တိုင်းရင်းသားများသတင်း

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ ဖမ်းဆီးခံရပါက စစ်ဘေးဒုက္ခသည် ဖြစ်ကြောင်း မပြောဆိုရန် ချင်းပြည်တော်လှန်ရေးအင်အားစုများက သတိပေး ထုတ်ပြန်

ဧပြီ ၂၁၊ ၂၀၂၂ (မီဇိုးရမ်)

 

အိန္ဒိယ မြန်မာ ချင်းပြည်နယ်စပ်ဖြစ်သည့် မီဇိုးရမ်ပြည်နယ်သို့ စစ်ဘေးရှောင်အဖြစ် ခိုလုံနေထိုင်ကြသည့် ချင်းပြည် လူထုများက မူးယစ်ဆေးဝါးများ ရောင်းဝယ် သယ်ယူဖြန့်ဖြူးနေသည်ဟူသော ကောလဟာလ သတင်းများ ထွက်ပေါ်လျက်ရှိပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများသည် ဖမ်းဆီးခံရပါက စစ်ဘေးဒုက္ခသည်များ ဖြစ်ကြောင်းပြောဆိုမှု ဖြစ်ပေါ်လာကာ ယင်းသတင်းများကြောင့် စစ်ဘေးရှောင် ချင်းလူထုများအပေါ် အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်၍ ဖမ်းဆီးခံရပါက စစ်ဘေး ဒုက္ခသည် ဖြစ်ကြောင်း မပြောဆိုရန် သတိပေး ပြောဆိုထားသည်။

 

ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ် သယ်ဆောင်သူများတွေ့ရှိပါက ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ချင်းပြည်တော်လှန်ရေး အင်အားစုများက ပူးတွဲ သဘောထား ထုတ်ပြန် ကြေညာထားသည်။

Related Articles

Back to top button