင်း ဒေသခံများထံ မှ စုံစမ်းသိရှိရသည်။ ဖြစ်စဉ်သည် ယမန်နေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်း ၉ နာရီအချိန်တွင် ဖားပြင်ကျေးရွာအနီးရှိ မြေစာပုံဟောင်းတစ်ခုအနီးတွင် ရေမဆေးကျောက်ရှာသူ အချင်းချင်း လူမှုရေးကိစ္စ ကြောင့် စကားများရာမှ အခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဖားကန့်ဒေသခံတစ်ဦးက KNG သို့ပြောသည်။ “သူတို့ကမြေစာပုံမှာ တဲစောင့်ရင်းနဲ့ စကားများကြရင်းနဲ့ဖြစ်တာတဲ့။ မြေစာပုံမှာ တဲထိုးတဲ့ကိစ္စတွေနဲ့ အချင်းချင်းစကားများ ထိုးကြရင်းနဲ့ဖြစ်တာ တံတိုင်နဲ့ ထိုးခံရတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

အသတ်ခံလိုက်ရသည့် အမျိုးသားမှာ ဦးသန့်ဇင်ဝင်း အသက် (၃၇)နှစ် ဖားပြင်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး ပြစ်မှုကျူး လွန်သူကိုလည်း အမှုဖွင့်အရေးယူနိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်းသိရသည်။ ဖားကန့်မြို့နယ်အတွင်းတွင် ယခုရက်ပိုင်း လူသတ်မှု မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဇွန်လ ၂ရက်နေ့က နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီး ဇွန်လ ၁ ရက်နေ့ကလည်း မက်လင်ချောင်ကျေးရွာအုပ်ချုပ်ရေးမှူးအပါ ၎င်း၏ ဆွေမျိုးတော်စပ်သူ ၃ ဦး စုစုပေါင်းလေးဦး အသတ်ခံ ခဲ့ရသည်။ https://burmese.kachinnews.com/2022/06/03/jun3-az1/

၄။ ကန်ပက်လက်မြို့တွင် အကြမ်းဖက်စစ်တပ်က ဒေသခံပြည်သူ ကိုကီးတမ် ကိုဖမ်းဆီးပစ်သတ်ပြီး အလောင်းပြန်မပေး
June 3, 2022

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် အကြမ်းဖက် စစ်တပ်က ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်း၌ ဒေသခံ ပြည်သူ ကိုကီးတမ် ကို ဖမ်းဆီး ပစ်သတ်ခဲ့ပြီး မိသားစုများထံ အလောင်း ပြန်မပေးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ကိုကီးတမ်း သည် ကန်ပက်လက်မြို့ပေါ်၌ ဝက်သွားစဥ် အကြမ်းဖက် စစ်တပ်က လက်ကိုင်ဖုန်းအတွင်း CDF ရဲဘော်များ၏ ဓာတ်ပုံကို တွေ့ရှိသည်ဆိုကာ ဖမ်းဆီး ပစ်သတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဇွန်လ တစ်ရက်နေ့က ကိုကီးတမ်ကို ကန်ပက်လက်မြို့နယ် ထွေအုပ်ရုံးနားမှာ စစ်ခွေးတွေ ဖမ်းသွားတယ်။ ဖုန်းထဲမှာ CDF ရဲဘော် ပုံတွေ ပါလို့ ဖမ်းတယ်လို့ သိရတယ်။ စစ်ခွေးတွေက ကိုကီးတမ်ကို ထွေအုပ်ရုံး ခြံထဲကို ဖမ်းခေါ်သွားပြီး ပစ်သတ် လိုက်တာလို့ သိရတယ်။ မိသားစုတွေကိုလည်း အခုထိ အလောင်းလည်း ပြန်မပေးဘူးလို့ သိရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။ ကိုကီးတမ် ဖမ်းဆီးခံရချိန်တွင် မိသားစုဝင်များက လိုက်စုံစမ်းခဲ့ကြောင်း၊ အဆင့်ဆင့် စုံစမ်းပြီးနောက် အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး အဆင့်ရှိသူနှင့် မိသားစုဝင်များ ဖုန်းအဆက်အသွယ် ရရှိခဲ့ကြောင်း၊ အဆိုပါ ဗိုလ်ကြီး အဆင့် ရှိသူက ဖမ်းဆီးခံရသည့် အကြောင်းအရင်းကို ရှင်းပြခြင်း မရှိဘဲ ကိုကီးတမ်ကို ပစ်သတ်လိုက်ပြီဖြစ်ကြောင်း၊ အလောင်းလည်း မြေမြှပ်ဆုတောင်းပေးထားကြောင်းကို လှောင်ပြောင်ပြီး ပြောဆိုခဲ့သည်ဟု သိရသည်။

၅။ စစ်ကောင်စီကို ဝိုင်းဝန်းဖိအားပေးဖို့ ကချင်အမျိုးသမီးများအစည်းအရုံး တောင်းဆို
June 2, 2022

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရပ်သားတွေ ပစ်မှတ်ထားတိုက်ခိုက် ခံရမှုတွေ ရှိနေတဲ့အတွက် စစ်ကောင်စီကို နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးဖို့ ထိုင်းနိုင်ငံ အခြေစိုက် ကချင်အမျိုးသမီးများအစည်းအရုံးက ဇွန်လ ၁ ရက် မနေ့က အစီရင်ခံ စာထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၂ ခုနှစ် ဧပြီလ အထိ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ၄၂ ဦး ဒဏ်ရာရရှိခဲ့သလို ကချင်ပြည် နယ်ကို ရိက္ခာနဲ့ စစ်အင်အားပို့တဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေ တိုက်ခိုက် ခံရလို့ အဲဒီဒေသတွေ မှာ လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်အထိ ပြုလုပ်ခဲ့တဲ့အတွက် အရပ်သား နှစ်ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ခုနစ်နှစ် အရွယ် ကလေး ငယ်တစ်ဦး သေဆုံးမှု အပါအဝင် ခြောက်လ အတွင်း စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု ၁၃ ကြိမ်အတွင်း သေဆုံးသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူ ခုနစ်ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်တယ် ဆိုပြီးစွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူ ၂၃ ဦးရှိခဲ့ပြီး အဲဒီထဲမှာ မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ခုနစ်ဦးကတော့ စစ်ကောင်စီ တပ်သားတွေရဲ့ ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။ ကချင်ပြည်နယ် မိုးမောက်၊ ဖားကန့်နဲ့ ရှမ်းပြည်နယ်မြောက် ပိုင်း နမ္မတူမြို့တွေမှာ စစ်ကောင်စီ တပ်သားတွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုမှု ငါးကြိမ် ရှိခဲ့ပြီး စစ်ကောင်စီ နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ပွဲကြောင့် ရှမ်းပြည် မြောက်ပိုင်း မူဆယ်၊ လားရှိုးနဲ့ နမ္မတူမြို့နယ်တွေမှာ နေရပ်စွန့်ခွာရသူ ၅၇၀၀ ကျော်အထိ ရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ https://www.rfa.org/burme se/news/kachin-women-want-pressure-military-06022022052701.html

၆။ တာချီလိတ် ဗုံးပေါက်ကွဲမှုပါ၀င်သူဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်းကြိုးမိန့်ပေးခံရ
June 2, 2022

သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့လယ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် လူငယ်တစ်ဦး မသေမချင်း ကြိုးမိန့်ပေးခံလိုက်ရကြောင်း သတင်းသိရသည်။ ဇွန်လ ၁ ရက်နေ့တွင် တာချီလိတ်ခရိုင် တရားသူကြီးမှ အမိန့်ချ လိုက်ခြင်းဖြစ် ပြီး အမိန့်မချခင်ကာလမှာ စစ်ကြောရေးအတွင်း ပြင်းထန်စွာ ရိုက်နှက်စစ်ဆေးခံထားရကြောင်းလည်း တာချီလိတ်မြို့မှ ဥပဒေ ပညာရှင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တာချီလိတ်မြို့တပ်ထောက်ခံပွဲတုန်းက မြို့တော်ခန်းမနား ဗုံးပေါက်ကွဲမှု မှာ ပါတယ်ဆိုပြီး စစ်ကောင်စီတွေက စွပ်စွဲချက်တွေနဲ့ဖမ်းသွားတဲ့ ဝ လူငယ်ပေါ့၊ အသက်က ၂၀ ကျော်ပဲ ရှိသေးတယ်၊ မနေ့က တာချီလိတ်ခရိုင် တရားသူကြီးကကြိုးမိန့်ပေးဖို့ အမိန့်ချလိုက်တယ်၊ အယူခံဝင်လည်းမရဘူး”ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲအတွင်း ဖြစ်ပွားသည့် ဗုံးပေါက် ကွဲမှုနှင့် ပတ်သက်ပြီး ပါဝင်သူဟု စွပ်စွဲဖမ်းဆီး ရိုက်နှက်ပြီး ၃ လအကြာတွင် ယခုလို အမိန့်ချခြင်း ခံလိုက်ရကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ လက်ရှိ ကြိုးမိန့်ပေးခံရသူသည် စိုင်းဆိုင်မိန်း ဟု အမည်ရှိပြီး ၎င်းနှင့်အတူ အသက် (၂၁) နှစ် အရွယ်ရှိ တာချီလိတ်မြို့နေ မောင်ထက်လင်းအောင် ကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) အရ ထောင်ဒဏ်

(၇)နှစ် ချမှတ်ခံလိုက်ရကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ မတရားအမိန့်ချမှတ်ခံရသည့် “ဝ” လူငယ် စိုင်းဆိုင်မိန်း နှင့် မောင်ထက်လင်းအောင် တို့အတွက် တရားမျှတမှု ရရှိလာအောင် သက်ဆိုင်ရာ မိသားစုဝင်များနှင့် ဆွေမျိုးများက လိုလားနေ ကြောင်းလည်း နီးစပ်သူများက ပြောသည်။ https://burmese.shannews.org/archives/28454

၇။ AA နဲ့ စစ်ရေးတင်းမာချိန် ကျောက်ဖြူမှာ စစ်ကောင်စီတပ်အင်အား တိုးချနေ
June 2, 2022

အခုရက်ပိုင်းအတွင်း ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား အခြေအနေတွေ တင်းမာလာချိန်မှာပဲ စစ်ကောင်စီရဲ့ ရေငုပ်သင်္ဘောတစ်စင်းနဲ့ စစ်သင်္ဘောတစ်စင်း ရှေ့ဆင့်၊ နောက်ဆင့် ဆိုက်ကပ်လာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ အဲဒီ စစ်သင်္ဘောနှစ်စင်းဟာ ဘင်္ဂလားပင်လယ်ကနေ သံဇစ်မြစ်အတိုင်း ရခိုင်ပြည်နယ်ထဲ ဝင်လာပြီး မေလ ၃၁ ရက်နေ့က ကျောက်ဖြူ အမှတ်(၃) ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ စစ်သင်္ဘောတွေမှာ အမြောက်တွေ တပ်ဆင်ထားသလို အရေးပေါ် စစ်ရဟတ်ယာဥ်တွေ ဆင်းသက်နိုင်တဲ့ကွင်းပါ ပါဝင်တယ်လို့ အမည်မဖော်လိုတဲ့ ကျောက်ဖြူမြို့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။

“မေလ ၃၁ ရက်နေ့က ရေငုပ်သင်္ဘောတစ်စင်းနဲ့ နောက်ထပ် စစ်သင်္ဘောကြီးတစ်စင်း ရောက်တယ်။ သင်္ဘောကြီးမှာ တော့ လေယာဉ်ကွင်း ပါတယ်။ အမြောက်တွေ ပါတယ်။ တော်တော်ကြီးတယ်။ အဲဒီသင်္ဘောကြီးက ကျောက်ဖြူ အမှတ်(၃) ဆိပ်ကမ်းကိုကပ်ပြီး စစ်သားတွေချခဲ့တာ တွေ့ရတယ်။ အင်အားဘယ်လောက်လဲဆိုတာကိုတော့ မသိရဘူး။ ခန့်မှန်းတာက ရာချီ မယ်လို့ထင်တယ်” စစ်သားတွေချပြီးတဲ့နောက် အဲဒီစစ်သင်္ဘောနှစ်စင်းဟာ အခုလက်ရှိ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင် ရေတပ်စခန်းဌာနချုပ် အမှတ် ၉၁၅) ဆိပ်ကမ်းမှာ ရပ်နားထားတာ တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ကတော့ ရခိုင်မှာစစ်ပွဲတွေ ပြန်ဖြစ်ရင် ရခိုင်လူထုပဲ ထိခိုက်နစ်နာမှာမို့ စစ်ပွဲတွေကို နှစ်ဖက် လုံးက ရှောင်ရှားကြဖို့ မနေ့က အစီရင်ခံစာ ထုတ်ပြန်ပြီး တိုက်တွန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့အကြား မေလ အစောပိုင်း ကစလို့ စစ်ရေးတင်းမာနေပြီး မကြာခင် တိုက်ပွဲတွေ ပြင်းထန်လာမှာကို ဒေသခံ တွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေက စိုးရိမ်နေပါတယ်။ https://www.rfa.org/burmese/news/military-forces-incre ase-in-ky aukphyu-06022022054755.html

၈။ ကယားမှာ ဘာသာရေးအဆောက်အအုံနဲ့ လူနေအိမ် တစ်ထောင်ကျော် ဖျက်ဆီးခံထားရ
June 2, 2022

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက် မနေ့ကအထိ စစ်ကောင်စီရဲ့လက်ချက်နဲ့ ဘာသာရေးအဆောက်အအုံ ၂၀ နဲ့ လူနေအိမ်ပေါင်း ၁၀၉၃ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု PKPF- Information Center က ဇွန်လ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကနေ မေလ အထိ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကနေ ကယားပြည်နယ် နန်းမယ်ခုံမြို့၊ သေးဆူလဲရွာ၊ ဒေါငံခါးအထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန်မှာ လမ်းမကြီးဘေးမှာရှိတဲ့ ကျေးရွာအားလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ နေအိမ်မီးရှို့ ဖျက်ဆီးခံလိုက်ရတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရွာပြန်ကြည့်တဲ့သူတွေက ဗီဒီယိုရိုက်ပြီး ပို့လာကြတာလေ။ ကိုယ့်အိမ်တွေလည်း မရှိတော့ဘူး။ အိမ်ဘေးကလူ တွေရော၊ အရှေ့ဘက်ကအိမ်တွေရော ရွာရဲ့ တစ်ဝက်ကျော် ကျော် မီးရှို့ခံလိုက်ရပြီ။ အစက သူများပြောတာ မယုံခဲ့ဘူးပေါ့။ ဗီဒီယိုတွေ တွေ့ရတော့ တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ နန်းမယ်ခုံကနေ ဟိုး ဒေါငံခါးအထိကို အိမ်တွေ မီးရှို့ခံလိုက်ရတာ လမ်းမကြီး ဘေးက ရွာတွေ အကုန်ပါတယ်” တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာကြောင့် သူတို့ရဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာကို အချိန်တစ်လကျော်လောက်အကြာမှ သိခဲ့ရတာလို့ ပြောပါတယ်။ တစ်နှစ်ကျော် အတွင်း တိုက်ပွဲ ပေါင်း ၃၁၈ ကြိမ်နဲ့ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၁၂၃ ကြိမ် ရှိခဲ့တယ်လို့ တိုးတက် သော ကရင်နီပြည်သူ့အင်အားစု PKPF- Information Center ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုက်ပွဲကာလ အတွင်း ပြည်သူ့ကာကွယ်ရေးတပ် KNDF၊ PDF၊ KA က သေဆုံးသူ ၁၂၈ ဦးနဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၁၂၂၇ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ https://www.rfa.org/burmese/news/religious-buildings-and-more-than-one-thou sand-hom

၉။ သထုံတိုက်ပွဲ၌ စစ်ကောင်စီ ဒုတပ်ရင်းမှူး ၁ ဦး သေ၊ ဗိုလ်ကြီး ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦး ဖမ်းမိ
3 June, 2022

မွန်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ သထုံမြို့နယ် ဝီယော်နဲ့ ထုံးဘိုလေးကျေးရွာအနီး ဇွန် ၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတယောက် သေဆုံးပြီး ဗိုလ်ကြီး တယောက်နဲ့ တပ်ကြပ်ကြီး တယောက် အရှင်ဖမ်းမိထားတယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတွေက ပြောပါ တယ်။ မနေ့က ထုံးဘိုလေးကျေးရွာထဲကို စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ဒုတပ်ရင်းမှူးတယောက် စနိုက်ပါထိမှန် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံအရပ်သား တယောက် လက်ထိမှန် ဒဏ်ရာရခဲ့သလို လူနေအိမ်တွေနဲ့ မွေးမြူထားတဲ့ ဝက်၊ နွားတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၉ က ဗိုလ်ကြီး ကျော်ဇင်လတ်နဲ့ ဆေးတပ်ကြပ်ကြီး နိုင်ဦးတို့ကို အရှင်ဖမ်းမိထားတယ်လို့ KUN တပ်မဟာ ၁ ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။ အရှင်ဖမ်းမိထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကိုတော့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ http://burmese.dvb.no/ archives/536673

၁၀။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနဲ့ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနတို့ အကြားတွေ့ဆုံဆွေးနွေးမှုပြုလုပ်
June 3, 2022

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွ တ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အ လက်နဲ့ နည်းပညာဝန်ကြီးဌာနတို့ အကြားတွေ့ဆုံဆွေးနွေးမှုကို ဇွန် ၂ ရက်က ပြုလုပ်ခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေ နဲ့အ တူ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထင်လင်းအောင် ဦးဆောင် တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့ကြတာပါ။

ကြားကာလချင်းပြည်နယ်အတွင်း ဆက်သွယ်ရေး၊ သတင်းအချက်အ လက်နဲ့ မီဒီယာကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက် မယ့်လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်ကြားကာလ ချင်းပြည်နယ်အတွင်း မြို့နယ်တွေရဲ့ လိုအပ်တဲ့ ဆက်သွယ်ရေး၊ လုံခြုံချောမွေမှုရရှိရေးနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေး၊ သတင်း အချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ပံ့ပိုးကူးညီမယ့် ကိစ္စရပ်တွေကို ဆွေး နွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာတွေ့ရပါတယ်။

၁၁။ တရီဖိုးကွီးအလယ်တန်းကျောင်းအား ကော်သူးလေအစိုးရကျောင်းအဖြစ် ပြန်လည်ပြောင်းဖွင့်
June 3, 2022

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဖားအံခရိုင် လှိုင်းဘွဲမြို့နယ်ထဲရှိ တရီဖိုးကွီးအလယ်တန်း ကျောင်းအား ယခင်မြန်မာနိုင်ငံအစိုးရအခြေခံပညာဦးစီးဌာန လက်အောက်ခံကျောင်းမှ ယခုနှစ်တွင် ကော်သူးလေအစိုးရ ပညာရေးဌာန လက်အောက်ခံကျောင်းအဖြစ် ပြန်လည်ပြောင်းလဲဖွင့်လှစ်လိုက်သည်ဟု သိရသည်။ ကော်သူလေအစိုးရ၏ ကရင် ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD)က ပြဌာန်းထားသည့် သင်ရိုးညွှန်းတမ်းကို ပြောင်းလဲအသုံးပြုသင်ကြားပေးနေသည်ဟု လှိုင်းဘွဲမြို့နယ် KECD ပညာရေးမှူး ပဒိုစောလက်စလီငြိမ်း က ပြောသည်။ “ ဒီကျောင်းက ဟိုးအရင်တုန်းကတော့ ကေအဲန်ယူ ကျောင်းပဲ။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးနှစ်ငါးနှစ်တုန်းက မြန်မာအစိုးရ ကျောင်းဖြစ်သွားတယ်ပေါ့။ ပြီးတော့ ကိုဗစ်ရောဂါ အခြေ အနေနဲ့ စစ်အာဏာသိမ်းတဲ့ အခြေအ နေကြောင့် ကလေးတွေက ၂ နှစ်ကျောင်းမတက်ရဘူး။ ကလေးတွေက ကျောင်းမတက်ရ တာကြာတော့ ဒေသခံတွေနဲ့ ကျနော်တို့ ပြန်တိုင်ပင်ပြီး ကျနော်တို့ကော်သူးလေ ကျောင်းအဖြစ်ပြန်ယူပြီး ကျောင်းပြန် ဖွင့်ပေး တာပေါ့ ” ဟု ကေအိုင်စီသို့ပြောသည်။

ကော်သူးလေအစိုးရ ပညာရေးဌာနလက်အောက်ခံကျောင်းပြန်လည်ဖွင့်လှစ်သည့်အတွက် သင်ကြားမည့် ဘာသာရပ် အားလုံးသည် မြန်မာစာဘာသာရပ်မှလွဲ၍ ကျန်သည့် ပထဝီ၊ သင်္ချာ၊ သမိုင်း၊ သိပ္ပံဘာသာရပ်များမှာ ကရင်နှင့် အင်္ဂလိပ် ဘာသာဖြင့်သာသင်ကြားပေးသည်ဟု ပဒိုစောလက်စလီငြိမ်းက ဆက်ပြောသည်။ ယခုနှစ်ပြန်လည်ဖွင့်လှစ်သည့် တရီဖိုးကွီး အလယ်တန်းကျောင်းတွင် ကျောင်းသားဦးရေ (၁၄၇) ဦးအား ကျောင်းဆရာ(၂)ဦးနှင့် ကျောင်းဆရာမ (၇)ဦးတို့က သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး တရီဖိုးကွီးကျေးရွာအပြင် အနီးအနားရှိ ကျေးရွာများမှ ကျောင်းသူကျောင်းများလည်း လာရောက်ကျောင်း တက်ကြသည်ဟု အဆိုပါ လှိုင်းဘွဲမြို့နယ် ပညာရေးမှူးက ပြောသည်။ ယခုနှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှင့်တွင် ကေအဲန်ယူ လှိုင်းဘွဲမြို့နယ်၌ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန လက်အောက်ခံ စာသင်ကျောင်းပေါင်း ၃၈ ကျောင်းရှိပြီး ကျောင်းတိုင်း လိုလိုတွင် ယခင်နှစ်များထက် ကျောင်းသားဦးရေ တိုးလာသည်ဟု သက်ဆိုင်ရာမြို့နယ် ပညာရေးဌာန တာဝန်ရှိသူထံမှ သိရသည်။ https://kicnews.org/2022/06/%e1%80%90%e1%80%9b%e1%80%ae%e1%80%96%e1 %80%af%e1%

၁၂။ မြောက်ဦးနန်းတော်ကုန်းပေါ်ရှိ ရှေးဟောင်းရုပ်ထုနှစ်ခု ဖျက်ဆီးခံရ
June 2, 2022

မြောက်ဦးမြို့၊ နန်းတော်ကုန်းပေါ်ရှိ မြောက်ဦးခေတ်လက်ရာ ရုပ်ထုနှစ်ခု ဇွန်လ ၁ ရက်နေ့ ညနေပိုင်းက ဖျက်ဆီးခံထား ရသည်ကိုတွေ့ရှိခဲ့ရသည်ဟု ဒေသခံများကပြောသည်။ ဖျက်ဆီးခံရသည့် ရုပ်ထုများတွင် ဓက္ကားမင်း(ခေါ်) အဖိုးရှင်နတ်မောင်နှင့် မြောက်ဦးနန်းသူဂမှုံးဖြူရုပ်ထုများဖြစ်ကြပြီး မျက်စိများကိုဖောက်ထုတ်ခြင်း၊ နှာခေါင်းနှင့်မျက်နှာများကို ဖျက်ဆီးထားခြင်း များကို တွေ့မြင်ခဲ့ရသည်ဟု ဒေသခံ ကိုခိုင်မင်းသျှင်က ပြောသည်။ ထိုကဲ့သို့ဖျက်ဆီးခြင်းမှာ မည်သူတို့၏လက်ချက်ဖြစ်သည်ကို မသိရှိရသေးပေ။ ထိုကဲ့သို့ ဖျက်ဆီးခံရလိုက်ရခြင်းမှာ ရှေးဟောင်းအမွေအနှစ်များ အချိန်မရွေးဖျက်ဆီးခံရနိုင်သည့်သဘော သက်ရောက်နေသည်ဟု မြောက်ဦးအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

“ဒီလိုဖျက်ဆီးခံရတာဟာ မြောက်ဦးမြို့မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ အချိန်မရွေးဖျက်ဆီးလို့ရတယ်။ ဖျက်ဆီးနိုင်တယ်ဆိုတာကို ပြသနေခြင်းတစ်ခုပဲ။ ဒါကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေဟာ ခြိမ်းခြောက်မှုပေါင်းစုံရှိတယ်ဆို တာကို ဖော်ပြနေခြင်းဖြစ်တယ်“ဟု ၎င်းကဆိုသည်။ အဆောက်အအုံဆောက်လုပ်ပြီး စနစ်တကျထိန်းသိမ်းစောင့်ရှောက် ထား သည့် အဆိုပါရုပ်ထုနှစ်ခု ဖျက်ဆီးခံလိုက်ရခြင်းမှာ မလုံခြုံမှုများကြောင့်ဖြစ်သည်ဟု ၄င်းကဆက်လက်ပြောသည်။ “ဂေါပက, က ထိန်းထားတာမဟုတ်ဘူး။ နန်းတော်ကုန်းပေါ်မှာ ရုံနဲ့ထိန်းသိမ်းထားတာ။ အဲဒီနေရာမှာ အခုလိုဖျက်ဆီးခံလိုက်ရတာ။ အဲဒီစနစ် တကျထိန်းထားတဲ့ကြားထဲကမှ ဖျက်ဆီးတာခံလိုက်ရတယ်။ အစောင့်မရှိပဲနဲ့ ရုံနဲ့ထိန်းသိမ်းထားတဲ့ ရှေးဟောင်းဝတ္တု ပစ္စည်းဖျက် ဆီးခံလိုက်ရတယ်။ တစ်မြို့လုံးမှာ ရှေးဟောင်းဝတ္တုပစ္စည်းတွေက ပြန့်ကြဲပြီးတည်ရှိနေတာလေ။ မလုံခြုံလို့ ဖျက်ဆီးခံလိုက်ရ တယ်ပေါ့။ အဲလိုပဲပြောရမှာပဲ”ဟု ၎င်းကဆိုသည်။

၁၃။ အစိုးရအခြေခံပညာကျောင်းသားများ ပြောင်းရွှေ့လာကြသဖြင့် မွန်အမျိုးသားကျောင်းများတွင် နေရာမလုံလောက်မှု ဖြစ်လာ
June 3, 2022

မွန်အမျိုးသားပညာရေးဋ္ဌာနအောက်ရှိ မွန်အမျိုးသားအထက်တန်းကျောင်းများသို့ အစိုးရအခြေခံ ပညာကျောင်းသား များ အရေအတွက်များစွာပြောင်းရွှေ့လာကြသဖြင့် ယခင်နှစ်ထက် ကျောင်းသားဦးရေ ၂ ဆ ပိုတိုးလာပြီး စာသင်ကြားဆောင်၊ နားနေဆောင်နှင့် စားသောက်ရေး အပါအဝင် နေရာမလုံလောက်မှု ပြဿနာ ဖြစ်ပေါ်လာကြောင်း သိရသည်။ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေရှိ ဝင်္ကဘာ မွန်အမျိုးသားအထက်တန်းကျောင်းတွင် ဒေသခံကျောင်းသား များသာမက ရေး၊ သံဖြူသဇရပ်၊ မုဒုံ၊ ကော့ကရိတ်နှင့် ကျိုက်မရောမှ ကျောင်းပြောင်း၍ လာရောက်အပ်နှံကြကြောင်း အဆိုပါ အထက်တန်းကျောင်းအုပ် ဆရာကြီးက ပြောသည်။ “ကျောင်းသားဦးရေရဲ့ ထက်ဝက်ကျော်လောက်က အစိုးရကျောင်းက ပြောင်းလာတဲ့ ကလေးတွေဖြစ်နေတယ်၊ မိဘတွေက မနှစ်ကလို ကျောင်းတစ်ဝက်ပျက်ဖြစ်သွားမှာ စိုးရိမ်တာရယ်၊ နိုင်ငံရေး ခြေအနေတွေကြောင့်လည်း ပါမယ်ထင်တာပဲ၊ ကျွန်တော်တို့ဆီမှာ ကျောင်းသားဦးရေ လိုတာထက် ပိုလာတော့ အရမ်းကို ကြပ်တည်းသွားတာပဲ” ဟု ကျောင်းအုပ် ဆရာကြီးက ပြောသည်။ အလားတူ ရေးမြို့နယ်၊ အံဒင်ကျေးရွာ မွန်အမျိုးသားအထက်တန်းကျောင်းတွင်လည်း နေရာအခက်အခဲ ဖြစ်လာမည့် အနေအထားရှိနေသောကြောင့် ကျောင်းသားသစ်များကို လက်မခံတော့ဘဲ ကျောင်သားဟောင်းများသာ ဆက်လက်လက်ခံသွား မည်ဖြစ်ကြောင်း အံဒင်အထက ကျောင်းအုပ်ဆရာကြီးက ပြောသည်။

“နေစရာ နေရာတွေမှာ အားလုံးပြည့်နေပြီ၊ စာဖြေထားတဲ့ ၁၀ တန်းသမားတွေ အောင်စာရင်းထွက်လာတဲ့အခါ ကျမယ့်ကျောင်း သားတွေ ကျောင်းပြန်နေရမှာလည်းရှိပြန်တော့ နေရာမ လောက်မှာစိုးလို့ ကျောင်းလည်း စဖွင့်ပြီးဖြစ်တဲ့အတွက် ကျောင်းသား သစ် လက်ခံမယ့်စာရင်းကိုတော့ ပိတ်လိုက်ပါပြီ၊ တစ်ခု အဆင်ပြေစရာ ရှိတာက လမိုင်းမြို့မှာလည်း တွဲဖက်အထက်တန်း (မွန်အမျိုးသားကျောင်း) စဖွင့်လိုက်တော့ အနီးအနားကျေးရွာတွေမှာရှိတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေသွား လိမ့်မယ် လို့ထင်တာပဲ”ဟု ၄င်းက ပြောသည်။ MNEC လက်အောက်တွင် အထက်တန်းလွန် Post-10 ကျောင်း၊ မွန်အမျိုးသား အထက် တန်းကျောင်း ၃ ကျောင်းနှင့် တွဲဖက်အထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်း ၁၈ ကျောင်းနှင့် မူလတန်းကျောင်းများ အပါအဝင် စာသင်ကျောင်း ၁၄၀ နီးပါး၊ ကျောင်းသားဦးရေ ၂ သောင်းခန့်နှင့် ပညာရေးဝန်ထမ်း ၈၀၀ ဝန်းကျင်ရှိသည်။ https://burmese.monnews.org/2022/06/03/%e1%80%a1%e1 %80%85%e1%80%ad%e1%80%af%e1%80%b8%e1

၁၄။ ၂ နှစ်ခန့်ကြာတရားရင်ဆိုင်နေရသည့် တောင်ကုတ်ဒေသခံ ၆ ဦးအမှုတွင် တရားလိုသက်သေများမရောက်ရှိ၍ ရုံးချိန်းထပ်ရွှေ့
June 3, 2022

ရခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရ သည့် တောင်ကုတ် ဒေသခံ ၆ ဦး၏အမှုတွင် တရားလိုသက်သေများမရောက်ရှိ၍ ရုံးချိန်းထပ်ရွှေ့လိုက်ရကြောင်း ရှေ့နေထံမှ သိရသည်။ အဆိုပါအမှုမှ တရားလိုဖြစ်သည့်စစ်တပ်အရာရှိများမှာ ရုံးချိန်းလာရောက်နိုင်ခြင်းမရှိ၍ (ဇွန်လ ၂ ရက်)က video conferencing စစ်ဆေးရန် ရုံးချိန်းခဲ့သော်လည်း မစစ်ဆေးနိုင်ခဲ့ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ညို က ပြောသည်။ “လိုပြ သက်သေတွေက စစ်တပ်အရာရှိတွေဖြစ်တဲ့အတွက် မလာနိုင်ကြလို့ သူတို့ရောက်နေတဲ့နေရာကနေ Video Conferencing နဲ့စစ် ဆေးဖို့ တရားရုံးကလုပ်ပေးထားတယ်။ ဒီတစ်ခေါက်တော့ တရားလိုတွေမှာ အခက်အခဲရှိတဲ့အတွက် မစစ်လိုက်ရဘူး။ နောက်ထပ်ရုံးချိန်းမှာစစ်ဖို့ ထပ်ချိန်းထားတယ်”ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေကဆိုသည်။

တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ပေါက်ကျေးရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း(ခ)ငမော့၊ ကိုဌေးမောင်၊ မအီမြို့မှ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်တို့ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် AA နှင့်ဆက်စပ် သည်ဟုဆိုကာ မြန်မာစစ်တပ်ကဖမ်းဆီးခဲ့သည်။ ၎င်းတို့ ၆ ဦးကို အနောက်တောင်တိုင်းစစ်ဌာနချုပ် ခလရ(၂၇)မှ အရာရှိ တစ်ဦး နှင့် ခလရ(၅၁)မှအရာရှိတစ်ဦးတို့က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ဈ)၊ ၅၀(ည)တို့နှင့် တရားစွဲဆိုထားသည်။ လက်ရှိမှာ တောင်ကုတ်ဒေသခံ ၆ ဦး အမှုရင်ဆိုင်နေရသည်မှာ ၂ နှစ်ခန့်ကြာမြင့်လာပြီဖြစ်သော်လည်း တရားလိုသက်သေများကိုစစ်ဆေးမှု မပြီးပြတ်သေးဘဲ တရားလို ၂ ဦး၊ အမှုစစ် ၁ ဦးနှင့် လိုပြသက်သေ ၁ ဦးတို့ စစ်ဆေးရန်ကျန်ရှိ နေသေးကြောင်း ရှေ့နေထံမှ သိရသည်။

၁၅။ ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ သေနတ်ပစ်
June 3, 2022

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်တစ်ခုရှေ့၌ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် က အသက် (၅၀) အရွယ်ရှိ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ထိုသေနတ် ပစ်ခတ်ခံရသည့် အမျိုးသားကို ကွတ်ခိုင်မြို့ ပြည်သူ့စစ်မှ ငွေကျပ် (၁၀) သိန်း ပေးဆောင်ခဲ့သော်လည်း ဆေးကုသရန် ခက်ခဲနေသေးကြောင်းသိရသည်။ လွန်ခဲ့သည့် မေလ (၂၇) ရက် ည (၇) နာရီဝန်းကျင်က ညစာစားပြီး ဦးလိဖာရှင်သည် ၎င်း သူငယ်ချင်းနှင့် အပြင်သွားစဥ် ကွတ်ခိုင်မြို့တွင်းရှိ ဂိမ်းဆိုင်တစ်ခုရောက်သွားပြီး သေနတ်ပစ်ခံလိုက်ရကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။

“ အခုက လားရှိုးဆေးရုံမှာဆေးကုနေတယ်။ သူ့ခြေထောက်ကို ခွဲစိတ်ရမယ်တဲ့။ ပြီးတော့ စတီးထည့်ရမယ်တဲ့။ ပိုက်ဆံက မရှိတော့ ဆရာဝန်ကလည်း မခွဲစိတ်ပေးသေးဘူး။ ပိုက်ဆံအရင်သွင်းမှ ခွဲစိတ်ပေးမယ်တဲ့။ ပြည်သူ့စစ်ကတော့ (၁၀) သိန်းပေးပါတယ်။ ဒါမယ့် မလောက်ဘူး။ ကျမတို့ ပိုက်ဆံလည်း ကုန်တယ်။ ဒီကိုရောက်တာ (၈) ရက်လောက်ရှိနေပြီ။ သူ( ဦးလိဖာရှင်) လည်း အရမ်းကို နာကျင်နေတယ်” ဟု ဦးလိဖာရှင် ၏ မိသားစုဝင်တစ်ဦးက ပြောသည်။ ထိုငွေလာပေးချိန် တွင်လည်း ပြည်သူ့စစ်က ဆေးရုံပေါ် ခြိမ်းခြောက်ပြီး ရန်စသေးကြောင်း မိသားစုထံမှ သိရသည်။ “ သူတို့ကို ကျမက ခေါ်လာ တယ်လေ။ ကွတ်ခိုင်ဆေးရုံမှာလာကြည့်တုန်းကဆိုရင် ရန်ဖြစ်ဖို့ခေါ်သေးတယ်။ “ ချမလားချမလား” လို ခေါ်ချနေသေးတယ်။ သူတို့ လျော်ကြေး အနေနဲ့ ပိုက်ဆံတော့လာပေးသွားပါတယ်” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။ https://burmese.s hannews.org/archives/28460

၁၆။ KNU တပ်မဟာ (၅)တွင် တစ်လအတွင်း တိုက်ပွဲပေါင်း ၃၀၀ ကျော်ဖြစ်ပွားပြီး တပ်ရင်းမှူးနှစ်ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ကျော်ကျဆုံး
June 2, 2022

KNU-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) ဒေသတွင် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့များအကြား မေလတစ်လတာအတွင်း တိုက်ပွဲအကြိမ်ပေါင်း ၃၄၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ဘက်မှ တပ်ရင်းမှူးနှစ်ဦး အပါအဝင် ၁၀၀ ကျော် ကျဆုံးခဲ့သည်ဟု KNU တပ်မဟာ(၅)ဘက်က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်မေလတစ်လအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း (၃၄၀)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဘက်မှ တပ်ရင်းမှူး နှစ်ဦးအပါအဝင် ၁၄၃ ဦးသေဆုံးပြီး ၁၀၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA ဘက်မှ တစ်ဦးကျဆုံးပြီး ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ KNU၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၌လည်း မေလ တစ်လတာကာလတွင် စစ်ကောင်စီ၊ နယ်ခြားစောင့် တပ်(BGF)နှင့် KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တိုက်ပွဲတွင် စစ်ကောင်စီဘက် ၇၁ ဦးသေဆုံးပြီး ၅၃ ဦးထိခိုက် ဒဏ်ရာရရှိ ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ အဆိုပါ နှစ်ဖက်တိုက်ပွဲပေါင်း ၄၁ ကြိမ်တွင် စစ်ကောင်စီဘက်မှ အသုံးပြုသည့် စစ်ကား ၅ စီး ပျက်စီးသွားကြောင်း နှင့် KNLA ပူးပေါင်း တပ်ဖွဲ့ဘက်တွင်မူ ၂ ဦးကျဆုံးကာ ၁၁ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ https://kicnews.org/2022/06/knu-%e1%80%9 0%e1 %80%95%e1%80%ba%e1%80%99%e1%80%9f%e1%80%ac

၁၇။ နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ရိုက်နက်ထားသည့် ဒဏ်ရာများဖြင့်သေဆုံးနေ
2 June 2022

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် နတ်မှော်ကျေးရွာအုပ်ချုပ်ရေးမှူးကို လက်နောက်ပြန်ကြိုးတုပ်ကာ ရိုက်နက်ထားပြီး ဒဏ်ရာများဖြင့်သေဆုံးနေသော ရုပ်အလောင်းကို ယနေ့ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံ မှသိရသည်။ သေဆုံးနေသော အုပ်ချုပ်ရေးမှူး၏ ရုပ်အလောင်းအား ဇွန်လ ၂ ရက်နံနက်ပိုင်း ၈နာရီခန့်အချိန်တွင် ဆိုင်းတောင်ရွာအထွက် ရွာဟောင်းနား တစ်နေရာ တွင်တွေ့ရှိခဲ့ကြောင်း အလောင်းကို ဆေးရုံပို့ပေးခဲ့သည့် လူမူကူညီရေးအသင်းမှ သိရသည်။ “ကျွန်တော်တို့သွားပို့ပေး တာကတော့ နတ်မော်နဲ့တော့ဝေးတယ် ဆိုင်းတောင်အထွက် ရွာဟောင်းနားမှာဗျဆိုင်းတောင်ရှေ့ မှာရွာဟောင်းရှိတယ် လက်တွေကိုလည်းကြိုးနဲ့သုတ်ထားတယ် မျက်နာကိုလည်းတိပ်နဲ့ပတ်ထားတယ်”ဟု ၎င်းကပြောသည်။

သတ်ခံထားရသည့် နတ်မော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာဗြဲသည် အသက် (၅၅) နှစ်ရှိပြီး ရိုက်နက်ထားသည့် ဒဏ်ရာ များ ဖြင့်သေဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာမတွေ့ရှိရပဲ ရိုက်နက်ဒဏ်ရာများအပြင် လက်မောင်းကျိုး နေသည်ကိုလည်းတွေ့ရှိရကြောင်း လူမှုကူညီရေးအသင်းများမှသိရသည်။ အုပ်ချုပ်ရေးမှူး၏ရုပ်အလောင်းကို ဖားကန့်ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး ယခုညပိုင်းတွင် ၎င်း၏နေအိမ်တွင်ပြန်သယ်ယူသွားပြီဖြစ်ကြောင်းသိရသည်။ https://burmese.kachinn ews.com/2022/06/02/jun2-az3/

၁၈။ ဖာပွန်မြို့မှ သျှမ်းစာ/ယဥ် ဦးဆောင်သူ သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ
June 3, 2022

ကရင်ပြည် ဖာပွန်မြို့နယ် ငါးအိမ်စုကျေးရွာ(သျှမ်းရွာ)တွင် နေထိုင်သည့် သျှမ်းစာပေနှင့် ယဥ်ကျေးမှု အဖွဲ့ ဦးဆောင်သူ တစ်ဦး သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းခံလိုက်ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် မေလ ၃၁ ရက် ည ၅ နာရီခွဲဝန်းကျင်တွင် နေအိမ်အတွင်းရေကန်ဆေးနေသည့် ကရင်ပြည် သျှမ်းစာ/ယဥ် ဦးဆောင်သူဖြစ်သည့် လုံးစိုင်းဝင်းအောင်ကို လက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှ စနက်ဘာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ကရင်ပြည် သျှမ်းတိုင်းရင်းသားရေးရာ စိုင်းစံ(ခ) ကျောက်ဝ်ဆိုင်မိန်း က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တွေ့ရတဲ့ ကျည်ဆံအရဆိုရင် စနက်ဘာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရ တာပါ၊ သူကအများအကျိုး ရပ်ရွာအကျိုးနဲ့ သျှမ်း စာ/ယဥ် အဖွဲ့အစည်းကြီးအတွက် ကိုယ့်အိတ်စိုက်နဲ့ကိုယ် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တဲ့လူပါ၊ ဘာကြောင့် အခုလို အသတ်ခံလိုက်ရလဲ မသိဘူး” ဟု ၎င်းအမျိုးသားက ပြောပြသည်။

သေနတ်ပစ်သတ်ခံလိုက်ရသည့် လုံးစိုင်းဝင်းအောင် သည် ငါးအိမ်စုကျေးရွာတွင် မိသားစုများနှင့်အတူနေထိုင်ကာ စိတ်ထားကောင်းသူ တစ်ယောက်ဖြစ်ကြောင်း ဒေသခံများကပြောသည်။ လုံးစိုင်းဝင်းအောင်သည် အိမ်ဝန်းအတွင်းရှိ အုတ်ရေကန်ကို ဆေးကြောနေစဥ်တွင် နောက်ဘက်ကနေ ပစ်ခတ် လိုက်သည့် သေနတ်ကျည်ဆန်က အရှေ့ဘက် မျက်နှာအထိ ဖောက်ထွက်သွားပြီး သေဆုံးသွားခဲ့ ရကြောင်း နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “လက်ရှိ ကျန်နေတဲ့ မိသားစုဝင်တွေကလည်း သူတို့ပါ လုပ်ကြံခံရမလားဆိုပြီး စိုးရိမ်နေရပါတယ်၊ တရားဥပဒေ စိုးမိုးမှု မရှိတော့ နီးရာဓားကို ကြောက်နေရတဲ့ အနေအထားပေါ့၊ ကျနော်တို့ ဖာပွန်ဒေသက သျှမ်းလူမျိုးတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ခဏခဏကြုံရတယ်၊ လုပ်တဲ့တရားခံကို သိရင်တောင် မပြောရဲတဲ့ ချုပ်ခြယ်ခြိမ်းခြောက်မှု ကြုံနေရ တယ်” ဟု ၎င်းက ပြောသည်။ https://burmese.shannews.org/archives/28463

၁၉။ အငူမော်-ဘူးသီးတောင်ကားလမ်းရှိ လမ်းပိုင်းနေရာအချို့ ပျက်စီးနေ၍ ဒေသခံများသွားလာရေး အခက်အခဲဖြစ်
June 3, 2022

ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရသေ့တောင်မြို့နယ် အငူမော်မှ ဘူးသီးတောင်မြို့သို့ ဆက်သွယ်ထား သည့် ကားလမ်းမှာ ဆိုးဝါးစွာပျက်စီးနေသဖြင့် ခရီးသည်များနှင့် ယာဉ်မောင်းများ သွားလာရာတွင် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ အဆိုပါလမ်းမှာ မယူတောင်အရှေ့ဘက်ခြမ်းရှိ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့မှ ရွာပေါင်း ၆၀ ခန့်တို့မှ ဒေသခံများ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသည့်ကဏ္ဍများတွင် အရေးပါသည့်လမ်းဖြစ်သည်။ ရသေ့တောင် မင်းဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းထွန်းက “ဒီလမ်းမှာ အခုဆိုရင် ကား၊ဆိုင်ကယ်တွေ သွားလို့မရအောင် ပျက်စီးနေတဲ့အတွက် အားလုံးကအခက်အခဲဖြစ်နေပါတယ်။ အဲလမ်းကို မိုးမကျမီပြုပြင်ပေးဖို့အတွက် ကျနော်တောင်းဆိုပါ တယ်”ဟု DMG သို့ပြောသည်။

အဆိုပါလမ်းကို သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပြုပြင်ပေးဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ စာတင် တောင်းဆိုထားသော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း ဦးစိုးဝင်းထွန်းကဆိုသည်။ အဆိုပါလမ်းကို ရသေ့တောင်မြို့ နယ် အငူမော်မှ ဘူးသီးတောင်မြို့အထိ ရခိုင်ရွာပေါင်း(၄၀)၊ မွတ်ဆလင်ရွာပေါင်း (၁၀)ကျော် အားထားနေရခြင်းဖြစ်သည်။ စုစုပေါင်းလမ်းအရှည် မိုင် ၅၀ ခန့်ရှိကာ ယင်းအထဲမှ လောင်းချောင်း-အငူမော် ကွန်ကရက် ၆ မိုင်ကျော်နှင့် ဘူးသီးတောင်မှ-သပိတ်တောင် ၆ မိုင်ခန့်မှာ ကွန်ကရက်လမ်းဖြစ်ပြီး ကျန်သည့်လမ်းပိုင်းမှာ ကျောက်ချောလမ်းအဆင့်သာရှိနေကာ လက်ရှိမှာ ကျောက်ချောလမ်းနေရာများမှ ပျက်စီးနေခြင်းဖြစ်သည်။ “လမ်းက ကောင်းကွက် ဘာတစ်ခုမှမရှိတော့တာပါ။ ဆိုင်ကယ်နဲ့ သွားလို့မရလို့ ကျနော်ဒီနေ့လာတာတောင် ကားငှားပြီးလာခဲ့ရတယ်။ အမြဲတမ်း ကားနဲ့သွားနေဖို့ကလည်း ငွေကြေးထည့်တွက် ရသေးတယ်။ ဆိုင်ကယ်နဲ့သွားတဲ့နေ့ဆို ချောက်ထဲကျသွားရင်ပြန်တွန်းတင်ရတယ်။ အဲလိုဆိုရင် အဝတ်အစားတွေက ရွံ့တွေ ပေပြီး ရစရာမရှိကိုဖြစ်သွားတယ်”ဟု သူကဆိုသည်။

၂၀။ မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဘာသာရေးဖိနှိပ်မှု အမေရိကန်ထုတ်ပြန်
June 2, 2022

မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မနေ့ ပြောကြားလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြောကြားလိုက်တာပါ။ “တရားရေး သုံးသပ်ချက်အရပ်ရပ် အထောက်အထားတွေပေါ် အခြေခံပြီး မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်စလင်တွေကို ၂၀၁၇ တုန်းက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ မတ်လတုန်းက ကျွန်တော်သတ်မှတ်ခဲ့ပါတယ်” “မကြာခင်နှစ်ပိုင်းတွေမှာ တရုတ်နဲ့ မြန်မာနိုင်ငံ မှာ ဘာသာရေးအရ လူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု နှစ်မှုတွေ့ပါတယ်” တချို့နိုင်ငံတွေမှာ ဘာသာရေး လွတ်လပ် ခွင့်သိသိသာသာ တိုးတက်ပေမယ့် တချို့နိုင်ငံတွေမှာ ဖိနှိပ်ခံရတဲ့အကြောင်း မြန်မာနိုင်ငံကို ဥပမာပေးပြောကြား တာပါ။ ဘာသာရေး ယုံကြည်ချက်ဟာ လူတစ်ဦးချင်းစီရဲ့ အခြေခံအခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက အရပ်ဘက်အဖွဲ့စည်း ခေါင်းဆောင်တွေ၊ ဘာသာရေးအဖွဲ့ဝင်တွေ၊ လူနည်းစုတိုင်းရင်းသားတွေ အပါ အဝင်အားနည်းတဲ့ အသိုင်းအဝိုင်းတွေဟာ အလွန့်အလွန်ရက်စက်မှုနဲ့ တခြားဖိနှိပ်ခံရမှုနဲ့ ရင်ဆိုင်ရပြီးသားလည်း ဖြစ်တယ် လို့ Rashad Hussain က ပြောပါတယ်။ တချို့ အစိုးရတွေဟာ နိုင်ငံသားတွေရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်နေတာမို့ အမေရိကန်အစိုးရက ပိုမိုဆောင်ရွက်ရမယ်ဆိုတာ အစီရင်ခံစာက ထောက်ပြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားပါတယ်။ https://www.rfa.org/burmese/news/state-department-religious-freedom-report-06022022150958.html

၂၁။ ကုန်ကြမ်းပစ္စည်းများ စျေးကြီးသောကြောင့် ရခိုင်ရက္ကန်းလုပ်ငန်းရှင်များ အခက်တွေ့နေ
June 3, 2022

စစ်အာဏာသိမ်းပြီးနောက် ကုန်စျေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လျက်ရှိရာ ရက္ကန်းထည်လုပ်ငန်းတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများမှာလည်း စျေးနှုန်းမြင့်တက်နေသောကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်တွေ့နေကြသည်ဟု သိရသည်။ ရက္ကန်းလုပ်ငန်းအတွက် ကုန်ကြမ်းပစ္စည်းများကို နိုင်ငံခြားကမှာယူရပြီး ဒေါ်လာဈေးမြင့်တက်မှုများကြောင့် ကုန်ကြမ်းဈေးနှုန်း မှာလည်း မြင့်တက်နေကြောင်း စစ်တွေမြို့နယ်ရှိ ရွှေကျားရခိုင်ရက္ကန်းထည်လုပ်ငန်းပိုင်ရှင် ဒေါ်မအေးက DMG သို့ပြောသည်။ “ကုန်ကြမ်းပစ္စည်းတွေက အိန္ဒိယကထုတ်တဲ့ ချည်တွေကိုသုံးတယ်။ ဒါပေမယ့် အိန္ဒိယကတိုက်ရိုတ်မဝယ်ယူနိုင်တော့ မုံရွာတို့၊ မန္တလေးတို့ဘက်ကတဆင့် ဝယ်သုံးတယ်။ ကိုဗစ်ကာလနဲ့စာရင်တော့ ရောင်းအားရှိပါတယ်။ ဒါပေမယ့်လည်း ကုန်ကြမ်းတွေကို ဈေးကြီးပေးဝယ်နေရတော့ ရက္ကန်းစင် ၁၀၀ ကျော်မှာ ၁၀ ကျော်လောက်ပဲ လည်ပတ်နိုင်သေးတယ်”ဟု ၄င်းကဆိုသည်။

“နှစ်တစ်ရာချည်ဆို တစ်သိန်းတစ်သောင်းစျေး၊ နှစ်ရှစ်ဆယ်ချည်ဆို ရှစ်သောင်းစျေးရှိတယ်။ ၂၀၁၅ ခု၊ ၂၀၁၆ ခုနှစ် လောက်ဆို ရင် နှစ်ရှစ်ဆယ်ချည်ကို သုံးသောင်းစျေးပဲရှိတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ စျေးတွေ တဖြည်းဖြည်း တက်လာ တာ”ဟု ဒေါ်မအေးကဆိုသည်။ စစ်တွေမြို့နယ် ဝါဘိုကျေးရွာတွင်လည်း လက်ရက္ကန်းလုပ်ငန်းလည်ပတ်နိုင်ရေး အတွက် အခက်အခဲများနှင့်ရင်ဆိုင်နေကြရကြောင်း စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတွငိ လက်ရက္ကန်းလုပ်ငန်းလုပ်ကိုင်သူ မကျော့ကျော့ဦး က DMG သို့ပြောသည်။

၂၂။ နောင်ချိုမြို့ ဂုတ်ထိပ်တံတားအောက်တွင် ဒေသခံတစ်ဦးက မိုင်းနင်းမိ
June 3, 20220

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဂုတ်ထိပ်ကျေးရွာနေထိုင်သည့် အသက် (၄၈) နှစ်အရွယ် အမျိုးသားတစ်ဦး ကျွဲသွားကျောင်းရာမှ မိုင်းနင်းမိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇွန် ၃ ရက် နေ့လည် ၁ နာရီဝန်းကျင်တွင် ဂုတ်ထိပ်တံတား အောက် မိုင်းဆွဲထားသည့်နေရာကို ကျွဲသွားကျောင်းသည့် အသက် (၄၈) နှစ် အရွယ်ရှိ ဦးစိန်ဝင်းသည် မိုင်းနင်းမိရာ ဒူးပြတ် သွားကြောင်း နောင်ချို ပရဟိတ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့ဒီတံတားအောက်မှာ မိုင်းဆွဲထား တယ်။ တံတားလုံခြုံရေးဆိုပြီးတော့ မိုင်းဆွဲထားတယ်။ သူ့ကျွဲအထဲဝင်သွားတော့ ကျွဲကိုသွားဆွဲရင်း မိုင်းနင်းမိသွားတာ။ ဒူးအောက်ပိုင်း ပြတ်ရှပြီး ဒဏ်ရာရသွားတယ်” ဟု နောင်ချိုမြို့နယ် ပရဟိတ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိ ထိုမိုင်းနင်းမိသည့် ကျွဲကျောင်းကို နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။ ထိုဂုတ်ထိပ်တံတားအောက်တွင် မကြာခဏ မိုင်းနင်းမိသူများ ရှိကြောင်း ဒေသတွင်း ပရဟိတ ပြောပြချက်အရ သိရသည်။

၂၃။ လယ်ကွင်းတွင် ရေတင်ကျန်မှုများကြောင့် ပေါင်မြို့နယ်မှ စပါးကြဲခင်းများပျက်ဆီး

June 2, 2022

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် မိုးများဆက်တိုက်ရွာသွန်းပြီး လယ်ကွက်များအတွင်း ရေတင်ကျန်ခဲ့သောကြောင့် ကြဲထားသော မျိုးစေ့အခြောက်များ အားလုံးနီးပါး ပျက်စီးခဲ့သည်ဟု ဇင်းကျိုက်ရှိ ဒေသခံများထံမှ သိရသည်။ မေလ ၂၀ ရက်နေ့ မတိုင်ခင်က ကြဲထားသော အဆိုပါ မျိုးစေ့ခြောက်များမှာ လယ်ကွက်များအတွင်း ရေတင်နေသည့် ရက်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ဇင်းကျိုက်ရှိ လယ်ပိုင်ရှင် ဒေါ်ချိုက ဆိုသည်။ “ပြီးခဲ့တဲ့ ရက်က မုန်တိုင်းငယ်တိုက်ပြီးထဲက ရေကျန်တာ။ မိုးကလည်း မပြတ်တော့ အကုန်ပျက်စီးကုန်ရော။ ကျွန်မတို့ ဆယ်သိန်းဖိုးလောက် မျိုးစေ့တွေ ပျက်စီးကုန်တယ်။ တခြားလူတွေလဲ ပျက်ဆီးကုန်ကြတယ်”ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

လယ်ကွက်များအတွင်း ရေတင်ကျန်မှုကြောင့် မျိုးစေ့ခြောက်ကြဲ စပါးအခင်း ၁၂ ဧက ကျော်ပျက်စီးခဲ့ပြီး ကာလတန်ဖိုး ၁၀ သိန်းနီးပါးရှိကြောင်း ၎င်းက ပြောသည်။ ပေါင်မြို့နယ်အတွင်း ယခုနှစ်မိုးစပါးချေးငွေကို မေလ ၁၅ ရက်နေ့မှ စတင်ထုတ် ချေးနေပြီး ရွာအလိုက် အလှည့်ကျစနစ်ဖြင့် ထုတ်ချေးပေးနေကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။ https://b urmese.monnews.org/2022/06/02/%e1%80%9c%e1%80%9a%e1%80%ba%e1%80 %80%e1%80%bd%e1

၂၄။ ရခိုင်ပြည်နယ်မှ လုပ်ငန်းရှင်များ ဘဏ်မှငွေထုတ်ရာတွင် ကော်မရှင် ၄ ရာခိုင်နှုန်း ပေးနေရ
3 June, 2022

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ စီးပွားရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဟာ ဘဏ်တွေမှာအပ်နှံ ထားတဲ့ ငွေသားထုတ်ယူရာမှာ ဘဏ်ပွဲစားတွေကို ကော်မရှင်ကြေး ၄ ရာခိုင်နှုန်းအထိ ပေးနေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင် တွေက ‌ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်နေသူတဦးက “ဆောက်လုပ်ပြီးစီးသွားတဲ့ လမ်း၊ တံတား၊ အဆောက်အအုံ စတာတွေအတွက် သက်ဆိုင်ရာဝန်ကြီးဌာနကနေ ငွေထုတ်ယူရာမှာ မြန်မာ့စီးပွားရေးဘဏ်ကသာ ထုတ်ယူဖို့ ချလန်ထုတ်ပေးကြတာလေ။ ဘဏ်ကိုသွားထုတ်တော့ ငွေသားမရှိဘူးလို့ မန်နေဂျာက ပြောတယ်။ တပတ်မှာ ဘယ်လောက်သာ ထုတ်လို့ရမယ်လို့ပြောတယ်။ သူတို့နဲ့ချိတ်ထားတဲ့ ဘဏ်ပွဲစားနဲ့ဆို ငွေသားထောင်ဂဏန်းအထိ အလွယ်တကူထုတ်လို့ရတယ်။ သိန်း ၁,၀၀၀ ကို ပွဲစားခ သိန်း ၄၀ ပေးရတယ်” လို့ ပြောပါတယ်။

အဲဒီလို ငွေသားထုတ်ယူရာမှာ ရခိုင်ပြည်နယ်မှ မြန်မာ့စီးပွားရေးဘဏ်တွေသာမက ပုဂ္ဂလိဘဏ်တွေမှာပါ ပွဲစားတွေ ဆီကသာ ငွေသားအများအပြား ထုတ်ယူနိုင်တာကြောင့် ကုန်သည်တွေအနေနဲ့ အလွန်အခက်တွေ့နေရတယ်လို့ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပါတယ်။ “ပုဂ္ဂလိကဘဏ်တွေကလည်း တရားဝင်ထုတ်မယ်ဆို ငွေသားမရှိပါ။ တပတ် ဘယ်လောက် ထုတ်ပါ။ ပွဲစားနဲ့ထုတ်ရင် ငွေသိန်း ၅၀၀ လောက်ကတော့ ချက်ချင်းထုတ်နိုင်တယ်။ ဒီလို ငွေသားတွေရဖို့ ကော်မရှင်တွေ ပေးနေ ရတော့ လုပ်ငန်းမှာ အမြတ်က မရှိတော့ဘူး။ လုပ်ငန်းလည်ပတ်ဖို့ကလည်း ငွေသားမရှိလို့ မဖြစ်ပြန်ဘူးဆိုတော့ တော်တော်လေး အခက်တွေ့နေရတယ်။” လက်ရှိ ရခိုင်ပြည်နယ်အတွင်းက စီးပွားရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဟာ ရခိုင်ပြည်နယ် အနှံ့ရှိ ဘဏ်ပွဲစားတွေနဲ့ ချိတ်ဆက်ကာ ငွေထုတ်ယူနိုင်တဲ့ မြို့နယ်ဘဏ်ခွဲတွေကို လွှဲ‌ပြောင်းထုတ်ယူနေကြရတယ်လို့ ဆိုပါတယ်။ http://burmese.dvb.no/archives/536660

၂၅။ ဝန်ထမ်းများအားလုံးယူနီဖောင်းအပြည့်အစုံဖြင့် ရုံးတက်ရမည်ဟု စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အမိန့်ထုတ်
June 3, 2022

စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် ရှမ်းပြည်နယ်အတွင်းရှိ Non CDM ဝန်ထမ်းများအားလုံး ဇွန်လ ၆ ရက် မှစတင်၍ ယူနီဖောင်းအပြည့်အစုံဖြင့်သာ ရုံးတက်ရမည်ဟု စစ်ကောင်စီခန့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြား စာထုတ်ထား ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁ ရက်က ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့ကတ်ဘိနက်တွင် ဝန်ထမ်းများအားလုံး ယူနီဖောင်းမဖြစ် မနေဝတ်ဆင်၍ရုံးတက်ရမည်ဟု ဆွေးနွေးခဲ့ပြီးနောက် ဇွန်လ ၂ ရက်၌ ညွှန်ကြားစာထုတ်ထားခြင်းဖြစ်ကြောင်း သတင်းရင်း မြစ်တစ်ဦးက ပြောသည်။ “ကတ်ဘိ နက်မှာ ဝန်ကြီးချုပ်ကနေ အဲဒီကိစ္စပြောပြီး အတည်ပြုလုပ်တာ၊ မနေ့က ညွှန်ကြားစာထု တ်ပြီးပြီ။ အရင်တုန်းကတော့ Non CDM တွေဆိုရင် ရာထူးအကြီးပိုင်းတွေက ယူနီဖောင်းသိပ်မဝတ်ကြဘူး။ ပတ်ဝန်းကျင်မသိ အောင် တခြားဝတ်စုံနဲ့ပဲ ရုံးလာတက်ကြ တာ။ အခုကတော့မဖြစ်မနေယူနီဖောင်းနဲ့တက်ရမှာပေါ့။ ထွေအုပ်ဝန်ထမ်းတွေကို ဦးစားပေးပြီး ကြပ်မတ်ဖို့လည်း ဝန်ကြီးချုပ် မှာ သွားတယ်” ဟု ၎င်းကပြောသည်။

ထိုအပြင် မြေပြင်ကွင်းဆင်းစစ်ဆေးချိန်နှင့် လူကြီးလမ်းကြောင်းရှိချိန်တွင်လည်း ယူနီဖောင်းဝတ်ဆင်ရမည့် အဆိုပါ ညွှန်ကြား ချက်အပေါ် Non CDM ဝန်ထမ်းများအကြား ဝေဖန်မှုများထွက်ပေါ်နေပြီး ယင်းကိစ္စကို Non CDM ဝန်ထမ်းအချို့က လက်မခံချင် ကြသော်လည်း ပြန်လည်တင်ပြ၍မရသည့်အခြေအနေကြုံတွေ့နေရကြောင်း ယင်းသတင်းရင်းမြစ်ကဆက် ပြောသည်။ Non CDM ဝန်ထမ်းအချို့ကလည်း စစ်ကောင်စီခန့်ကပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့အပေါ် လုံခြုံရေးမပေး နိုင်ဘဲ ယူနီဖောင်း ဝတ်၍ ရုံးတက်ရမည့်အပေါ် မကျေမနပ်ဖြစ်နေသလို အသက်အန္တရာယ်စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

၂၆။ ကျပ်သိန်းထောင်ချီအကုန်ကျခံ ဆောက်ထားသည့် စစ်တွေယာယီပျံကျစျေး ရေနစ်မြုပ်
3 June, 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ကိုရီးယားဆိပ်ကမ်း (BXT) အနီး ကျပ်သိန်းပေါင်း ထောင်ချီ အကုန်ကျခံ အသစ်ဆောက်ထားတဲ့ ယာယီပျံကျစျေးကြီးမှာ ဇွန် ၃ ရက် မနက်ပိုင်းက ရေ ၁ ပေခွဲလောက်အထိ နစ်မြုပ်ခဲ့တယ်လို့ စျေးရောင်းချနေသူတွေက ပြောပါတယ်။ စျေးရောင်းသူတဦးက “ရေစီးရေလာစနစ်တွေ မကောင်း၊ ရေက မစီးဆင်းနိုင်တော့ ရေနစ်တာပေါ့။ အိမ်သာမှာက ရေမြောင်းကလည်း တိုက်ရိုက် မြစ်ထဲကိုမချဘူး။ စျေးပတ်လည်လုပ်ထားတဲ့ ရေမြောင်းကနေ ချထားတော့ အနံ့အသက်တွေက ဆိုးတယ်။ ခြင်ကိုက်လို့ ထိုင်နေလို့တောင် မရဘူး။ စျေးလာဝယ်သူတွေလည်း နည်းလာတယ်”လို့ ပြောပါတယ်။

အခုလို ရေနစ်မြုပ်ရတာဟာ ဈေးမှာပြုလုပ်ထားတဲ့ ရေစီး၊ ရေဆင်းမြောင်းတွေ မကောင်းတာကြောင့် ဖြစ်သလို မိလ္လာရေတွေကြောင့် အနံ့ဆိုးတွေထွက်နေတယ်လို့ စျေးရောင်းချနေသူတွေ အခက်တွေ့နေကြတာပါ။ ပြီးခဲ့တဲ့လကလည်း အဲဒီယာယီစျေးရှိ ခေါင်မိုးရေဆင်းပိုက်မှ မိုးရေတွေ ဒလဟောစီးပြီး ဆိုင်ခန်းအောက် ပစ္စည်းသိုလှောင်ခန်းတွေထဲ ရေတွေဝင် ကုန်လို့ ဈေးသည်တွေရဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။ ယာယီပျံကျစျေးကို အဆောင်အတွဲ ၁၀ တွဲနဲ့ တည်ဆောက်ထားပြီး ၆ ပေပတ်လည်ဆိုင်ခန်း ၅၇၆ ခန်းရှိကြောင်း စျေးကော်မတီဝင်တွေထံက သိရပါတယ်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

                                                                                                   ** ပြီး **

Related Articles

Back to top button