တိုင်းရင်းသားများသတင်း

ကျောက်စိမ်းဆက်လက်တူးဖော် ခွင့်မပြုကြောင်း စစ်ကောင်စီက ပြောပေမယ့် တူးဖော်နေကြဆဲ

ကျောက်စိမ်းဆက်လက်တူးဖော် ခွင့်မပြုကြောင်း စစ်ကောင်စီက ပြောပေမယ့် တူးဖော်နေကြဆဲ

ဧပြီ ၁၄၊ ၂၀၂၂ (ဖားကန့်)

နိုင်ငံပိုင် ကျောက်မျက်ရတာနာများကို သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ရေး၊ သဘာ၀ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် လုံးခင်း၊ ဖားကန့် ရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန် ရတာနယ်မြေတို့ရှိ ကျောက်စိမ်းရိုင်းတူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်တူးဖော်ထုတ်လုပ်ခွင့် မပြုပါကြောင်း ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့က စစ်ကောင်စီရဲ့ သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက အခုလို ကြေညာချက်တွေ ထုတ်ပြန်ပြောဆိုပေမယ့် ဖားကန့်၊ လုံးခင်း ရတနာနယ်မြေမှာတော့ နေ့စဉ် ရက်ဆက် မနားပဲ ကုမ္ပဏီကြီးတွေကတော့ ဆက်လက်တူးဖော်နေဆဲပါ၊ ရာသီဥတု ပူပြင်းတာကြောင့် နေ့ခင်းနေ့လည် ကျောက်တူးဖော်သူများ၊ စက်ယန္တရားအသံများ တိတ်ဆက်နေကြပေမယ့် နေ့အပူချိန်ကျဆင်း သွားပြီးနောက် ညဘက် မနက်မိုးလင်းချိန်ထိ ကျောက်တူးဖော်သူများ၊ စက်ယန္တရားအသံများက ဆူညံစွာဖြစ် တူးဖော်လုပ်ကိုင်နေကြဆဲလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ တဦးက “ကိုးဗစ်ကြောင့် စီးပွားရေး ကျဆင်းနေတဲ့အချိန် စစ်အာဏာသိမ်းမှုပြန်လည် ဖြစ်ပွားခဲ့ သာကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများက ပိုပြီး ကျပ်တည်းမှုတွေ ဖြစ်ပေါ်စေတယ်၊ ဖားကန့် ဒေသမှာ မြန်မာပြည်ဒေသပေါင်းစုံက လူမျိုးပေါင်းစုံ အလွှာပေါင်းစုံ ရွေ့ပြောင်းနေထိုင်ကြတဲ့သူတွေများတယ်၊ ပြီးတော့ ချမ်းသာတဲ့သူတွေက အမြင့်ဆုံးထိ ချမ်းသာကြတယ်၊ ဆင်းရဲ့တဲ့သူတွေကတော့ တနေ့ ထမင်း နှစ်နပ်တောင် မှန်အောင် စားနိုင်ဖို့ ရုန်းကန်ကြိုးစားနေရတဲ့သူမိသားစုတွေလည်း အများကြီးပါ၊ ဒီလို မတူညီတဲ့ အလွှာပေါင်းစုံ လူတန်းစားပေါင်းစုံ နေထိုင်နေကြပါတယ်၊ ဆိုတော့ အခုလို ကြေညာချက်တွေ ထွက်လာပေမယ့် လက်တွေ့မြေပြင် ဖားကန့်ဒေသမှာတော့ ထူးခြားတဲ့ ဖြစ်စဉ်တွေ အထွေအထူး မရှိဘူး၊ ကျောက်စိမ်းတွေက နိုင်ငံတကာ စျေးကွက်အထိ မတိုးနိုင်၊ ပြည်တွင်းစျေးကွက်တွေလည်းကျ ဆိုတော့  ကုမ္ပဏီကြီးတွေကတော့ သူတို့ရဲ့ လုပ်သားတွေ လျော့ချသာတွေတော့ ရှိပါတယ်၊ သို့ပေမယ့် လျော့ချခံရသည့် လုပ်သားတွေက တနေရာက လျော့ချခံရရင် တခြားတနေရာကို သွားပြီး လုပ်ကိုင်ကြပါတယ်။ အခုချိန်ထိတော့ နေ့စဉ် ရက်ဆက် မနားပဲ ကုမ္ပဏီကြီးတွေကတော့ ဆက်လက်တူးဖော်နေဆဲပါ၊ ရာသီဥတု ပူပြင်းတာကြောင့် နေ့ခင်းနေ့လည် ကျောက်တူးဖော်သူများ၊ စက်ယန္တရားအသံများ တိတ်ဆက်နေကြပေမယ့် နေ့အပူချိန်ကျဆင်း သွားပြီးနောက် ညဘက် မနက်မိုးလင်းချိန်ထိ ကျောက်တူးဖော်သူများ၊ စက်ယန္တရားအသံများက ဆူညံစွာဖြစ် တူးဖော်လုပ်ကိုင် နေဆဲဖြစ်ပါတယ်” လို့ ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

ကချင်ဒေသက ထွက်ရှိတဲ့ ကျောက်စိမ်းတွေဟာ တရုတ်ပြည်အစိုးရ ထိန်းချုပ်တဲ့ စျေးကွက်ကနေ တဆင့် နိုင်ငံတကာ ကျောက်မြတ်ရတာနာ စျေးကွက်ထဲကို ဝင်ဆန့်နေရသာ ဖြစ်ပါတယ်၊ ကိုးဗစ်ကြောင့် နယ်စပ်ဂိတ်တွေက ပိတ်ပင်ထားဆဲဆိုတော့ ကျောက်စိမ်းတွေ လက်ဝယ်ရှိပေမယ့် သယ်ယူနိုင်ဖို့ တရုတ်ပြည်ထဲ ပို့နိုင်ဖို့ အခုချိန် မလွယ်ကူပါဘူး၊ တရုတ်ပြည်နယ်စပ် ကုန်သွယ်ရေး မြို့ဖြစ်တဲ့ ရွှေလီမြို့က ကျောက်ဝိုင်း တွေမှာလည်း ကျောက်စျေးကွက်တွေ အရင်လို လည်ပတ်နိုင်ဖို့ အင်မတန်ခက်ခဲနေပါတယ်။

တရုတ်ပြည်နယ်စပ်က ကျောက်အရောင်းအဝယ် လုပ်ကိုင်နေပြီး ဖားကန့်ဒေသကို ရောက်နေတဲ့ ကျောက် အရောင်းအဝယ်သမား တဦးကလည်း အခုလိုပြောပါတယ်။

၎င်းက “ကိုးဗစ်ကြောင့် နယ်စပ်ဂိတ်တွေက ပိတ်ပင်ထားဆဲဆိုတော့ ကျောက်စိမ်းတွေ လက်ဝယ်ရှိပေမယ့် ရောင်းမထွက်ဘူး စျေးကွက်တွေကလည်း တအားကျနေတယ်၊ အဲသာကြောင့် ကျနောတောင် တရုတ်ပြည် ရွှေလီမြို့က ကျောက်စျေးကွက်တွေ လည်ပတ်နိုင်ဖို့ အဆင်မပြေလို့ အခုဖားကန့်ကို ရောက်နေတယ်၊ မော်ထဲမှာတော့ ပုံမှန်လည်ပတ်နေကြဆဲပါပဲ၊ စက်ယန္တရားအသံတွေကလည်း တောက်လျောက်ကြားနေရသာပါပဲ၊ ကိုယ်တွေကတော့ ဒီကကျောက်ဝိုင်းတွေမှာ ရနိုင်သလောက် ဝယ်စုနေတယ်ပေါ့လေ ကိုယ့်ရဲ့ ဘတ်ဂျက်နဲ့ နိုင်သလောက်ပေါ့ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လာပြီဆိုရင်တော့ ဟိုကိုသယ်သွားဖို့ပေါ့” ဟု ဖက်ဒရယ်ဂျာနယ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ကျောက်စိမ်းတူးဖော်ခွင့် ပိတ်ပင်တဲ့ ကြေညာဟာ လက်တွေ့မြေပြင်မှာ ထိရောက်နိုင်ဖို့ အလားအလာ မရှိနိုင်ဘူးလို့လည်း ပြောကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ လက်ရှိ တူးဖော်လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတွေဟာ အရင်အစိုးရက ပေးထားတဲ့ လုပ်ပိုင်ခွင့်ပါမစ်တွေကျန်နေသေးတယ်၊ ပြီးတော့ အခု စစ်ကောင်စီရဲ့ ဝန်ကြီးဌာနတွေက ချပေးတဲ့ နေရာတွေကလည်း ရှိနေတယ်၊ အဲဒီကုမ္ပဏီကြီးများက ဘယ်တော့မှ ရပ်သန့်မှာ မဟုတ်ပါဘူး ဒါပေမယ့် အဲဒီထုတ်ပြန်ချက်အတိုင်း အကောင်အထည် ဖော်သရောင် လုပ်မယ်ဆိုရင်တော့ ပိုပြီး ဒုက္ခရောက်မှာက အခြေခံလူတန်း လက်လုပ်လက်စား ပြည်သူလူထုများ ကသာ ဒုက္ခရောက်လာနိုင်မှာ ဖြစ်ပါတယ်။

ဖားကန့်ဒေသတွင် နေရာဒေသတချို့တွင် ကချင်လက်နက်ကိုင် ကေအိုင်အိုက ထိန်းချုပ်ထားသလို၊ တချို့နေရာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စခန်းချ စီမံအုပ်ချုပ်လျက်ရှိနေပါတယ်။

အခုလို ကျောက်စိမ်းတူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်တူးဖော်ထုတ်လုပ်ခွင့် မပြုပါကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အပေါ် ကေအိုင်အို ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ကတော့ သူရဲ့ လူမှုကွန်ရက် စာမျက်နှာ ကတဆင့် ယင်းကြေညာချက်ကို လက်တွေ့မြေပြင် အခြေအနေအရ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလား ဆိုတာကို သိရှိနိုင်ဖို့ လိုအပ်သလို၊ အဲဒီဟာက သတင်းမှားလည်း သတင်းမှန်လား ဆိုပြီး နားမလည်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုတဲ့ အမှတ်အသားနဲ့ တုံ့ပြန်ဖော်ပြထားပါတယ်။

Related Articles

Back to top button