ဖက်ဒရယ်လစ်ဇင်အကြောင်း

ဖက်ဒရယ်စနစ် (Federalism)

ဖက်ဒရယ်စနစ် (Federalism)

ဒီနေ့ကတော့ ဉာဏ်ကျယ်လေးဖော်တို့ ဘောလုံးကစားကြတဲ့နေ့လေးပေါ့။ 

ပိုပိုကနည်းပြလုပ်မယ်ဆိုပြီး အသင်းသားတွေကို နေရာချဖို့လုပ်နေရင်း “ဖက်ဒရယ်စနစ်လိုပေါ့” နဲ့ ဥပမာပေးအစချီလိုက်တယ်။ ကျန်တဲ့သူတွေလည်း နေရာချတာနဲ့ အဲဒါနဲ့ ဘယ်လိုဆက်စပ်နေပါလိမ့်ဆိုပြီး ခေါင်းကုတ်ပြီး ပိုပို့ကိုရှင်းပြခိုင်းရတော့တာပေါ့။

အဲဒီတော့ နော်နော်တို့ကို သူတို့ကျတဲ့နေရာအလိုက် ကိုယ့်ဆီရောက်လာတဲ့ဘောလုံးကို ဘယ်လိုစီမံပြီး အသင်းသားတွေနဲ့ အတိုင်အဖောက်ညီညီ ကစားရမယ်ဆိုတာကို ပိုပိုကရှင်းပြလိုက်တယ်။ အဲ့တော့မှ နော်နော်တို့လည်း ကိုယ့်တာဝန် ကိုယ်သိသွားပြီး ဘောလုံးကန်ဖို့ အဆင်သင့်ဖြစ်သွားသလို ဖက်ဒရယ်စနစ်အကြောင်းလည်း ကွက်ကွက်ကွင်းကွင်းသိသွားတာပေါ့။ 

နောက်အပတ်တွေမှာလည်း ဉာဏ်ကျယ်လေးဖော်တို့ ဘယ်ဝေါဟာရတွေနဲ့ ပတ်သက်ပြီး ပြောပြဦးမလဲဆိုတာ အောက်က ဖက်ဒရယ်စနစ်အကြောင်းရှင်းပြတဲ့စာတွေထဲမှာ သဲလွန်စတွေ့နိုင်တယ်နော်။   

ဖက်ဒရယ်ဂျာနယ်

နိုဝင်ဘာ ၂၆၊ ၂၀၂၁

Related Articles

Back to top button