ဖက်ဒရယ်လစ်ဇင်အကြောင်း

ကိုယ်ပိုင်အုပ်ချုပ်မှု (Self-rule)

ကိုယ်ပိုင်အုပ်ချုပ်မှု (Self-rule)

ဉာဏ်ကျယ်လေးဖော်တို့ဆိုသည်မှာလည်း ဂီတအနုပညာဆိုလည်း စိတ်ဝင်တစားရှိကြပြန်ပါရော။ ဘက်စုံတော်တဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေလို့ပြောရင် လွန်မယ်မထင်ပါဘူးနော်။

ဒီအပတ် ဂီတချိန်မှာ ဆရာမက ကိုယ်ကြိုက်တဲ့ တူရိယာကိုရွေးပြီး လေ့ကျင့်လို့ရတယ်လို့လည်း ပြောလိုက်ရော ဉာဏ်ကျယ်လေးဖော်တို့  ကိုယ်တီးချင်တဲ့ တူရိယာရဖို့ သူ့ထက်ငါ အလုအယက် ဂီတခန်းကို ပြေးကြတော့တာပေါ့။ အငြင်းမပွားရဘဲ ကိုယ်တီးချင်တဲ့ တူရိယာလေးတွေ ကိုယ်စီရသွားကြတော့ အဆင်ပြေသွားတာပေါ့။

ဉာဏ်ကျယ်လေးဖော်တို့ ကိုယ်နှစ်သက်တဲ့ တူရိယာကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိသလို ဖက်ဒရေးရှင်းတစ်ခုမှာလည်း ပြည်နယ်/တိုင်းဒေသကြီးတွေဟာ သူတို့အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ကိုယ်ပိုင်စီမံအုပ်ချုပ်ပိုင်ခွင့်ရှိတယ်လို့ ဆရာမကတော့ ဗဟုသုတရအောင် ပြောပြနေပါတယ်။

နောက်အပတ် သောကြာနေ့ ညနေ (၃) နာရီမှာ နောက်ထပ် ဝေါဟာရအသစ်တစ်ခု ထပ်လေ့လာဖို့ ဉာဏ်ကျယ်လေးဖော်နဲ့ ပြန်ဆုံကြမယ်နော်။

ဖက်ဒရယ်ဂျာနယ်
မတ်လ ၄၊ ၂၀၂၂

 

 

Related Articles

Back to top button