အင်တာဗျူး

NUCC အဖွဲ့ဝင်ကိုယ်စားလှယ် လွေးပိုးငယ်နဲ့ သီးသန့်ဆက်သွယ်မေးမြန်းခန်း (၁)

“အရင်အတိုင်းပဲ အရင်ပုံစံအတိုင်းပဲ တပြည်ထောင်စနစ်ကို ကျမတို့ အကောင် အထည်ဖော်ခြင်တယ်ဆိုလို့ရှိရင်တော့ အချိန်ယူပြီး NUCC မှာ လာစုဖွဲ့စရာမလိုဘူး” အပိုင်း (၁)

“စု၊ ရွေး၊ လွှတ် ပေါ်လစီကို ယနေ့ချိန်ထိ ယုံကြည်နေသေးလို့ NUCC က ချမှတ်ထားသည့် ဖက်ဒရယ်ချာတာကို အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့အတွက် အခက်အခဲရှိသာလား မေးခွန်းမေးစရာရှိတယ် ကျမ အတွက်ကတော့ပေါ့နော်”

“စု၊ ရွေး၊ လွှတ် ပေါ်လစီသည် သေချာသာ တခုကတော့ ဖက်ဒရယ်ချာတာနဲ့ ဆန့်ကျင်တယ် အရင်ပုံစံအတိုင်း (၂၀၀၈)မှာ အကောင်အထည်ဖော်ခဲ့တဲ့အတိုင်း (၂၀၀၈)ရဲ့ ရလဒ်ကို ဆုပ်ကိုင်ပြီး နိုင်ငံရေး၊ တော်လှန်ရေးကို လုပ်ချင်တယ်ဆိုရင်တော့ ဒါလုံး၀ဖက်ဒရယ်ချာတာနဲ့လည်း ဆန့်ကျင်ပြီးတော့မှ ကျမတို့သွားချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့အတွက်က စိန်ခေါ်မှုကြီးတရပ်ဖြစ်တယ်လို့ သုံးသပ်တယ်”

လွေးပိုးငယ်

NUCC အဖွဲ့ဝင်ကိုယ်စားလှယ်၊

အထွေထွေအတွင်းရေးမှူး-၂၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)

ဖက်ဒရယ်ဂျာနယ်ရဲ့ သီးသန့် ဆက်သွယ်မေးမြန်းတင်ဆက်ချက်ကို ပြန်လည်

ဖတ်ရှုနိုင်ပြီ။

—————-

မေး။ ။ NUCC ရဲ့ ပထမဆုံး ပြည်သူ့ညီလာခံပြုလုပ်ခဲ့တာ ယနေ့ဆိုရင် (၅) လလောက်လည်း ရှိလာပြီ ဆိုတော့ လက်ရှိ NUCC ရဲ့ နောက်ဆုံး အခြေအနေတွေကို အကျဉ်းချုံး ရှင်းပြပေးပါဦး။

ဖြေ။ ။ ချာတာ review and revised ကိုတော့ ပြည်သူ့ညီလာခံမှာ လုပ်ပြီးသွားပြီး၊ ပြည်သူတွေကို ချပြပြီးသွားပြီ။ အတည်လည်းပြုခဲ့ပြီးပြီပေါ့နော်။ FDC ဟာ ကြားကာလမှာ အသုံးပြုမည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ် ဖြစ်တယ်။ ပြည်သူ့ညီလာခံ ပြီးတဲ့နောက်မှာတော့ တော်လှန်ရေး အောင်မြင်ဖို့အတွက် နည်းဗျူဟာရေးဆွဲခြင်း နှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ပိုပြီးလုပ်ဆောင်နေတယ်။ NUCC ဟာ မူဝါဒတွေကိုချမှတ်တဲ့ နိုင်ငံရေးအခွင့်အာဏာရှိတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် တော်လှန်ရေးကာလမှာ FDC အရ မူဝါဒအကောင်အထည်ဖော်ဆောင်ရေး ကိစ္စတွေကို ပိုပြီးတော့ လုပ်ဆောင်နေတယ်။

ဥပမာ-CDM လှုပ်ရှားမှုတွေအကြောင်း၊ လူထုလှုပ်ရှားမှုတွေ အဆက်မပြတ်ရှိနေစေဖို့ တွန်းအားတွေအနေနဲ့ ဘယ်လိုဗျူဟာတွေကို သုံးမလဲ၊ နိုင်ငံခြားရေးရာကိစ္စတွေနှင့် ပတ်သက်ပြီးတော့လည်း NUCC နှင့် NUG တို့မှာ ရှိတဲ့အစုအဖွဲ့တွေက ဘယ်လိုမျိုး မူဝါဒတွေလုပ်ဆောင်ပြီးမှ ပူးပေါင်းရှေ့ဆက်သွား သင့်သလဲ စသဖြင့်ပေါ့နော်။ ဒီလို လုပ်ငန်းအကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ နှေင့်နှေးကြန့်ကြာတာမျိုး တွေလည်း ရှိနေပါတယ်။ အထူးသဖြင့် ပြည်နယ်နှင့် ဗဟိုအစိုးရကြားက အာဏာခွဲဝေကျင့်သုံး ခြင်းဆိုင်ရာကိစ္စ၊ FDC မှာ ပါတဲ့အစိတ်အပိုင်းတွေအရ NUG ဟာ ဗဟိုအစိုးရဖြစ်တယ် ဆိုရင် NUG နှင့် ပြည်နယ်အစိုးရတွေက ဘယ်လိုအာဏာခွဲဝေကျင့်သုံးကြမလဲ ဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးနေကြပါတယ်။

မေး ။ ။ ပြည်သူ့ညီလာခံပြီးတဲ့ နောက်ပိုင်းမှာ ရလာတဲ့ အချက်အလက်တွေပေါ်မှာ ဘယ်လိုတိုးတက်အောင် လုပ်နေတာမျိုးတွေရှိလဲခင်ဗျ။

ဖြေ။ ။ ပြည်သူ့ညီလာခံပြီးနေက် NUG အနေနဲ့ FDC ကချမှတ်ထားတဲ့မူဝါဒအရ လုပ်ငန်းအကောင်ထည် ဖော်မှုအပိုင်းမှာ ဘယ်အတိုင်းအတာအထိ ပြီးမြောက်ဆောင်ရွက်ပြီလဲ ဆိုတဲ့ ကဏ္ဍတွေကို NUCC နှင့် ဆက်သွယ်ဆောင်ရွက်မှု တွေရှိအောင် Joint Committee ဖွဲ့တာတွေရှိပါတယ်။ ဒီလိုမျိုးလုပ်ဆောင်နေတယ် ဆိုပေမယ့် ကျမကိုယ်တိုင် က တစ်ချို့ကိစ္စတွေမှာ လုံးဝအားမရတာတွေ ရှိပါတယ်။

NUCC မှာ အားလုံးပါဝင်နိုင်ရေးကို စဉ်းစားတဲ့အခါမှာ နိုင်ငံရေးရဲ့ သဘောသဘာဝအရ ညှိုနှိုင်းရင်းနဲ့ပဲ သွားရတဲ့အတွက် ကြောင့် ကြန့်ကြာနေတာမျိုးတွေ ရှိနေပါတယ်။အဲ့တာကို တိုးတက်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတော့ NUCC အတွင်းမှာလည်းပဲ စီမံရမည့် ကိစ္စတွေ ရှိပါတယ်။ ဥပမာအားဖြင့် ပြည်သူ့ညီလာခံအပြီးမှာဆိုရင် NUCC ရဲ့ Structure ကို ဘယ်လိုစနစ်နှင့် ဖွဲ့စည်းထားပြီးတော့ ဖက်ဒရယ်စနစ်ကို ဘယ်လိုကျင့်သုံးမလဲ ဆိုတဲ့ ချမှတ်ရ မည့်ကိစ္စတွေ ရှိပါတယ်။

ဥပမာအားဖြင့် NUCC မှာ အတွင်းရေးမှုးအဖွဲ့တွေရှိတယ် ဆိုရင် အဲ့အဖွဲ့က အစည်းဝေးအထ မြောက်ရေး နှင့် နိုင်ငံခြားအစိုးရကလူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ လုပ်ငန်းဆောင်တာတွေ ကို initiate လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း TOR ချမှတ်ရမည့် အပိုင်းတွေရှိပါတယ်။ တစ်ဖက်မှာလည်း ဖက်ဒရယ်မူတွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားရမည်။ NUCC အဖွဲ့ကြီး အားကောင်းလာအောင်လည်း လုပ်ဆောင်နေရပါမည်။

မေး ။ ။ NLD က NUCC ကနေနုတ်ထွက်ပြီး မဟာမိတ်အဖွဲ့အနေနဲ့သာ ရပ်တည်မည်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်။ တဖက်မှာ NLD ရဲ့ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ CRPH ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကနေပြီးတော့ အစတည်းက CEC ရဲ့ဆုံးဖြတ်ချက်မရှိခဲ့တဲ့ အတွက်ကြောင့် NLD က NUCC ကနေ နုတ်ထွက်တာမဟုတ်ဘဲ၊ အစတည်းကမပါတဲ့သဘောနဲ့ ပြောထားတယ်။ ဒီနေရာမှာ ဘာပြဿနာတွေ ရှိနေလဲ။ နောက်ပြီး NLD က NUCC ကနေ ထွက်သွားပြီလား။

ဖြေ ။ ။ ဒီအကြောင်းနှင့် ပတ်သက်ပြီး ကျမမှာ အမှန်အတိုင်းပဲပြောဖို့ တာဝန်ရှိတယ်လို့ စဉ်းစားထားပါတယ်။ ဒီနေရာမှာ ကျမသည် ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးအရ ဖြစ်စေ၊ အဖွဲ့စည်းအရ ဖြစ်စေ တိုက်ခိုက်ပြီး ပြောဆိုခြင်းမဟုတ်ပါ။ NLD အနေနဲ့တော့ NUCC ကနေ တရားဝင်နှုတ်ထွက်ကြောင်း အကြောင်းကြားထားတာ မရှိပါဘူး။ သို့သော် ပြည်သူ့ညီလာခံပြီးသွားပြီးနောက်မှာတော့ NUCC မှာ ကိုယ်စားလှယ်စေလွှတ်တာမျိုး မရှိတော့တဲ့အပြင် အစည်းဝေးတက်ရောက်ခြင်းလည်း မရှိပါဘူး။ ဒါကြောင့် NUCC ကနေပြီးတော့ mandate ပေးထားတဲ့ ကိုယ်စားလှယ်တွေကနေ တစ်ဆင့် အဲ့ဒီအကြောင်းအရာနှင့် ပတ်သက်ပြီးတော့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

NLD ဖက်ကနေ ဒါဟာ သူတို့အနေနဲ့ ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖမ်းဆီးခံရခြင်း၊ ထွက်ပြေးတိမ်းရှေင်ခြင်းကြောင့် ဆိုပြီး အကြောင်းပြန်လာပါတယ်။ ဒါကြောင့် NUCC ကနေ NLD နှုတ်ထွက်သွားပြီလားဆိုတဲ့ မေးခွန်းက NLD ကိုယ်တိုင်ကပဲ ဖြေရမည့် မေးခွန်းလို့ ကျမ ယူဆပါတယ်။ ဦးအောင်ကြည်ညွန့်ကိုယ်တိုင်ကလည်း CRPH မှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေက ပါဝင်နေတာပဲဆိုပြီး ပြောခဲ့ပါတယ်။ ဒီနေရာမှာ CRPH ဆိုတာသည် NLD ကို ကိုယ်စားပြုသလားဆိုတဲ့ မေးခွန်းထုတ်စရာရှိလာ ပါတယ်။

ဒီအကြောင်းအရာနှင့် ပတ်သက်ပြီး ကျမတို့အချင်းချင်းကြားမှာ ဖြစ်ဖြစ်၊ တော်လှန်ရေးခေါင်းဆောင် တွေ ကြားမှာပဲဖြစ်ဖြစ်၊ အထူးသဖြင့် CRPH ကိုယ်စားလှယ်တွေ ကိုယ်တိုင်က ရှင်းရှင်းလင်းလင်းရှိထားဖို့လို တယ်လို့ ကျမသုံးသပ်မိပါတယ်။ CRPH ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ NUCC မှာ သူတို့ပါဝင်ခြင်းသည် NLD ကို ကိုယ်စားပြုတာမဟုတ်ဘဲ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် အနေနဲ့သာ ပါဝင်တာဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။

မေး ။ ။ NUCC အစည်းအဝေးတွေထဲမှာ KPICT လည်းတက်ရောက်ခြင်း မရှိတော့ဘူးလို့ ကြားရတယ်။ အဲဒီအခြေအနေကိုလည်း ပြောပြပေးပါဦး။

ဖြေ ။ ။ KPICT က ပြည်သူ့ညီလာခံမတိုင်ခင်တည်းက အစည်းဝေးမတက်ဖြစ်တာမျိုးတွေ ရှိတယ်။ အဲ့ဒီတော့ NLD တွေကို မေးမြန်းခဲ့သလိုပဲ NUCC မှ mandate ပေးထားတဲ့ ကိုယ်စားလှယ်တွေကနေတဆင့် မေးမြန်းကြည့်တဲ့အခါမှာတော့ သူတို့အချင်းချင်းထဲမှာ စုဖွဲ့မှုမှာ ပြဿနာတွေရှိနေလို့ ကိုယ်စားလှယ် မစေလွှတ်နိုင်သေးတာဖြစ်ပြီး စုဖွဲ့မှုအဆင်ပြေသွားပြီဆိုတာနဲ့ ကိုယ်စားလှယ် စေလွှတ်မယ် လို့ အကြောင်းပြန်ပါတယ်။

မေး ။ ။ NUCC ရဲ့ အစည်းဝေးတွေမှာ မတက်ရောက်တော့တဲ့၊ ကိုယ်စားလှယ်စေလွှတ်ခြင်းမရှိတော့တဲ့ တစ်ခြားအဖွဲ့အစည်းတွေရှိသေးလား။

ဖြေ ။ ။ ပြည်သူ့ညီလာခံပြီးတဲ့နောက် ကိုယ်စားလှယ်စေလွှတ်ခြင်း မရှိတော့တဲ့ အစုအဖွဲ့ဆိုလို့ KPICT နှင့် NLD ပဲ ရှိပါတယ်။ ကျန်တဲ အဖွဲ့အစည်းတွေကတော့ ရပ်နားထားတာမျိုးမဟုတ်ပဲ ခွင့်တိုင်ပြီး မှ အစည်းဝေးမတက်ဖြစ်တာတွေတော့ ရှိပါတယ်။

မေး ။ ။ NUCC ရဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လူထုက လေ့လာနိုင်ဖို့ ချိတ်ဆက်နိုင်ဖို့ NUCC မှာ မီဒီယာပလက်ဖောင်းတစ်ခု (သို့) လူမှုကွန်ရက် လိုအပ်နေတယ်လို့ မြင်ကြတယ်။ ဘာကြောင့် အခုချိန်ထိ ရှိမနေသေးသာလဲ။

ဖြေ ။ ။ ကျမတို့အချင်းချင်းကြားမှာလည်း ပြည်သူလူထု နှင့် ထိတွေ့ဆက်သွယ်နိုင်မည့် ပလတ်ဖောင်းတစ်ခုတော့ ရှိသင့်တယ်ဆိုပြီး ငြင်းခုံနေကြတာရှိပါတယ်။ လုံခြုံရေးအရ ချပြလို့မရတဲ့ ကိစ္စတွေလည်း ရှိနေနိုင်တယ် ဆိုပေမယ့် ပြည်သူလူထုက သိသင့်သော၊ ပြည်သူလူထုကို ချပြလို့ရသော အကြောင်းအရာတွေကို ချပြနိုင်ဖို့အတွက် အတွက် ကြိုးစားရမည်ပေါ့။

သို့သော် တစ်ချို့အဖွဲ့ဝင်တွေအနေနဲ့ ဒီလိုမျိုး ချပြလိုက်ခြင်းအားဖြင့် ဘယ်လိုမျိုးအကျိုးအဆက်တွေ ဖြစ်လာနိုင်မလဲ ဆိုတဲ့ မေးခွန်းအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။

နောက်ဆုံးမှာတော့ ဒီလို လူမှုကွန်ရက်တွေ နှင့် ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်မလဲ၊ ဘယ်လိုထိန်းသိမ်းမလဲ ဆိုပြီး TOR တွေ ရေးဆွဲဖို့ သဘောထားတော့ ကျသွားပြီ။ နောက်ပြီး Website ကိုလည်း လုပ်နေပါတယ်။ နောက်ပြီး ကျွန်မတို့ မြန်မာနိုင်ငံမှာ ပြည်သူလူထုက သတင်းအချက်အလတ်တွေကို လူမှုကွန်ရက်ကနေ ရယူတဲ့နေရာမှာ FACEBOOK ကို ပိုပြီးအသုံးပြု ကြတာနှင့်အညီ စစ်ကောင်စီဖက်က နေလည်း FACEBOOK ကနေတဆင့် ဝါဒဖြန့်ဖြူးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ ဒါကြောင့် NUCC အနေနဲ့လည်း ပြည်သူလူထုအနေနဲ့ အသုံးပြုရတာ ရင်းနှီးကျွမ်းဝင်ပြီးသားလည်း ဖြစ်တဲ့ FACEBOOK ကို အသုံးပြုပြီး ပြည်သူလူထုနှင့် ထိတွေ့ သင့်တယ်လို့ ယူဆထားတာကြောင့် NUCC ရဲ့ FACEBOOK ဖွင့်နိုင်ဖို့အတွက်လည်း ကြိုစားနေပါတယ်။ နောက်ပြီးတော့ ကျမတို့က FDC ကို ဒီတိုင်းလွှင့်လိုက်ပေမယ့် ပြည်သူလူထုက မူဝါဒတွေနှင့် ပတ်သက်ပြီးတော့ မရှင်းလင်းတာမျိုးတွေရှိတက်ပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့အတွက် NUCC မှာလည်း အချင်းချင်းကြား ဆွေးနွေးနေဆဲဖြစ်ပြီး တကယ်လို့ အားလုံးသဘောတူတယ်ဆိုရင်တော့ ဒီလိုလုပ်ဆောင်ဖို့အတွက်လည်း လူမှုကွန်ရက်ကိုပဲ အားကိုးရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲ့ဒီ လူမှုကွန်ရက်တွေကို ပြည်သူလူထုက ဘယ်တော့တွေ့နိုင်မလဲ။

ဖြေ ။ ။ ကျမတို့အားလုံးက NUCC ရဲ့ အလုပ်တွေကို လုပ်ကိုင်နေရင်း တစ်ဖက်မှာ ကိုယ်ပိုင်အသက်မွေးဝမ်း ကြောင်းအလုပ်တွေ အသီးသီးနှင့် ဖြစ်နေကြတယ်။ ဒီလို volunteer နဲ့ လုပ်ရတဲ့အတွက် ဘယ်လောက်အတိုင်းအတာအထိ ကြာမလဲဆိုတာတော့ မပြောတက်ဘူး။ စတင်ပြီးတော့ လုပ်ဆောင်နေ ပါတယ်။

Related Articles

Back to top button